Ads (728x90)
ဒီနေ့  8.8.2013 နေ့ မှာ ကျွန်တော် ထောင်တစ်လ ကျရာကနေ လွတ်မြောက်လာခဲ့ ပါတယ်
လူတစ်ယောက်ကို လက်ညှိုးနဲ့ တောင်မထိုးခဲ့ မိပါပဲနဲ့  လက်သီးနဲ့ ထိုးပါတယ်ဆိုပြီး
အမှုဆင်ရုံးတင်ပြီးထောင်ကျအောင်လုပ်ခဲ့ တဲ့ သူတွေနောက်ကွယ်မှာ ပြုံးရယ်ဟားနေမလားတော့ မသိဘူးပေါ့ 
အဲ့ ဒီလူတွေကိုပြောချင်တာကတော့ ကျွန်တော့် မလုပ်ခဲ့ တဲ့ အရာတခုကိုလုပ်ပါတယ်ဆိုပြီး
လုပ်ကြံလိမ်ဆင်တွေလုပ်ခဲ့ သမျှဝဋ်လည်လိမ့် မယ်ဆိုတာတော့ အသေအချာပဲဆိုတာပါပဲ
တရားရုံးမှာကျမ်းစာကိုင်ပြီးကျမ်းကျိန်လိမ်ညာထွက်ဆိုခဲ့ တဲ့ သူတွေအားလုံးအဲ့ ဒီကျမ်းစာထဲမှာပါတဲ့ 
ကျိန်စာတွေမထိပဲနေမယ်မထင်ဘူး ကျိန်စာမထိရင်တောင်သေချာပေါက်တော့ ဝဋ်လည်ပါလိမ့် မယ်
အပြစ်မရှိတဲ့ သူတစ်ယောက်ကိုအပြစ်ရှိတယ်ဆိုပြီးအပြစ်မရှိမပြစ်ရှာခဲ့ တယ် သူတို့ လုပ်လို့ ထောင်ကျခဲ့ တာ
တစ်လ ထဲပေမယ့် ကျွန်တော့ ဘ၀အတွက်တော့ အပြောင်းအလဲတွေအများကြီးပဲထောင်ထွက် ထောင်ကျဘူးတဲ့ 
သူဆိုတဲ့ နာမည်ဆိုးကြီးတခုတော့ ကျွန်တော်ရသွားခဲ့ တာအမှန်ပဲ တစ်ဘ၀လုံးစာအတွက်အမည်းစက်အကြီးကြီးကို
စွန်းထင်းသွားခဲ့ ရတာ လူမှုရေးစီပွားရေးနယ်ပယ်မှာနစ်နာသွားခဲ့ ရတာတွေမှအများကြီးပဲ ကိုယ်မလုပ်ခဲ့ တဲ့ အရာတခုအတွက်
ကျွန်တော့် တစ်ဘ၀စာနဲ့ ရင်းပြီးပေးဆပ်လိုက်ရတာတွေအများကြီးပဲ ဒါတွေဘယ်သူသိမှာလဲ ခံရတဲ့ ကျွန်တော်ပဲသိတာပေါ့ 
ဒီနေရာမှာ  Human Right ဘာလဲလို့ ပြန်မေးလိုက်ချင်တယ် လူ့ အခွင့် အရေးတွေကိုအများကြီးချိုးဖောက်ခံခဲ့ ရတယ်
ကျွန်တော်ရဲ့ လူငယ်ဘ၀ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေပျက်ဆီးဆုံးရှုံးခဲ့ ရတယ် ကျွန်တော့် ရဲ့ လုပ်ငန်းတွေရပ်ဆိုင်းကုန်တယ် အကုန်ကမောက်ကမတွေဖြစ်ကုန်တယ်ကျင်လည်ရာပတ်ဝန်းကျင်မှာမေးငေါ့ စရာ
လူတစ်ယောက်ဘ၀ကိုရောက်ခဲ့ ရတယ် ကျွန်တော်ယောက်ကျားတစ်ယောက်ပေမယ့် သိမ်ငယ်စိတ်တော့ ဝင်မိတာအမှန်ပဲ
ကိုယ်မလုပ်မိတဲ့ အပြစ်တခုအတွက်လုပ်ပါတယ်ဆိုပြီးသူတို့ လုပ်ချင်သလိုလုပ်တာခံခဲ့ ရတာခံပြင်းမိတာအမှန်ပဲ
