Ads (728x90)


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မြန်မာနှင့် အင်ဒိုနီးရှား ပွဲစဉ် လက်မှတ် ၀ယ်ယူထားသော ပရိသတ် များအတွက် လက်မှတ်ခ ငွေများအား ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် (၉း၀၀)နာရီမှ စတင်ကာ မန္တလေးမြို့ မြန်မာ ဘောလုံး အကယ်ဒမီတွင် ပြန်လည် ပေးအပ်သွား မည်ဖြစ်ပြီး အဆိုပါ လက်မှတ်ဖြင့်ပင် ဒီဇင်ဘာ ၁၃ ရက်နေ့ ပွဲစဉ်ဖြစ်သည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ် အသင်းတို့ ပွဲစဉ်ကိုလည်း အခမဲ့ ၀င်ရောက် ကြည့်ရှုခွင့် ပြုသွားမည်ဖြစ်သည်။
အင်ဒိုနီးရှား အမျိုးသမီး အသင်း မလာရောက် နိုင်သဖြင့် ပွဲစဉ် ပြောင်းလဲရခြင်းကြောင့်စိတ် အနှောက်အယှက် ဖြစ်ခဲ့ရသော မြန်မာ့ ဘောလုံးချစ် ပရိသတ်များ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အနှုးညွတ် တောင်းပန်အပ်ပါသည်။ ပရိသတ်များ အနေဖြင့် လက်မှတ် ၀ယ်ယူရာတွင် ခက်ခက်ခဲခဲ အပင်ပန်းခံ ၀ယ်ယူ ခဲ့ရသည်ကို သိရှိနားလည် ပါသည်။ မြန်မာအသင်းကို အားပေးမည့်စိတ် တစ်ခုတည်းနှင့် နေပူခံ၊ အပင်ပန်းခံ စောင့်ဆိုင်း ၀ယ်ယူ နေရသည်ကို တွေ့မြင် နေရပါသည်။ မျိုးချစ်စိတ် အပြည့်ဖြင့် အားပေးကြမည့် ပရိသတ်များ အတွက် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းမှလည်း နိုင်ပွဲများ ရယူပြီး ပရိသတ်အား ပြန်လည် ပေးဆပ်သွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာ အမျိုးသမီး အသင်း ပွဲစဉ်များအား ဆက်လက် အားပေးရန် ဖိတ်ခေါ်ပါကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ လေးစားစွာဖြင့် ပရိသတ်များအား လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းသည် ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(က) အဖွင့် ပွဲစဉ်အဖြစ် မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ (၄)နာရီတွင် ဖိလစ်ပိုင် အမျိုးသမီး အသင်းနှင့် ယှဉ် ပြိုင် ကစားမည်ဖြစ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...