Ads (728x90)



ဒေါ်အောင်ဆန်းစုကြည် နှင့် အမြင်တူခြင်း နှင့် ကွဲလွဲခြင်းကိစ္စ
(((ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ခရိုနီပုံစံသုံးမျိုးမှာ \ ထမင်းလုပ်လုတဲ့ခရိုနီထံကပဲ ပြန်တောင်းနေတာပါ မတောင်းရင်လည်း မွဲသေပါတော့မယ် ။))))
ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များနှင့် တွေ့ဆုံသည့်တစ်ခုသော အခါသမယမှာ အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း အဓိပ်ပါယ်ရှိတဲ့စကာားကို ပြောဆိုခဲ့ပါတယ် ။

(၁) အမေရိကန် နိုင်ငံမှာ တစ်ချိန်က လူဝါးဝခဲ့သူ အရင်းရှင်တွေရဲ့ ကျေးဇူးကို နှောင်းလူတွေခံစားရကြောင်း ထိုလူတွေဟာနာမည်ကျော်လူမှုရေးသမားကြီးတွေဖြစ်လာကြောင်း
(၂) လူဟာ အမြဲတမ်းမမှန် အမြဲတမ်းမမှား နိုင်ကြောင်း ခရိုနီတွေ NLD ကို ငွေလှူတာ - လူမှုရေးလုပ်ငန်းတွေမှာ ၀င်ပါတာကောင်းကြောင်း ၊ ပြုပြင်ခွင့်ပေးဖို့လိုကြောင်း
(၃) နိုင်ငံရေးလုပ်တယ်ဆိုတာ အာဃာတကို အခြေခံလုပ်ရတာမဟုတ်ကြောင်း
ဆိုတဲ့အချက် သုံးချက်ထွက်ပေါ်လာပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပါစကားတွေကို လေးလေးနက်နက် ထောက်ခံကန့်ကွက်ဆန်းစစ်ဖို့လိုပါတယ် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် မတိုင်မီ - ၁၉၈၈ အာဏာသိမ်းစဉ် ကနဦးကတည်းက အလံနီသခင်စိုး ကြီးရဲ့ နိုင်ငံရေးသဘောတရားကျမ်းတွေရှိခဲ့ပါတယ် ။ အခု သခင်စိုးရဲ့ သား ခင်မောင်စိုး ဆီမှာ အဲဒီစာတွေ အတိအလင်း လေ့လာဖတ်ရှုနိုင်ပါတယ် ။ မြန်မာ ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးသဘောတရားအရ အားနည်းခဲ့တာအမှန်ပါဘဲ - အလံနီသခင်စိုးကြီးကတော့ - မြန်မာပြည်ကို လွတ်လပ်ရေး စစ်ကြောင်း ၀င်စဉ်ကတည်းက စစ်ရေးခေါင်းဆောင် သခင်အောင်ဆန်း - နိုင်ငံရေးခေါင်းဆောင် သခင်စိုး ဆိုတဲ့သမိုင်းနဲ့ ပုဂ္ဂိုလ်ကြီးပါဘဲ -
အဲဒါကြောင့် ဦးနေ၀င်းအပါအ၀င် အာဏာသိမ်းစစစ်တပ်ဟာ - သခင်စိုးကြီးကို - ဆရာတင်ခဲ့တာလည်းဖြစ်ပါတယ် ။ သခင်စိုးရဲ့ - နိုင်ငံရေးသိပ်ပံကျမ်းတွေမှာ အာဏာသိမ်းစစ် ခေါင်းဆောင်တွေ သည်းချေကြိုက်ဖြစ်လို့ရတဲ့ သီအိုရီတစ်ခု ပါလာပါတယ် အဲဒါကတော့ -
အင်အားကြီးမားတဲ့ နိုင်ငံခြားသားအရင်းရှင်ကို အံတုယှဉ်ပြိုင်နိုင်ဖို့
ပြည်တွင်းအရင်းရှင်အင်အားတောင့်တင်းဖို့လိုတယ် - အဲဒါကြောင့် - ပြည်တွင်းအရင်းရှင်တွေကို အစိုးရကျောထောက်နောက်ခံပေးမွေးမြူ ရမယ်လို့ သခင်စိုးရဲ့ သီအိုရီကဆိုပါတယ် ။
သီအိုရီကိုသက်သေပြဖို့အတွက် - သခင်စိုးက အမေရိကန် အရင်းရှင်တွေကိုထောက်ပြခဲ့ပါတယ် ။
အဲဒီသီအိုရီကို ဗမာဗိုလ်ချုပ်တွေ သက်ဝင်ယုံကြည်မှုရှိတယ်မရှိဘူးက အရေးမကြီးပါဘူး - ဒါပေမဲ့ စားကွက်ချောင်တာကတော့အမှန်ပါဘဲ - အနည်းအပါး လုပ်နိုင်ကိုင်နိုင် တပည့်ခံမဲ့ စီးပွါးရေးသမား တွေကို အာဏာနဲ့ ကာကွယ်ပေးလို့ မိုနိုပိုလီလုပ်ပေးလိုက်ခြင်းဖြင့် ဗမာဗိုလ်ချုပ်မိသားစုတွေကော ခရိုနီတွေပါ အတော်အဆင်ပြေတဲ့ စီးပွါးရေးပုံစံပေါ်လာပါတယ် ။
NLD အဆိပ် ငယ်ထိပ်တက်နေတဲ့ မြန်မာ့ နိုင်ငံရေးသမားတွေဟာ အလံနီ ပါတီ သခင်စိုးရဲ့ တပည့် သုံးယောက် ပါတီ သုံးခု ပေါ်လာတာကို မသိကြပါဘူး ။ ပါတီမပေါ်ခင်ကတည်းက စကော်လားဂရုအနေနဲ့ အလွန်ကောင်းတဲ့ လော်ဘီတွေဖြစ်နေတာကိုလည်း သတိမထားခဲ့ပါဘူး ။
အခု ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားကို ဆန်းစစ်ဖို့လိုလာပါပြီ ။
ဆန်းစစ်ပြီ -
(၁) အမေရိကန် နိုင်ငံမှာ တစ်ချိန်က လူဝါးဝခဲ့သူ အရင်းရှင်တွေရဲ့ ကျေးဇူးကို နှောင်းလူတွေခံစားရကြောင်း ထိုလူတွေဟာနာမည်ကျော်လူမှုရေးသမားကြီးတွေဖြစ်လာကြောင်း ( ဆိုတာကို ဆန်းစစ်ခြင်း )

