
***************************************
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော တရားမဝင်နေထိုင်သူများသည်
ကြိမ်ဒဏ်၊ ထောင်ဒဏ် ကျခံပြီးမှသာ မလေးရှား အာဏာပိုင်များမှ
မိခင်နိုင်ငံသို့  ပြန်လည်ပို့ ဆောင်ပေးမည်ဖြစ်ပါသည်။
သို့ ရာတွင် သက်ဆိုင်ရာ သံရုံးမှ အဖမ်းခံရသူအတွက် စီအိုင်ခေါ်
ကိုယ်ရေးအကျဉ်းနှင့် လေယာဉ်လက်မှတ်ကို ပြသ၍ ထိန်းသိမ်းထားသော
လဝက စခန်းတွင် "အခမဲ့" လာရောက်ရွေးထုတ်ကာ မိခင်နိုင်ငံသို့ 
အလွယ်တကူ ပြန်ပို့ ပေးနိုင်ပါကြောင်း၊ ဆိုင်ရာ သံရုံးအသီးသီးမှလည်း
ထိုသို့ ပြန်လည်ပို့ ဆောင်ပေးနေပါကြောင်း မလေးရှား လဝကမှ
တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာသံရုံးအနေဖြင့် စီအိုင်များကို အခမဲ့ အမြန်ဆုံး ထုတ်ပေးသင့်ပါသည်။
ထုတ်လည်း ထုတ်ပေးနိုင်ပါသည်။ လေယာဉ်လက်မှတ်များလည်း
သံရုံးမှ တာဝန်ရှိသူများထံတွင် ရှိနေပါသေးသည်။ ၆လပိုင်းက
လက်ခံထားသော အလှူငွေများလည်း များစွာ ကျန်နေပါသေးသည်။
ယခုအချိန်တွင်မှ မိမိနိုင်ငံသားများအတွက် မကူညီချင်သေးဘူး ဆိုပါလျှင်
ယင်းသံရုံးကို အပြီးတိုင် ပိတ်ပစ်သင့်ပါပြီ။
ယခုစတေးတပ်ကို ရှယ်ခြင်းဖြင့် မလေးရှားမှ မြန်မာများကို ကူညီပါ။
(သတင်းအချက်အလက်ကို နီလိုင်းဒီပို့ မှ ရယူပါသည်။)
Qing Qing Minya


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။