ထောင်ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်းပဲ လူ့ အခွင့် အရေးတွေကိုထိန်းချုပ်ထားတဲ့ နေရာ ဒီနေရာမှာကျွန်တော်ရဲ့ 
အခွင့် အရေးတွေကို ကျွန်တော့် ရဲ့ ဘ၀ကိုဘောင်ခတ်အကျဉ်းချခံခဲ့ ရတယ်လုပ်ချင်တိုင်းမလုပ်ရ နေချင်တိုင်းနေလို့ မရတဲ့ 
ပုံစံမျိုးနဲ့ နေခဲ့ ရတယ်  ကျွန်တော်မဟုတ်ပဲနဲ့ ခံခဲ့ ရတဲ့ အတွက် ကျွန်တော် အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်းရေးမယ်
ဒီနေရာမှာ  ပါးစပ်ရှိလို့ ခေါင်းရှိလို့ လူတစ်ယောက်ကလွတ်လွတ် လပ်လပ်ကိုယ်ထင်တိုင်းပြောဆိုရေးသားခွင့် ရှိတယ်ဆိုပေမယ့် 
တစ်ဖက်သားရဲ့ ဂုဏ်သရေ ။ အကျင့် စာရိတ္တ နဲ့ သိက္ခာကိုထိခိုက်အောင် မမှန်မကန်ပြောဆိုရေးသားမယ်ဆိုရင် အသရေ ဖျက်မှု
ဆိုတဲ့ ပြစ်မှုကိုကျူးလွန်ရာရောက်တယ်လို့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ( ၅၀၀ ) မှာပြဌာန်းထားပါတယ် အများပြည်သူအကျိုးအတွက်
အမှန်အတိုင်းကို ပြောသင့် သလို ပြောဆိုဝေဖန်ရေးသားတာကတော့ အပြစ်မဟုတ်ဘူးလို့  အဲ့ ဒီ ဥပဒေပုဒ်မ ( ၄၉၉ )ပထမခြွင်းချက် မှာ ကင်းလွတ်ခွင့် ပြုထားတာမှန်ပေမယ့်  အဲ့ ဒီကင်းလွတ်ခွင့် ရဖို့  ကိုယ်ပြောဆိုရေးသားခဲ့ တဲ့ အချက်အလက်တွေဟာ အမှန်ဖြစ်တာကို သက်သေခံ ဥပဒေပုဒ်မ ( ၁၀၅ ) အရ အဲ ဒီလူကခိုင်မာထင်ရှားအောင်သက်သေပြဖို့ ကြီးလေးတဲ့ တာဝန်
ရှိတယ်ဆိုတာကို ကျွန်တော် ထောင်မှာနေရင်းလေ့ လာခဲ့ တဲ့ ဥပဒေဆိုင်ရာစာတမ်းတွေထဲမှာ တွေ့ မိမှတ်သားထာားခဲ့ မိပါတယ်
ကိုယ့် ပြောဆိုဝေဖန်တာမှန်ကန်နေရင်တော့ ပြစ်မှု မဟုတ်လို့ အပြောခံရတဲ့ သူမကြိုက်ပေမယ့် ဘာမှပြန်လုပ်ခွင့် မရှိဘူးလို့ ဖတ်ခဲ့ 
မှတ်ခဲ့ ရပါတယ်
ဘယ်အဖွဲ့ အစည်းက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘာလုပ်လုပ်အပြစ်မရှိဘူး ဆိုပြီးနေလို့ ရတာ ၇ နှစ်အောက် ကလေးနဲ့  သွက်သွက်
