Ads (728x90)


Photo

သို့၊

သမ္မတကြီး ဦးသိန်းစိန်၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊

ရက်စွဲ၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်၊

အကြောင်းအရာ။ ။ လူနာအား တာဝန်ယူမှု မရှိသော ဦးနှောက်အာရုံကြောဆေးရုံမှ တာဝန်ကျ ဆရာဝန်များ ဆေးရုံအုပ်ကြီးနှင့် လက်ထောက် ဆေးရုံအုပ်ကြီးတို့အား အရေးယူပေးရန် တိုင်ကြားခြင်း

သမ္မတကြီးထံ ရိုသေလေးစားစွာဖြင့် အသက်ရှင်ခွင့်ကို ငြင်းပယ်ခံရခြင်း အကြောင်း တင်ပြအပ်ပါသည်။

ကနဦးကြိုတင် တင်ပြလိုသည်မှာ ကျွန်တော်များ အနေဖြင့် နစ်နာသူ လူနာရှင်၏ ဆွေမျိုးသားခြင်းများ မဟုတ်ပါ၊ ရပ်ကွက်အတွင်း အတူနေရာမှ ကလေး၏ အခြေအနေ မိဘများ၏ အခက်အခဲကို သိရှိသဖြင့် ကူညီပေးနေသူများ ဖြစ်ပါသည်။

ဖြစ်စဉ် မှာ
သန်လျင်မြို့နယ်၊ ဗိုလ်ချူပ်ကျေးရွာ၊ အေးသာယာရပ်ကွက်၊ တော်ဝင်ခြံ ၁၄ လမ်း၊ အမှတ် (I 15) နေ အသက် ၂၂ အရွယ်ရှိ မောင် မျိုးမြတ်လွင် (ခ) သူရ သည် လွန်ခဲ့သော ၈ လပိုင်း ၃ ရက်နေ့က သူ့သူငယ်ချင်း၂ ယောက်နဲ့အတူအလုပ်မှအပြန်
ရန်ကုန်မြို့ သာကေတ အနော်မာကျောက်တိုင် မှတ်တိုင်နား၌ လမ်းလျှောက်နေစဉ် အနောက်ဖက်မှ ကားဝင်တိုက်ခံခဲ့ရပါသည်။ တိုက်သော ကားကိုလည်း မမှတ်မိလိုက်ပါ။ ရန်ကုန်မြို့ရှိ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကု ဌါနတွင် ၃.၈.၂၀၁၃ မှ ၂၇.၈.၂၀၁၃ နေ့အထိ ကုသခဲ့ပြီးနောက် လူနာမှာ သတိမရပဲဖြစ်နေသဖြင့် ဆေးရုံမှ ဆရာဝန်များက ဆင်းခိုင်းခဲ့သဖြင့် လူနာကို အိမ်ပြန်ခေါ်လာခဲ့ရပါသည်။

ထိုသို့ ဆေးရုံတက်နေစဉ် အတောအတွင်း ကုန်ကျစရိတ်မရှိသဖြင့် လက်ရှိနေသော အိမ်လေးကိုပင် ပေါင်ပြီး သိန်း ၂၀ ခန့် အကုန်ခံပြီး ဆေးကုသခဲ့ခြင်း ဖြစ်ပါသည်။

အိမ်ပြန်ရောက်သော်လည်း လူနာမှာ သတိလည်းမရ နောက်ကျောရှိ အနာကြီးမှာလည်း ပိုမိုဆိုးရွားလာသဖြင့် ဖြစ်ရပ်မှန် သတင်းအား ၁၁ လပိုင်း ၁၈ ရက်နေ့တွင် Facebook မှတဆင့် ဓါတ်ပုံများနှင့်အတူ တင်ပေးခဲ့ပါသည်။ ထိုသို့ သတင်းတင်ပေးပြီးနောက် အွန်လိုင်းစေတနာရှင်များမှ သိရှိသွားကာ ဝေဒနာရှင် မျိုးမြတ်လွင် (ခ) သူရအား ကုသပေးရန်အတွက် ငွေလှူဒါန်းခဲ့ပါသည်။ ယနေ့အထိ အလှူငွေ ကျပ် ခြောက်သိန်းကိုးသောင်းကျပ်တိတိ လက်ခံရရှိခဲ့ပါသည်။ ထို့အပြင်စေတနာရှင် ဦးမျိုးမြင့် နှင့် ဦးမျိုးညီ တို့က လူနာအား ဆေးရုံတင်ပေးမည် ဆိုပါက ကုန်ကျငွေ အားလုံးအား ကုန်ကျခံပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းလာခဲ့ပါသည်။

