Ads (728x90)

M N L

မြန်မာ့ဘောလုံး ကမ္ဘာကို ဝုန်းနိုင်ရမည် ဆိုပီး MNL ကို ဖန်တီးလိုက်သည့်အခါ -


၁) ၅ သောင်းတန် ကစားသမားများ ၅ သိန်းတန် အနည်းဆုံးဖြစ်သွားသည်

၂) ဘောလုံး လုံးမှန်း ပြားမှန်းမသိတဲ့ သထိန်းများ ဆင်ခြောက်ကောင်မက ငဝိုင်းများ သိန်းနဲ့ချီ၍ ကုန်သွားသည်

၃) အာဖန်ဒီဆိုသော မိုးကျရွှေကိုယ် မလေးရှားသား ဘောပင်တစ်ချောင်းကိုင် လေပျံစီးပီး ရောက်လာခဲ့သည်

၎) နိုင်ငံခြားသား နီဂရိုးများလည်း ဝင်လာမစဲ တသဲသဲ အခုထိတိုင် အိမ်မပြန်နိုင် ဖြစ်နိုင်ရင်တောင် မှတ်ပုံတင် လိုချင်နေကြသည်

၅) သူ့ထက်ငါအပြိုင်ကျဲ ဂျာနယ်များလည်း ဆော်ကြ နှက်ကြ ရောင်းကောင်းခဲ့ကြသည်

၆) ရှေးမူမပျက် ကွင်းလယ်ဗိုလ်ချုပ်ဆိုသူလည်း လွဲမြဲ လွဲဆဲ အမုန်းဆဲခံပီး ပြည်သူ့မေတ္တာ အပြည့်အဝ ဆက်လက်ခံယူဆဲ ဖြစ်သည်

၇) မှားမှန်းသိသော်လည်း ယနေ့ထိ မမောနိုင် မပန်းနိုင် သက်စွန့်ဆံဖျားအားပေးနေသော စုတ်ရှုး စားရှုး ပရိသတ်များလည်း ရှိနေသေးသည်

၈) အမှန်တရား၏ဘက်တော်သား တရာသီလုံး လုပ်ချင်ရာလုပ်နေသော NGO အဖွဲ့အစည်းတခုလည်း ရှိနေသေးသည်

၉) ဤသို့ ဤသို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လိုက်သောကြောင့် ယခုအခါတွင် မျှော်မှန်းထားသည့်အတိုင်း ရွှေပြည်တော်မျှော်တိုင်း မဝေးတော့ပီမို့ ရလဒ်များသည်ကား အထူးပြောဖွယ်ရာ မရှိတော့သည်

 ကျေးဇူးတင်ပါသည်ခည ဆဲကျပါခညာ ဘလော့ကျပါခည

ငပေါ
အလုံးရေးရာ သောက်တင်းချသူ
ခေတ္တယပလက်
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...