ခါအောင်ရူးနေတဲ့  အရူးအတွက်ပဲရှိတာပါ အဲ့ ဒါကြောင့် မို့ လို့ ကလေးနဲ့ အရူးကလွဲရင် ဘယ်သူမဆို ဥပဒေကိုလိုက်နာရမယ် အပြစ်ကျူးလွန်ရင် အပြစ်ရှိလို့ အပြစ်ပေးခံရမှာပဲဖြစ်ပါတယ် မည်သူမျှဥပဒေအထက်မှာမရှိပါဘူး  ( No one is above the Law )လို့ ဆိုထားပါတယ် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ "မည်သူမဆို" (any person)လို့ ဆိုထားပါတယ် ငါတို့ လုပ်တာ အပြစ်ယူလို့ မရဘူးကွ ဆိုရင်တော့ အဲ့ ဒီလူဟာ အပြစ်ကင်းလွတ်ခွင့် ရတဲ့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၈၂ ) အရ ဆင်ခြင်တုံတရား
မဲ့ တဲ့  ၇ နှစ်အောက် ကလေးနဲ့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၈၄) အရ သွက်သွက်ခါအောင်ရူးနေတဲ့ အရူးတစ်ယောက်ပဲ ဖြစ်သွားပါလိမ့် မယ်
မမှန်သက်သေဆင်တာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၉၂ ) အရ ပြစ်မှုကျူးလွန်ရာရောက်တယ်လို့ သိရပါတယ်ထောင်ဒဏ်ထိုက်တဲ့ 
ပြစ်မှုနဲ့ တစ်ဦးတစ်ယောက်ကိုအပြစ်ရဖို့  မမှန်သက်သေဆင်ရင် ပုဒ်မ (၁၉၃ )အရ ထောင်ဒဏ် ၇ နှစ် ထိ ချမှတ်လို့ ရသလို သေဒဏ် တစ်သက်တကျွန်းထိုက်တဲ့ ပြစ်မှုနဲ့ တစ်ယောက်ယောက်ကို အပြစ်ရဖို့ မမှန်သက်သေဆင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၉၄ ) အရ သေဒဏ် ၊ တစ်ကျွန်း ချမှတ်တာလဲ ခံရမှာပါ  အဲ့ ဒီလိုမမှန်မကန်သက်သေဆင်ပြီး တစ်ယောက်ယောက်ကို အပြစ်မရှိပဲ ပြစ်မှုတစ်ခုခု ကျူးလွန်ပါတယ်လို့  မမှန်စွပ်စွဲ တရားစွဲဆိုလာတယ်ဆိုရင်တော့ စွပ်စွဲတဲ့ အမှုဟာ သေဒဏ် ၊ တစ်ကျွန်းဒဏ် ၊ ၇ နှစ်နှင့် အထက်ထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုဖြစ်နေရင် စွပ်စွဲတဲ့ သူကို ၇ နှစ်ထောင်ချနိုင်တယ် မမှန်စွပ်စွဲတဲ့ ပြစ်မှုဟာ ၇ နှစ်အောက်
ထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုဆိုရင် ၂ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ( ၂၁၁ ) အရပြဌာန်း ထားပါတယ် ဒီလိုအမှုဆင်ပြီး တရားရုံးကိုအပြစ်ပေးခိုင်းတာ တရားရုံးကလဲ မဟုတ်လဲ အဟုတ်လုပ်ပြီး မတရားချုပ်နှောင်ထားမယ် အပြစ်ပေးမယ်ဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ( ၂၁၉ ) အရ တရားစီတဲ့ မှုခင်းမှာ တရားမဲ့ စွာပြုတဲ့ အပြုအမှုဖြစ်တယ်လို့ သိရပါတယ် 