ထိုအခြေအနေမှာ ဝေဒနာသည်မိသားစု မမျှော်လင့်နိုင်သော အခွင့်အရေး တစ်ခုဖြစ်သလို ဝေဒနာသည် မျိုးမြတ်လွင်(ခ)သူရ ပြန်လည် အသက်ရှင်ကျန်းမာလာနိုင်မည့် အခွင့်ကောင်းအဖြစ် အားလုံးက ရှုမြင်ခဲ့ကြပါသည်။

ကိုအခွင့်အရေးကို အမိအရ ဆုတ်ကိုင်နိုင်ရန် အတွက် ကျွန်တော်တို့ ကူညီပေးသူများနှင့် ဝေဒနာရှင်မိသားစုဝင်များသည် ယနေ့ (၂၀.၁၁.၂၀၁၃) ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လူနာအား အခမဲ့ လူနာတင်ယာဉ် လှူဒါန်းသော ရွှေဒါန ပရိတအဖွဲ့၏ လူနာတင်ယာဉ်ဖြင့် ယခင် တက်ရောက်ခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌါန သို့ သွားရောက်ခဲ့ပါသည်။

တာဝန်ကျ ဆရာဝန်မက ယခင် ကုသခဲ့သော ဆေးမှတ်တမ်းများကို ကြည့်ရှုပြီးနောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးနိုင်ခြင်းမရှိကြောင်း လူနာကို အိမ်သို့ ပြန်သယ်သွားရန် ညွန်ကြားခဲ့ပါသည်။

ကျွန်တော်တို့က ယခုထိ သတိမေ့နေပြီး ကျော၌ အနာကြီးပေါက်နေသော လူနာမှာ မဖြစ်မနေ ကုသမှု ခံယူရမည့် လူနာ ဖြစ်သည့်အပြင် စေတနာရှင်များ၏ အလှူငွေဖြင့် ကောင်းမွန်သော ဆေးဝါးများ ကျွမ်းကျင်သော ဆရာဝန်များဖြင့် ကုသနိုင်ရန် ခက်ခက်ခဲခဲ လာရောက်ခြင်းဖြစ်ကြောင်း၊ လူနာမှာ အများသိစေရန် အွန်လိုင်း တင်ပြထားသော လူနာတစ်ဦးလည်း ဖြစ်ကြောင်း ပြောပြသောအခါ “ဒါဆိုရင်တော့ ကျွန်မတို့ ခိုင်မာအောင်လုပ်မှရမယ်” ဟု ပြောပြီးနောက် ထိုဆေးရုံ၏ အကြီးအကဲ ဖြစ်သော ဒေါက်တာကြည်လှိုင် အားသွားရောက်တိုင်ပင်ပြီးနောက် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၀ါးတန်းလမ်းရှိ ကံကော် ပုဂ္ဂလိက ဆေးခန်းတွင် ဦးနှောက် ဓါတ်မှန်သွားရိုက်ပါဟု ညွန်ကြားလာပါသည်။

အဆိုပါ ညွန်ကြားချက်လေးတစ်ခုအတွက် ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် သတိမေ့ပြီး ကျောတွင် အနာကြီးပေါက်နေသော လူနာမှာ ဆေးရုံ ၀ရံတာတွင် ပက်လက်အနေအထားဖြင့် ၄ နာရီကြာအောင် စောင့်နေခဲ့ရပြီး “ဆေးရုံတင်တဲ့ လူနာမဟုတ်သည့်အတွက် ကုသပေးရန်မလို” ဟုလည်း ပြောကြားခြင်း ခံခဲ့ရပါသည်။

ကံကော်ဆေးခန်းတွင် ဦးနှောက်ဓါတ်မှန်ရိုက်ခဲ့ရာ ကျပ် ကိုးသောင်းငါးထောင် တိတိ ကုန်ကျခဲ့ပါသည်။ ထို ပုဂ္ဂလိက ဆေးရုံမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဌါန ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဦးဝင်းမြိုင် နှင့် ဒေါက်တာကြည်လှိုင်တို့ တာဝန်ယူ ကုသပေးနေသော ဆေးခန်း ဖြစ်နေပါသည်။

လူနာမှာ ကံ့ကော်ဆေးခန်းမှ ပေးလိုက်သော ဓါတ်မှန်အဖြေနှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်အာရုံကြောခွဲစိတ်ကုသဌါနသို့ ပြန်လာခဲ့ရာ တာဝန်ကျဆရာမက အဖြေကို ဖတ်၇ှုပြီးနောက် ဒေါက်တာကြည်လှိုင်နှင့် တိုင်ပင်ပြီး ဆေးရုံတွင် ကုသစရာလိုသော လူနာမဟုတ်ကြောင်း ဆုံးဖြတ်ပြီး နေအိမ်တွင်ပင် ကုသရန် လူနာကို ပြန်သယ်သွားရန် ပြောဆိုပါသည်။ ထိုအခါ ကျွန်တော်တို့က “အနက် ၂ လက်မ၊ အကျယ် ၄ လက်မခန့်ရှိ တင်ပါးဆုံနားမှ အနာကြီးကရော ကုသရန် မလိုဘူးလား” ဟု မေးရာ မိမိအိမ်မှာသာ ကုသပါဟု ထပ်မံ ပြောဆိုလာပါသည်။

