Ads (728x90)

  1. Photo: မလေးရှားတွင် ဖမ်းဆီးခံမြန်မာများကို နိုင်ငံသားစိစစ်ပြီး နေရပ်ပြန်ခေါ်မည်

05-09-2013

အော်ပရာစီအမည်ရ တရားမဝင်နိုင်ငံခြားသား များကို ဖမ်းဆီးနေသည့် စစ်ဆင်ရေးတွင် ဖမ်းဆီးခံရသည့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများကို မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီးလျှင် နေရပ် ပြန်ခေါ်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံသားဟုဆိုကာ ဖမ်းဆီးထိန်းသိမ်း ခံရသူများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် စိစစ်ကာ ၄င်းတို့အနက် အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်သူများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် ဆောင်ရွက်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သိရှိရကြောင်း ၄င်းက ဆိုသည်။

သုံးလကြာ စစ်ဆင်ရေးပြုလုပ်မည့် တရားမဝင်နိုင်ငံခြားသား များကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက် နေ့တွင် စတင်ခဲ့ပြီး မြန်မာလုပ်သား ၅၇၉ ဦးအပါအဝင် နိုင်ငံခြားသား ၂၅၈၆ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းစာက စက်တင်ဘာလ ၄ရက်နေ့တွင် ဖော်ပြသည်။

ကွာလာလမ်ပူမြို့ရှိ စက်မှုဇုန်လေးခုတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဂျိုးဟိုး၊ ပီနန်းအပါအဝင် တရားမဝင် နိုင်ငံခြားသားများ နေထိုင်သည့် နေရာများတွင် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြီး က ပြောကြားသည်။
"ညမှာ ပိုကြမ်းမယ်လို့ကြားတယ်" ဟု ၄င်းက ဆိုသည်။

တရားမဝင်နိုင်ငံခြားသား များကို စတင်ဖမ်းဆီးနေသဖြင့် တရုတ်လုပ်ငန်းရှင် များက တရားမဝင် အလုပ်သမားများကို အလုပ်ဖြုတ်လိုက်ရာ တရားမဝင် မြန်မာအချို့ လုံခြုံနိုင်မည့် နေရာများတွင်
ပုန်းအောင်းနေရကြောင်း ဦးအောင်ကြီးက ထပ်မံပြောဆိုသည်။

အော်ပရာစီစီမံချက်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ပြောကြားကြသည်။

မလေးရှားနိုင်ငံရောက် မြန်မာ လုပ်သားများအရေးကို နှစ်နိုင်ငံညှိနှိုင်း ဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဆောင်ပြီး နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ ဝန်းကျင်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

အော်ပရာစီဝင်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု၌ သေနတ်ဖြင့် ချိန်ရွယ်ထားသည့် ဖြစ်ရပ်နှင့် ကြုံတွေ့ ခဲ့ရကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။

ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသားလေးသိန်းကို ဖမ်းဆီးသွားမည် ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကို ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်းထားကြောင်း၊ ယင်းစီမံချက်ကို အကောင်အထည် ဖော်ရန် လူဝင်မှုကြီးကြပ်ရေးက
ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအဝင်အင်အား ၁၃၅၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်သည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းသည့်အပြင် ၄င်းတို့ကို
အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

The Voice Weekly

  2. အော်ပရာစီအမည်ရ တရားမဝင်နိုင်ငံခြားသား များကို ဖမ်းဆီးနေသည့် စစ်ဆင်ရေးတွင် ဖမ်းဆီးခံရသည့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများကို မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီးလျှင် နေရပ် ပြန်ခေါ်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

    မြန်မာနိုင်ငံသားဟုဆိုကာ ဖမ်းဆီးထိန်းသိမ်း ခံရသူများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် စိစစ်ကာ ၄င်းတို့အနက် အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်သူများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် ဆောင်ရွက်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သိရှိရကြောင်း ၄င်းက ဆိုသည်။

    သုံးလကြာ စစ်ဆင်ရေးပြုလုပ်မည့် တရားမဝင်နိုင်ငံခြားသား များကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက် နေ့တွင် စတင်ခဲ့ပြီး မြန်မာလုပ်သား ၅၇၉ ဦးအပါအဝင် နိုင်ငံခြားသား ၂၅၈၆ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းစာက စက်တင်ဘာလ ၄ရက်နေ့တွင် ဖော်ပြသည်။

    ကွာလာလမ်ပူမြို့ရှိ စက်မှုဇုန်လေးခုတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဂျိုးဟိုး၊ ပီနန်းအပါအဝင် တရားမဝင် နိုင်ငံခြားသားများ နေထိုင်သည့် နေရာများတွင် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြီး က ပြောကြားသည်။
    "ညမှာ ပိုကြမ်းမယ်လို့ကြားတယ်" ဟု ၄င်းက ဆိုသည်။

    တရားမဝင်နိုင်ငံခြားသား များကို စတင်ဖမ်းဆီးနေသဖြင့် တရုတ်လုပ်ငန်းရှင် များက တရားမဝင် အလုပ်သမားများကို အလုပ်ဖြုတ်လိုက်ရာ တရားမဝင် မြန်မာအချို့ လုံခြုံနိုင်မည့် နေရာများတွင်
    ပုန်းအောင်းနေရကြောင်း ဦးအောင်ကြီးက ထပ်မံပြောဆိုသည်။

    အော်ပရာစီစီမံချက်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ပြောကြားကြသည်။

    မလေးရှားနိုင်ငံရောက် မြန်မာ လုပ်သားများအရေးကို နှစ်နိုင်ငံညှိနှိုင်း ဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဆောင်ပြီး နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ ဝန်းကျင်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

    အော်ပရာစီဝင်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု၌ သေနတ်ဖြင့် ချိန်ရွယ်ထားသည့် ဖြစ်ရပ်နှင့် ကြုံတွေ့ ခဲ့ရကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။

    ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသားလေးသိန်းကို ဖမ်းဆီးသွားမည် ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကို ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်းထားကြောင်း၊ ယင်းစီမံချက်ကို အကောင်အထည် ဖော်ရန် လူဝင်မှုကြီးကြပ်ရေးက
    ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအဝင်အင်အား ၁၃၅၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်သည်။

    တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းသည့်အပြင် ၄င်းတို့ကို
    အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

    The Voice Weekly
    By :

    Chit Thu Sky

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...