တရားစီရင်ရာမှာ အဲ့ ဒီလို မတရားအရေးယူ ချုပ်နှောင်ထားရင် ထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုပါ လူများအား စစ်ဆေးစီရင်ရာမှာဖြစ်စေ ချု့်ထားစေရန်ဖြစ်စေ လွှဲအပ်တင်ပို့ ရင် ဒါမှမဟုတ် လူများအား ချုပ်ထားခွင့်  အာဏာရှိသူက  ဥပဒေနှင့် ဆန့် ကျင်ပြီး မတရား ဒါမှမဟုတ် မသမာစိတ်နဲ့ တစ်ဦးတစ်ယောက်ကို ချုပ်ထားရင် ချုပ်ထားဖို့ လွှဲအပ်တင်ပို့ ရင် ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းခံရမယ်လို့  ဥပဒေပုဒ်မ ( ၂၂၀ ) မှာ ပြဆိုထားပါတယ်
မဟုတ်တာကို အဟုတ်လုပ်ပြီး အရေးယူအပြစ်ပေးထောင်ချရင်တော့  ( Kangaroo Court ) ဥပဒေဘောင်မ၀င်သောတရားရုံးဖြစ်မှာ မလွဲဧကန်ပါ  ကမ္ဘာ့ အလယ်မှာ မြန်မာနိုင်ငံတော်ကို မျက်နှာငယ်အောင်လုပ်ရာကျပါမယ်
မတရားထောင်ချတဲ့  တရားရုံးကို လျော်ကြေးတောင်းနိုင်တယ်လို့  International Covenant on Civil and Political Rights Art 14 ( 6 ) မှာပြဆိုထားပါတယ် မတရားအမှုဆင်ဖမ်းတာ အပြစ်ပေးခံရအောင်လုပ်တာ  အပြစ်ပေးတာတွေဟာ လူ့ အခွင့် အရေးချိုးဖောက်တာပါ
အထက်ပါ ဥပဒေအကြောင်းအရာတွေကို ကျွန်တော်ဘာကြောင့် ချပြသလဲဆိုရင် ကျွန်တော်ကိုယ်တိုင်မတရားအမှုဆင် ပြီး
အပြစ်ပေးခံရတယ်ဆိုတာသေချာနေခဲ့ လို့ ပါပဲ ကျွန်တော်အဲ့ ဒါကြောင့် လဲ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်းချပြရေးပြ
တာပါ အမှုဖြစ်ဆင်ကို ကျွန်တော်အကျဉ်းချုံးရေးပြပါ့ မယ်
အဲ့ ဒီအမှုဟာ သူတို့ ဘက်က ဆွဲတဲ့ ပုဒ်မက ၂၉၄/၃၂၃ နဲ့ စွဲထားတာပါ  ကျွန်တော်တို့ ဘက်ကဆွဲထားခဲ့ တာက ၃၅၄/၅၀၆ နဲ့ 
အပြန်အလှန်စွဲတဲ့ အမှုပါ စီရင်ချက်ချတော့  ကျွန်တော်တို့ ဘက်က စွဲထားတဲ့ ပြစ်မှုကို 500 /1000 နှုန်းနဲ့ ပြီးသွားခဲ့ ပြီး သူတို့ ဘက်ကဆွဲတဲ့  ပြစ်မှုကိုတော့  ကျွန်တော်နဲ့ နောက်တစ်ယောက်ကို  ထောင်ဒဏ် တစ်လဆီဆိုပြီးချမှတ်ခဲ့ တာပါ 
