အမှုထိမ်ချန်ထားသူ အစ္စမာ ဘင်လာဒင် မိုဟာမက် အဒူ ဟာဂျီဆပ် ထွန်းဝေ ယာဉ်တိုက်မှု
ယာဉ်တိုက်မှု ဖြစ်စဉ်မှာ
၅.၁၁.၂၀၁၃ - နေ့ နံနက် ၈း၃၀ အချိန်ခန့် ဇီးဖြူကုန်းကျေးရွာနေ (ဘ) ဦးဝင်းဇော် ၏ သမီး မမိုးမိုးဇော် သည်
ရှေ့ဆောင်ဘဏ် တွင် တာဝန်ထမ်းဆောင်ရန် လာစဉ် သံတွဲမြို့ငါးဦးစီးရုံး အကွေ့အရောက်တွင် တဖက်မှ လာသည့်
သံတွဲခရိုင် အုပ်ချုပ်ရေးမှုးဦးထွန်းဝေ ကိုယ်တိုင်မောင်းနှင်လာသော ယာဉ်အမှတ် 4F/8128 သည် လမ်းကြောင်းမှား
ပြီး မမိုးမိုးဇော်၏ ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် အရှိန်ပြင်းစွာ ၀င်တိုက်မိသော မှုခင်းတရပ် ဖြစ်ပွါးခဲ့ပါသည် ။
ဆိုင်ကယ်မှာ ဓါတ်ပုံပါအတိုင်း လုံးဝ ပျက်စီးသွားပြီး မမိုးမိုးဇော်မှာ ပေ ( ၂၀ ) ခန့် လွင့်စင်သွား၍ ရင်ဘတ် နှင့်
ခြေထောက်တို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆေးရုံမှ ၀န်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည် ။
ဦးထွန်းဝေမှ ယာဉ်တိုက်မှုကိစ္စအား သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းမရှိပဲ လူနာအား ရဲဆေးစာ မပါပဲ
သံတွဲဆေးရုံတွင် ကုသဖို့ စီမံခဲ့ကြောင်း သိရှိရပါသည် ။
ကားဖြင့် အတိုက်ခံရပြီး ဒဏ်ရာရရှိခဲ့သည့် မမိုးမိုးဇော် နှင့် မိသားစု အား ရာထူးအရှိန်ပါဝါ ဖြင့် ခြိမ်းချောက်
၍ အမှုအား ကျေအေးပေးရန် နှင့် ပျက်စီးသွားသော ဆိုင်ကယ်အား ပြုပြင်ပေးပါမည့်အကြောင်းနှင့်
ဆေးကုသစရိတ်ထောက်ပေးမည်ဟု စည်းရုံးကာ ကျေအေးမှုလည်း ရယူနိုင်ခဲ့ပါသည် ။
ပျက်စီးသွားခဲ့သော ဆိုင်ကယ် အား မည်သည့်နေရာသို့ သယ်ယူထားရှိကြောင်းကိုလည်း မသိရပါ ။
ဥပဒေကို ကျောခိုင်းကာ သက်သေခံ ပစ္စည်း ကို ဖျောက်ဖျက် ထားကြောင်း သိရှိရပါသည် ။
ဦးထွန်းဝေ မောင်းလာသော 4F/8128 ယာဉ်၏ ပွန်းပဲ့ ရှနာ ဒဏ်ရာများကို ပြင်ဆင်ရန် အလို့ငှါ
ဦးမောင်မောင်ခင် ၀ပ်ရှော့ ( ဗောဓိကုန်း) ထံသို့ အပ်နှံထားကြောင်း သိရှိရပါသည် ။
ခရိုင်အုပ်ချုပ်ရေးမှုး ဦးထွန်းဝေ မှာ ယာဉ်မောင်းကျွမ်းကျင်သူ တဦး မဟုတ်သည့် အပြင် ယာဉ်မောင်းလိုင်စင်
မရှိကြောင်းကိုလည်း စုံစမ်း သိရှိရပါသည် ။
သံတွဲမြို့တွင် ခရိုင်အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်စဉ် ယာဉ်တိုက်မှု ခဏခဏ ဖြစ်လျှက်ရှိသည်ကို
မြို့ခံလူထု သိရှိနေကြပါသည် ။
ယ္ခု ယာဉ်တိုက်မှု မှာ အလွန် အကျည်းတန် အရုပ်ဆိုးလွန်းသဖြင့် ဦးထွန်းဝေ အား ဥပဒေနှင့်အညီ အရေးယူ
ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အကြီးအကဲ များအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ လိုအပ်သလို အပြစ်ပေး
သင့်ပါကြောင်း သတင်းရေးသားလိုက်ရပါသည် ။
၅.၁၁.၂၀၁၃ နေ့တွင်ဖြစ်ပွါးခဲ့သော ယာဉ်တိုက်မှုမှာ ယနေ့ ၇.၁၁.၂၀၁၃ နေ့အထိ ရဲစခန်းတွင် အမှုဖွင့်ခြင်း
လုံးဝ မရှိသေးပါ ။
ထို့ကြောင့် ဥပဒေ၏ အထက်တွင် ဦးထွန်းဝေ ရှိနေပါသလား ဟူ၍ သက်ဆိုင်ရာ အကြီးအကဲများအား
မေးခွန်းထုတ်စရာ ရှိလာပေတော့သည်တကား ။
++++++++++++++++++++++++++++++++
သတင်းပေးပို့သူ-- သံတွဲသား
----------------------
Source- https://www.facebook.com/ht00myanmar?hc_location=timeline
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။