မတူပါဘူး - အမေရိကန် ဘိုးဘေးတွေဟာ အင်ဒီဗီဂျူရယ် သမားတွေဖြစ်ခဲ့ပါတယ် ။ ကိုလံဘတ်ရှာတွေ့ခဲ့တဲ့ အမေရိကတိုက်ကို စွန့်စားသွားနေထိုင်ကြတဲ့သူတွေ - အင်္ဂလန် ပေါ်တူဂီပြင်သစ် အစိုးရတွေ မနိုင်တဲ့ အစိုးရလက်လန် ဖိုက်တာကြီးတွေ ကောင်းဘွိုင်ကြီးတွေ ဖြစ်ပါတယ် ။
နောက်ပြီးသူတို့ဟာ - မြေယာ ပရိုဒတ်ရှင်း ကို အခြေစိုက်ပြီး ခပ်မိုက်မိုက်နေခဲ့ကြတာပါ - ဗမာ ခရိုနီတွေလို ဆင်ခြေဖုံးက လယ်ချောတွေကို သိမ်းပြီး ဆင့်လီးခွေးမျှော်တွေမဟုတ်ပါဘူး ။
မြေပွဲစားတွေမဟုတ်ပါဘူး ။ အစိုးရ ရဲ့ နို့သက်ခံစို့ဖို့ အာဏာရင်နို့သောက်စို့ဖို့သာ မျှော်ကိုးနေတဲ့ ခရိုနီဖျင်း ခရိုနီညံ့တွေမဟုတ်ပါဘူး ။ အမေရိကန်ဘိုးဘေးတွေဟာ လူသူအရောက်ပေါက်မရှိတဲ့ ရက်အင်ဒီယန်း ဒေသမှာ အစိုးရတိုင်းကို တော်လှန်နေတဲ့ လူဆိုးကြီးတွေစုနေတာပါ ။ ဗမာခရိုနီတွေလို အစိုးရ ပေးစာကမ်းစာ အာဏာနို့သက်ခံ လူဖျင်းတွေမဟုတ်ဘူး အမေရိကန်ဘိုးဘေးတွေဟာ လူမိုက်တွေပါဗျ ။