ဖြစ်စဉ်အကျဉ်းချုံးပြရမယ်ဆိုရင်  Online စတဲ့ ပြဿနာပါ ကျွန်တော့် အရင် အကောင့် မှာတုန်းက ကျွန်တော်မထိုးမိသည့် 
လက်သီးတစ်ချက်နှင့် လူလိမ်လူညာများဆိုပြီးရေးခဲ့ ဘူးပါတယ် ဒီလိုလေးပါ
ကျွန်တော်တို့ မှာ ရန်ကုန်အသင်းကို အားပေးတဲ့ ဖန်အဖွဲ့ နှစ်ခုရှိပါတယ်  Warriors ဆိုတဲ့ ကျွန်တော်တို့ အဖွဲ့ ရယ်
တစ်ဖက်က  Fanclub ဆိုတဲ့ အဖွဲ့  ရယ်ဆိုပြီးနှစ်ဖွဲ့ ရှိပါတယ် ဟိုဘက်အဖွဲ့ ထဲကတစ်ယောက်က ကျွန်တော်တို့ အဖွဲ့ ထဲက
ကောင်လေးတစ်ယောက်က ကျွန်တော်တို့ အဖွဲ့ ထဲကကောင်မလေးတစ်ယောက်ကို အကျိုးအကြောင်းဘာမှမရှိပဲနဲ့ ဆဲရာကစတာပါပဲ ကောင်မလေးက သူ့ ကိုဆဲလို့ ဆိုပြီး သူဆဲထားတာကို Print Screen ဖမ်းပီး
သူ့  Wall မှာတင်ပါတယ် သူ့ ကိုဒီလိုဆဲသွားတယ်ဆိုပြီးတော့   အဲ့ ဒီမှာဟိုဘက်ကတစ်ယောက်က သူဆဲတာမဟုတ်ဘူး
သူ့ အကောင့် ကို တစ်ယောက်ယောက်ယူသုံးသွားပြီးဆဲတာလို့ ပြောတယ် နောက်ပြီးအကောင့် အဟက်ခံရလို့ သူများကဟက်ပြီး
ဝင်ဆဲသွားတာလို့ ပြောတယ် နောက်တစ်ရက်မှာအဲ့ ဒီအကောင့် ကိုသူပြန်သုံးနေပါတယ် သူမဆဲဘူးဆိုလဲ သူ့ အကောင့် နဲ့ မိန်းကလေးတစ်ယောက်ကိုဆဲထားတဲ့ အတွက်သူ့ အနေနဲ့ ပြန်မတောင်းပန်သင့် ဘူးလား ပြောတာတွေကရှေ့ သွားနောက်လိုက်လဲ မညီဘူး ဟိုတစ်ယောက်ကပဲဆဲသွားတာလိုလို ဒီတစ်ယောက်ကပဲဆဲသွားတာလိုလိုပြောပြီးလျှော်သွားတယ်
ကောင်မလေးက အစပိုင်းတော့ အဆဲခံရလို့ အခံရခက်ပြီးဒေါသထွက်ပေမယ့်  မေ့ မေ့ ပျောက်ပျောက် ထားခဲ့ လိုက်တယ်
အဲ့ ဒီမှာ အဲ့ ဒီအဖွဲ့ ထဲက ကျွန်တော်တို့ နဲ့ အမှုဖြစ်တဲ့ နောက်ကောင်လေးတစ်ယောက်က ကောင်မလေး နာမည် ဓာတ်ပုံ ပုံတူ အတုလုပ်ပြီးတော့  မသိရင်ပဲကောင်မလေးနဲ့ သူနဲ့  အီစီကလီလုပ်ထားသလိုလို အပြန်အလှန်စကားပြောထားပြီးတော့ အဲ့ ဒါကို
Print Screen ဖမ်းပီးသူ့  Wall မှာတင်တယ် ပြီးတော့ အဲ့ ဒီပုံမှာ ကျွန်တော်တို့ အဖွဲ့ ထဲက လူတွေအားလုံးကို  Tag လုပ်တယ်