လူနာသည် ပြည်သူ တစ်ယောက် ဖြစ်ကြောင်း ပြည်သူတစ်ယောက် မကျန်းမာသဖြင့် ပြည်သူ့ဆေးရုံသို့ အားကိုးတကြီး လာသည်ကို ဆေးရုံမှ နွေးထွေးစွာ မကြိုဆိုပဲ တာဝန်မဲ့စွာ ပြန်လွှတ်ခြင်း ဖြစ်တယ် ဟု ကျွန်တော်တို့က ပြောဆိုခဲ့ပါသည်။

ယခုအခါ လူနာရှင် မိသားစုဝင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားတို့မှာ လူနာအတွက် အကုန်အကျခံပေးမည့် အလှူရှင်လည်းရှိပါလျှက်၊ နိုင်ငံတော်က တည်ဆောက်ပေးထားသော ဆေးရုံကြီးလည်း ရှိပါလျှက်၊ နိုင်ငံတော်မှ ခန့်အပ်ထားသော ဆရာဝန်ကြီးငယ်လတ်များလည်း ရှိပါလျှက် ဆေးကုသခွင့် ငြင်းပယ်ခံခဲ့သည်မှာ အသက်ရှင်ခွင့်ကို ငြင်းပယ်ခံရခြင်းပင် ဖြစ်သည်ဟုပင် ခံစားနေရကြရပါသည်။

ဆေးရုံက ညွန်ကြားသည့်အတိုင်း နေအိမ်တွင်သာ ကုသပါက မကြာမီ သေဆုံးမည့် လူနာဖြစ်ကြောင်း ဓါတ်ပုံများကြည့်ပြီး သမ္မတကြီး ခန့်မှန်းနိုင်ပါမည်။

အဆိုပါ လူနာမှာ အရာရှိကြီးတစ်ဦးဦး၏ သားသမီးသာဖြစ်မည်ဆိုပါလျှင် အဆိုပါ ဆေးရုံမှ ဆရာဝန်များက ယခုကဲ့သို့ အိမ်ကို ပြန်လွှတ်မည်မဟုတ်ဟု ကျွန်တော်တို့ ရဲရဲကြီး ပြောရဲပါသည်။

သမ္မတကြီးခင်ဗျား..

သာမန်ပြည်သူများအကြား အလားတူ ခွဲခြားဆက်ဆံသည့် အခြေအနေမျိုး နောက်နောင် မဖြစ်ပေါ်လာစေရေးအတွက်၎င်း မလိုလားအပ်ပဲ အပြစ်မဲ့ ပြည်သူတစ်ဦး၏ အသက်တစ်ချောင်းမဆုံးရှုံးစေရန်အတွက်လည်းကောင်း ယခုကိစ္စနှင့် ပတ်သက်ပြီး
သက်ဆိုင်သူများ အားလုံးကို အရေးယူပေးပါရန် တင်ပြလျှောက်ထားအပ်ပါသည် ခင်ဗျား…

ရိုသေလေးစားစွာဖြင့်၊

ဦးဇော်လွင်ဝင်း
၅/အတန(နိုင်)၀၀၀၅၉၃
ကျောင်းလမ်း၊ ဘုရားကုန်ရပ်ကွက်၊ သန်လျင်မြို့နယ်၊

ဦးစည်သူ
၅/အတန(နိုင်)၀၂၆၆၉၂
ဗိုလ်ချူပ်ကျေးရွာ၊ အေးသာယာရပ်ကွက်၊ တော်ဝင်ခြံ ၁၄ လမ်း၊

ဦးအောင်ကြည်သိန်း
၁၂/ဗတထ(နိုင်)၀၀၆၃၂၈
ဗိုလ်ချူပ်ကျေးရွာ၊ အေးသာယာရပ်ကွက်၊ တော်ဝင်ခြံ ၁၄ လမ်း၊

ဆက်သွယ်ရန် ဖုန်းနံပါတ်များ..
၀၉၂၅၀၃၄၇၃၂၆
၀၉၂၅၀၁၄၀၁၀၄ —
Click Here To >>>  (11 photos)
 
လူစိတ်မရှိကြဘူးထင်တယ် နှလုံးမလှလိုက်တဲ့ ဆရာဝန်တွေ >.< တတ်နိုင်တဲ့ ဘက်က ကူညီပေးကြပါဦး U Bo Htun Yemin Htun Ye Myo Hein U Sai မယ် ပိုး Rango Black U Naing Gyi Udp Myanmar o.O
Options

Zaw Lwin Win added 11 photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...