Ads (728x90)

ဦးနှောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တရုတ်လူမျိုး အမျိုးသားတစ်ဦး နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် မိခင်ဖြစ်သူ၏ လှောင်အိမ်အတွင်း ပိတ်ထားခြင်းခံရ..
=======================================

ငယ်စဉ်က ဦးနှောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တရုတ်လူမျိုး အမျိုးသားတစ်ဦးသည် နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် မိခင်ဖြစ်သူ၏ လှောင်အိမ်အတွင်း ပိတ်ထားခြင်းခံရကြောင်း ဒေးလီးမေးလ် သတင်းစာအရ သိရသည်။

ယခုအခါ အသက် ၄၈ နှစ် အရွယ်ရှိ Peng Weiqing သည် တရုတ်နိုင်ငံ အလယ်ပိုင်း Zhenghou မြို့တော်တွင် အသက် ၆ နှစ်သားအရွယ်ကတည်းက မိခင်ဖြစ်သူ Weimei ဆိုသူ အမျိုးသမီးကြီး၏ပိတ်လှောင်မှု ခံခဲ့ရခြင်း ဖြစ်သည်။ 

မိခင်ဖြစ်သူက သူ၏ သားငယ်လေးသည် ဦးနှောက်ကျပ်မပြည့်သူ ဖြစ်သဖြင့် မိမိကိုယ် မိမိ အသက် အန္တရာယ်ပေးတတ်သူ ဖြစ်သည်ဟု ယုံကြည်သဖြင့် သူ၏ သားငယ်ကို ကာကွယ်သည့် သဘောဖြင့် ယခုကဲ့သို့ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမကိုယ်တိုင် အသက်အရွယ်ကြီးရင့်လာသောအခါ သူမ သေဆုံးချိန်၌ သူမ၏ ကလေးငယ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မမြင်တွေ့ပဲ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ဖေါ်ခဲ့ခြင်း ဖြစ်သည်။

Peng Weiqing သည်ငယ်စဉ်က ကိုယ်ပူလွန်ကဲရာမှ ဦးနှောက်ထိခိုက်မှု ဖြစ်ပွါးခဲ့ခြင်းကြောင့် ကျပ်မပြည့်သူ တစ်ဦးဖြစ်သွားခဲ့ခြင်း ဖြစ်ကြောင်းလဲ သိရသည်။

(ဇော်လွင်ဝင်း)

သို့သော်လည်း သူမကိုယ်တိုင် အသက်အရွယ်ကြီးရင့်လာသောအခါ ၄င်း သေဆုံးချိန်၌ သူမလှောင်ချိုင့်ထဲ ထည့်ထားသော အဆိုပါ ကလေးငယ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မမြင်တွေ့ပဲ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ဖေါ်ခဲ့ခြင်း ဖြစ်သည်။

Peng Weiqing သည်ငယ်စဉ်က ကိုယ်ပူလွန်ကဲရာမှ ဦးနှောက်ထိခိုက်မှု ဖြစ်ပွါးခဲ့ခြင်းကြောင့် ကျပ်မပြည့်သူ တစ်ဦးဖြစ်သွားခဲ့ခြင်း ဖြစ်ကြောင်းလဲ သိရသည်။

(ဇော်လွင်ဝင်း)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...