Ads (728x90)

Yangon Times
    မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် မြန်မာနိုင်ငံ သားများ မြန်မာအစိုးရ၏ အကူအညီမျှော်
========================================

ရန်ကုန် ၊အောက်တိုဘာ ၁၁ ။ ။ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစ ခန်းများတွင်ကျန်ရှိနေသည့် မြန်မာ အလုပ်သမားများ အစိုးရ၏ အကူ အညီပေးခြင်းကို လိုအပ်လျက်ရှိ ကြောင်း မလေးရှားနိုင်ငံမှ အောက် တိုဘာ ၈ရက်က ပြန်လည်ရောက် ရှိလာသည့် အလုပ်သမားများထံ မှသိရသည်။

မလေးရှားနိုင်ငံသို့ တရားမ ဝင်သွားရောက်အလုပ်လုပ်ကိုင် ခြင်းကြောင့် အဖမ်းခံရသည့်အ လုပ်သမားများ၊ ပြည်ပအလုပ်အ ကိုင် ရှာဖွေရေးအေဂျင်စီ များ၏ လိမ်လည်ခြင်းကိုခံရ၍ ရောက်ရှိ ကာ အဖမ်းဆီးခံရသည့်အလုပ် သမားများနှင့် မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက် ရှိနေကာ ဒုက္ခရောက်နေ သည့် အလုပ်သမားများစွာရှိနေ ကြောင်း၊ ယင်းအလုပ်သမားများ သည် မလေးရှားနိုင်ငံတွင် အော် ပါရဇီဖမ်း ဆီးခြင်းကြောင့် မလေး ရှားအကျဉ်းထောင်များမှတစ်ဆင့် ထိန်းသိမ်းရေး စခန်းများ တွင် ထိန်း သိမ်းထားခြင်းခံနေရကြောင်းသိ ရသည်။

မလေးရှားနိုင်ငံသို့ တရား မဝင်သွားရောက်၍ အော်ပါရာဇီ ဖမ်းဆီးခံခဲ့ရသည့် ဦးသူရိန်က ''ကျွန်တော်ကတော့ မလေးရှား နိုင်ငံရဲ့ မလက္ကာထိန်းသိမ်းရေးစ ခန်းမှာ အထိန်းသိမ်းခံခဲ့ရပြီးတော့ သီတဂူရဲ့အကူအညီနဲ့ ပြန်ရောက် လာခဲ့တာပါ။ ကျွန်တော့်လိုပဲအ ကူအညီကိုစောင့်မျှော်နေတဲ့အ လုပ်သမားတွေ အများကြီးကျန် နေပါတယ်။ အဲဒီအလုပ်သမား တွေကလဲ အစိုးရဒါမှမဟုတ် အ ဖွဲ့အစည်းတွေ့ရဲ့အကူအညီ ကို မျှော်နေပါ တယ်''ဟု ပြောသည်။ဇာခြည်လှိုင်

သတင်းအပြည့်အစုံသို့=>http://goo.gl/yC4rrl

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...