ကာယကံရှင်ကောင်မလေးအပါအ၀င်ပေါ့ အဲ့ ဒီမှာအောက်မှာလဲ ထေ့ သလိုလိုငေါ့ သလိုလို သူတို့ အချင်းချင်း အပြန်အလှန်
 Comment တွေပေးထားကြပါတယ် အဲ့ ဒီမှာပြဿနာစပါတယ် ကောင်မလေးဘက်ကနေ၀င်ကြည့် ပထမတခါ အဆဲခံရတယ်
ဒုတိယအကြိမ် လုပ်ကြံပြီးအရှက်ခွဲတယ် အဲ့ ဒီမှာ အောက်မှာစကားတွေများကြပါတယ် ကောင်မလေးက နင်ဘာလို့ ဒီလိုလုပ်ရတာလဲ ဒါကိုဖြေရှင်းပေးဘာလို့ မဟုတ်မမှန်လုပ်ကြံပြီးငါ့ ကိုအရှက်ခွဲရတာလဲ ဒီကိစ္စနဲ့ ပါတ်သက်ပြီးငါ့ ကိုပြန်တောင်းပန်ဆိုတော့ ဟိုကောင်လေးက ထေ့ သလိုလို ငေါ့ သလိုလို နဲ့ လုပ်လို့ ရလို့ လုပ်ပြတာ
ဒီလိုလုပ်လို့ ရတယ်ဆိုတာ ပြတာတဲ့ ဗျာ စဉ်းစားသာကြည့် ပေတော့  ဟိုအရင်တခါတင်တဲ့ ကောင်မလေးကိုဆဲသွားလို့ ကောင်မလေးကတင်တဲ့ ပုံကို အတုအယောင်လုပ်ပြီးတင်တယ်လို့ ပြောတာပေါ့ 
စဉ်းစားကြည့် လေဗျာ သူတို့ ဘက်ကဆဲသွားပါတယ်ဆိုတဲ့ အကောင့် ပိုင်ရှင်က သူဆဲတာမဟုတ်ပါဘူး သူများဝင်ဆဲသွားတာပါလို့ 
ပြောထားပြီးလို့  ပြဿနာကပီးနေပီ သူအကောင့် နဲ့ ဆဲတယ်ဆိုတာကိုဝန်ခံထားပြီးနေပြီဒါကို ထပ်ပြီးရန်လာစတာ ကောင်မလေးခံပြင်းပြီပေါ့  အဲ့ ဒီမှာကျွန်တော်ကဒီဘက်အဖွဲ့ မှာ Admin အဖွဲ့ အ၀င် ခေါင်းဆောင်ပိုင်းမှာပါနေတော့ ကိုယ့် အဖွဲ့ ထဲကကောင်မလေးနဲ့ ဖြစ်တဲ့ ပြဿနာမှာဝင်ပါမိရော အမှန်အတိုင်းပြောရရင်အဲ့ ဒီကောင်လေးနဲ့ အပြင်မှာ ကျွန်တော်တခါမှမြင်ဘူးတာလဲမဟုတ်ဘူး နာမည်ဆိုတာတောင်အဲ့ ဒီပြဿနာဖြစ်မှသိရတာ ရန်ငြိုးရန်စဆိုတာလဲမရှိဘူး ပြဿနာပြေလည်အောင်ဝင်ဖြေရှင်းပေးတာ
ဒီကိစ္စကတောင်းပန်လိုက်ရင်ပြီးနေပြီ ကောင်မလေးကလဲတောင်းပန်ရင်ကြေအေးပေးမယ်ဆိုတာကို ဟိုဘက်ကမတောင်းပန်ဘူး
ဒါနဲ့ အချေအတင်တွေဖြစ်ကြရောပေါ့  ကျွန်တော်လဲ တတ်နိုင်သမျှဝင်ဖြေရှင်းပေးနေရင်းနဲ့ နောက်ဆုံးအိပ်ခါနီးမှာ ညီလေးရေ
မင်းတို့ ပြဿနာက  Online မှာဖြေရှင်းလို့ မပြီးတော့ ဘူး မနက်ဖြန်ဘောလုံးပွဲရှိတယ် ကွင်းထဲရောက်မှသာလူချင်းတွေ့ ပြီးဖြေရှင်း