(၂) လူဟာ အမြဲတမ်းမမှန် အမြဲတမ်းမမှား နိုင်ကြောင်း ခရိုနီတွေ NLD ကို ငွေလှူတာ - လူမှုရေးလုပ်ငန်းတွေမှာ ၀င်ပါတာကောင်းကြောင်း ၊ ပြုပြင်ခွင့်ပေးဖို့လိုကြောင်း ( ဆန်းစစ်ခြင်း )

ကျနော်တို့ လူထုနိုင်ငံရေးသမားတွေဟာ ခရိုနီတွေကိုမမုန်းပါဘူး ။ သူတို့ သမီးတွေနဲ့ပေးစားရင် ယူဖို့အသင့်ပါဘဲ ။ အခုခက်နေတာက ခရိုနီတွေဟာ အမှန်တကယ် နစ်နာသူကုစားရေးကို အာရုံမစိုက်ချင်ဘဲ
သြဇာရှိသူ ၊ အာဏာရှိသူတွေကို ထပ်ကပ်လို့ နောက်ထပ် အနီအပါဝါ ထပ်တိုးဖို့ ကြံနေတာဘဲဖြစ်ပါတယ်ဗျ ။
ခရိုနီဆိုတာ ဘုရားတည်ကျောင်းဆောက် ရေဘေးလှူတာကို ဘန်းပြပြီး အခြားအခွင့်အရေးလုပ်ပိုင်ခွင့်ကိုယူတာဖြစ်ပါတယ် ။ လယ်ပယ်ပလေးဂရောင်းမှာ သာမာန်ပြည်သူနဲ့ ယှဉ်နိုင်တဲ့သူ ယှဉ်ရဲတဲ့သူမဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ ။

(၃) နိုင်ငံရေးလုပ်တယ်ဆိုတာ အာဃာတကို အခြေခံလုပ်ရတာမဟုတ်ကြောင်း
အာဃာတကို လုံးဝ အခြေခံသူ သက်ကြားအိုနိုင်ငံရေးသမားကြီးတွေရှိကောင်းရှိပေမဲ့ ကျနော်အပါအ၀င် အချှို့ လူငယ်နိုင်ငံရေးသမားတွေက ဘာအာဃတမှမရှိပါဘူး ။ နိုင်ငံရေးကြောင့်လည်း ဘ၀ မအပျက်ခဲ့ရပါဘူး မနစ်နာခဲ့ရပါဘူး အာဃာတ ထားစရာ နေရာကို မရှိပါဘူး ။

ခရိုနီအစုတွေ အုပ်စုခွဲ အမိန့်ချမှတ်ရရင် -

(၁) တောတောင်ထဲက နိုင်ငံပိုင် သယံဇာတ ကို အာဏာအားကိုးယူခဲ့ သူများ = ယူစေ
(၂) မြို့ရွာထဲ သိန်း ၁၀၀၀ တန် လမ်းတံတားကို သိန်း ၃၀၀၀ အစိုးရစာရင်းပြပြီး ၀န်ထမ်းကြီးတွေနဲ့ ခွဲစားသူ များ = စားစေ ။
(၃) ဆင်ခြေဖုန်း လယ်သမားတွေ တောသူတောင်သားတွေ ထမင်းလုပ်ကို လုယက်ယူငင်စားသောက်သူ များ = တစ်ခုခုပြန်ပေးစေ
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ခရိုနီပုံစံသုံးမျိုးမှာ ထမင်းလုပ်လုတဲ့ခရိုနီထံကပဲ ပြန်တောင်းနေတာပါ မတောင်းရင်လည်း မွဲသေပါတော့မယ် ။

မေတ္တာများစွာဖြင့်


နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ
 ခေတ္တ - ကျောက်တော (နောင်ချို) ရှမ်းမြောက် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...