Ads (728x90)





တဖက်သတ်. . . .

နင်နဲ့ ပါတ်သက်မှုတိုင်းက

ငါ့ဘက်ကတဖက်သတ်ချည်းပါပဲ

ရူးသွပ်တယ်လို့ ပြောကြလေမလား

မိုက်မဲတယ်လို့ ပြောကြလေမလား

ဘယ်သူဘာပြောပြောငါဂရုမစိုက်ပါဘူး

ငါနေချင်တာမင်းအနားနား

ငါကြားချင်တာမင်းစကားသံ

ငါမြင်ချင်တာမင်းအပြုံးမျက်နှာလေးပါ

အားငယ်ချိန်မှာနှစ်သိမ့် 

ငိုကြွေးရင်ချော့ သိပ်ပေးဖို့ 

နင့်ကို ငါ့ အနားမှာရှိစေချင်လိုက်တာ

ငါတို့ နှစ်ယောက်ရဲ့ ကြားတားဆီးလို့ ထားတာ

အသိုင်းအဝန်းတွေလား ပကာသနတွေလား

ဘယ်အရာတွေခြားနားလို့ ထားပါစေ

ငါတစ်ခုမှဂရုမစိုက်ပါဘူး

မင်းအပါးမှာဒူးထောက်ခစားဖို့  ငါအဆင်သင့်ပါပဲလေ. . .

ရည်းစားအများကြီးထားတဲ့ မင်းကို

ပွေတယ်ရှုပ်တယ်ငါမပြောပါဘူး

တစ်နေ့ မင်းနဲ့ လက်တွဲခဲ့ ရရင်

အပျော်ရည်းစားမဟုတ်တဲ့ 

ထာဝရချစ်သူဖြစ်ချင်ပါတယ်

အဟက်. . .အဟက်. . ရယ်စရာပဲနော်

ပြောနေတာ တဖက်သတ်

ဖြစ်ချင်နေတာ တဖက်သတ်

လိုချင်နေတာ တဖက်သတ်

အရာရာဟာတဖက်သတ်ပါ

တကယ်ပါ မင်းလိုအပ်တယ်ဆို

လိုချင်တာတွေဖြည့် ဆည်းပေးဖို့ အသင့်ပါပဲ

ခုတော့ . . တဖက်သတ်အဖြစ်နဲ့ 

တဖက်သတ်ချစ်နေရဆဲပါပဲလေ. . .။


Write By;
Åüñg Kÿáw Sôë

Ref; http://for-poem.blogspot.com/2013/09/113.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...