ကြတော့ ဆိုပြီးပြောဖြစ်တယ် အဲ့ ဒီတော့ အဲ့ ဒီကောင်လေးက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ နဲ့ မတွေ့ နိုင်ပါဘူးတော်ကြာနေ
ကျုပ်ကိုဝိုင်းရိုက်နေကြရင်ဘယ်လိုလုပ်မလဲတဲ့  ကျွန်တော်လဲ နောက်ဆုံးပြောခဲ့ ပါတယ် ငါတို့ ထဲမှာအဲ့ လိုလူမျိုးတွေထဲမှာမပါဘူးအပြင်ရောက်မှတွေ့ ကြတာပေါ့ ကွာလို့ ပြောပြီး အကောင့် ပိတ်ပြီးအိပ်ပစ်လိုက်တော့ တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကျန်ခဲ့ လဲမသိတော့ ဘူးပေါ့  နောက်နေ့ ပြဿနာဖြစ်တဲ့ နေ့ မှာ ကွင်းထဲကို ဒုတိယပိုင်းမှကျွန်တော်ရောက်သွားဖြစ်တယ် ကွင်းထဲရောက်တော့ မနေ့ ညကဖြစ်ခဲ့ တဲ့ အကြောင်းအရာတွေ ပြောခဲ့ တာတွေကို
ငါ့ ကိုပြန်တောင်းပန်လို့ ဆိုတာ ကောင်လေးက ဘုဂလန့် တွေပဲပြောပြီးသူနဲ့ မဆိုင်ဘူး လုပ်လို့ ရလို့ လုပ်ပြတာပါပြောပြန်ရော ပြောပြီးတော့ လှည့် ထွက်သွားမယ်အလုပ်ကောင်မလေးကသူ့ လက်ကိုလှမ်းဆွဲလိုက်တယ်အဲ့ ဒီမှာ ကောင်လေးက ကောင်မလေးလက်ကိုပုတ်ချပီးကောင်မလေးကို တွန်းလိုက်တယ် အဲ့ ဒီအချိန်မှာကောင်မလေးအစ်ကိုကသူ့ ညီမကို တွန်းရမလားဆိုပြီးဝင်ပြီးတော့ ထိုးလိုက်တယ် တစ်ချက်ထဲပါထိုးလိုက်တော့ ကောင်လေးပွဲကြည့် စင်အောက်ကိုပြေးဆင်းသွားတယ် ပြဿနာဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်နဲ့ ကအပေါ်အောက်လှေခါး 2ထစ်လောက်ခြားနေတယ် လက်ထဲမှာတစ်ဖက်က စာရွက်ကိုင်ထားတယ် တဖက်ကထီးကိုင်ထားတယ် သူတို့ ဖြစ်တာနဲ့ အဝေးကြီး ဒါပေမယ့် ရဲစခန်းမှာ အမှုသွားဖွင့် တော့ သူ့ ကိုဝိုင်းထိုးဝိုင်းရိုက်တဲ့ အထဲမှာကျွန်တော့် ကိုပါ ထည့် ထားတာတွေရတယ် လူကြီးတွေဝိုင်းဆွဲပြီးဖျန်ဖြေလို့  ရန်ပွဲပီးသွားတယ် ကျွန်တော်တို့ အဖွဲ့ တွေကွင်းထဲကထွက်လာတော့ ဟိုဘက်အဖွဲ့ ထဲကနောက်ထပ်ကောင်လေးတစ်ယောက်ရောက်လာပီး ကွင်းဝမှာ ကောင်မလေးကို စိန်ခေါ်တယ် ဆဲတယ် အဲ့ ဒီမှာ သူကတစ်ယောက်ထဲ ကျွန်တော်တို့ ကလူအများကြီးဒါနဲ့ ကျွန်တော်တို့ အဖွဲ့ ထဲကလူကြီးတွေက ကောင်လေး နင်တော့ သေချင်နေပီထင်တယ် ဒီဘက်မှာကလူတွေအများကြီးနင်ကတစ်ယောက်ထဲခံသွားရလိမ့် မယ်သွားတော့ ဆိုပြီးဆွဲပြီးကားဂိတ်ကိုလိုက်ပို့ လိုက်ကြတယ်သူ့ သူငယ်ချင်းတစ်ယောက်ကလဲလာဆွဲခေါ်သွားလို့ ပါသွားတယ် အဲ့ ဒီမှာ ကောင်မလေးက နောက်ဒါမျိုးမဖြစ်အောင်လို့ ဆိုပြီးတော့ 
အပ်နဲ့ ထွင်းရမှာကိုပုဆိန်နဲ့ ပေါက်ခိုင်းလိုက်တဲ့ သူကိုလဲတကယ်ပဲနားမလည်နိုင်အောင်ဖြစ်ခဲ့ ရပါတယ် လက်တွေ့ မှာတော့ ကျွန်တော် အပြစ်မလုပ်ခဲ့ ရပါပဲနဲ့  ထောင်ဒဏ်တစ်လ ချမှတ်ခံလိုက်ရတယ်  တစ်လထဲပေမယ့် ပေးဆပ်ခဲ့ ရတာတွေများလွန်း ခုထက်ထိတော့ ခံပြင်းတုန်းပါပဲဗျာ အဲ့ ဒါကြောင့် ကျွန်တော့် အနေနဲ့ မေးချင်တာ
  Human Right ဆိုတာ ဘာလဲ လူ့ အခွင့် အရေးကိုဒီလိုပဲချိုးဖောက်ခံခဲ့ ရတာတန်ရဲ့ လား လို့ မေးခွန်းထုတ်မိနေတယ်ဗျာ 
ခုထိတော့ ခံပြင်းနေတုန်းပါပဲ အပြစ်မရှိတဲ့ သူတစ်ယောက်ကို အပြစ်ဖို့ ပေးခဲ့ တဲ့ သူတွေပျော်နေလားလို့ နောက်ဆုံးမေးလိုက်ချင်သေးတယ်ဗျာ...။
နောက်ထပ်ဆက်ရန်ကျန်သေးသည်များကို အားသည်နှင့် ဆက်လက်ရေးပါဦးမည်။
ကျွန်တော်  Profile ပုံတင်မထားပဲရေးချင်ရာရေးတယ်ထင်နေမှာစိုးလို့ ဖုန်းနံပါတ်ပါပေးထားပါ့ မယ် သိလိုသည်များမေးမြန်း
နိုင်သလို ကူညီနိုင်သူများကျွန်တော့် ရဲ့ ဘက်ကရပ်တည်ကူညီပေးကြစေနိုင်ရန်
အောင်ကျော်စိုး09421157911
ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် Profile မှာတင်ထားတဲ့ ကြောင်လေးတွေကိုချစ်လို့ ကြောင်ပုံလေးတွေကိုတင်ထားဖြစ်တာပါ ခုမှမဟုတ်ပါဘူး အရင်အကောင့် ကတည်းက ကြောင်ပုံလေးတွေပဲအများဆုံးတင်ဖြစ်ပါတယ်  ကျွန်တော်ရေးခဲ့ တာတွေအားလုံးဟာ ဖြစ်ရပ်မှန်တွေပါ ကျွန်တော်မလိမ်ညာတတ်ပါ ကျွန်တော် ဗုဒ္ဓဘာသာပါ
အဲ့ ဒါကြောင့် လိမ်ညာခဲ့ တာပါရင် ဘုရားစူး မိုးကြိုးပစ် ဖြစ်လေရာဘ၀ နူနာရောဂါစွဲကပ်တဲ့ သူပါစေလို့ ကျိန်ဆိုပါတယ်။
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...