လားရှိုး စစစ မှစုံစမ်းရေးမှူးဝင်းဇော်သည် ၄င်းအားပြည်နယ်တာဝန်ခံဟု ပြောဆိုသုံးစွဲလျက်ရှိပြီး ငွေများအားမတန်တဆတောင်းခံလျက်ရှိပါသည် ကာစီနိုဂိမ်းဟုခေါ်သော အကြွေစေ့ထည့်ကစားသူများထံမှ လစဉ်ကြေးများတောင်းခံနေရုံဖြင့်အာမရသေးဘဲ ကြားရက်များတွင် အကြောင်းအမျိုမျိုးပြကာတောင်းခံလေ့ရှိပါသည် ယခင်ကလုပ်ကိုင်ခဲ့ပြီး ယခုလုပ်ဆောင်ခြင်းမရှိတော့သောသူများထံမှလည်း အရင်လုပ်ခဲ့တာပဲ ပေးရမယ် မပေးကငါရဲကိုဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ပါတယ် အခုလဲသူ၏တပြည်ချမ်းမြေ့အောင်က စာမေးပွဲဖြေဆိုရန်နေပြည်တော်သို့သွားရောက်ရမည်ဟုဆိုကာ လမ်းစရိတ်အနေဖြင့် ငွေ၂သိန်းပေးရန် စုံစမ်းရေးမှူးဝင်းဇော်နှင့် ချမ်းမြေ့အောင်တို့မှလာတောင်းပါတယ် ကျွန်တော်တို့အနေနဲ့ရုံးမှာလာပေးမယ်ဆိုသူတို့ကလက်မခံပါ အပြင်မှာပဲလာယူပါတယ် နောက်မှအကြောင်းရင်းမှန်ကိုသိရပါတယ် ဝင်းဇော်ဆိုသူမှာ စုံစမ်းရေးမှူးဟုခေါ်သောအဆင်
့သာရှိပြီး ချမ်းမြေ့အောင်ခေါ် ဖိုးချမ်းမှာ ရုံးအကူအဆင့်သာရှိပါတယ်
သူတို့ဒီလို လုပ်နေတာကို သူတို့ရဲ့ ပြည်နယ်တာဝန်ခံအစစ်ဖြစ်သူမှမသိရှိပါ ၀င်းဇော်ဆိုသူသည် လားရှိုးမြို့တွင် ၆နှစ်ခန့်ဆက်တိုက်နေသူဖြစ်ပါသည် ချမ်းမြေ့အောင်သည်လားရှိုးဇာတိဖြစ်ပါသည် သူတို့သည်အကြောင်းပြချက်မျိုးစုံဖြင့်နေထိုင်ကာ လားရှိုးမြို့သူ မြို့သားတွေကိုဒုက္ခပေးနေကြပါတယ် ကျွန်တော်တို့ကဲ့သို့ ချဲဒိုင်နှင့်ဘောလုံးပွဲဒိုင်များလည်သူတို့ကိုငွေများပေးနေရကြောင်း သူငယ်ချင်းတစ်ဦးကပြောပါတယ် သူတို့ရုးကိုအခုမှရောက်လာတဲ့မိတ်ဆွေနဲ့စကားလက်ဆုံပြောဖြစ်ကြတော့ စစစ ဆိုတာ ဘယ်တော့မှ တောင်းမစားဘူးဟု ဂုဏ်ယူစွာပြောပါတယ် သူကသာပြောတာပါ ဝင်းဇော်ကတော့တောင်းတာမဟုတ်
ပါဘူး တိုက်တာပါဓားပြတိုက်တာပါ နောက်တစ်ခုရှိပါသေးတယ်
သစ်လုပ်ငန်းလုပ်သူတွေ သစ်စက် သစ်မှောင်ခို လုပ်သူများကလည်း
စိတ်ဆင်းရဲလို့နေပါပြီး သူတို့ကလည်း စစစ လားရှိုးရုံးအား
ရုံးကိစ္စရပ်များဆောင်ရွက်ရာတွင် အဆင်ပြေရန် စာရွက်စာတမ်းနှင့် ဆန် ဆီ စား အစရှိသည်တို့ထောက်ပံ့ပေးပါတယ် ဒါကို ထုံးစံအတိုင်းဝင်းဇော်က သူအတွက်ဆိုပြီးလစဉ်ကြေးသတ်သတ်တောင်းခံပါတယ် မပေးရင် မင်းတို့အဖေတွေက၄လနေပြီးပြန်မှာ ငါကဒီမှာတစ်သက်လုံးရှိမှာကြိုက်သလိုလုပ်လို့ပြောတော့ကြောက်ပြီးပေးနေရပါတယ် တစ်ချို့သူတွေက သူ့ကို လားရှိုး စစစ ရဲ့ အကြီးဆုံးတာဝန်ခံလို့ပဲထင်နေကြတော့ သူကပြောသေးတယ် ငါ့ဆင့်ဒီလောက်ပဲလားတဲ့ ငွေ၂သိန်းဆိုတာရှာရမလွယ်ပါဘူး ကျွန်တော်တို့လဲရှိသမျှဖွဲ့အားလုံးကိုပေးနေရတာပါ မျှတစွာဝေစားမျှစားဆိုအဆင်ပြေပါတယ်အခုကမတန်တဆတောင်းနေတော့ကျွန်တော်တို့လဲမတတ်နိုင်တော့လို့အခုလိုတောင်းဆိုရတာပါ ကျေးဇူးပြုပြီး ဒီလူကိုတစ်ခုခုလုပ်ပေးကြပါ သူကပြောတာတစ်ခုရှိသေးတယ် ငါ့ကိုဘယ်သူမှပြောင်းလို့မရဘူးတဲ့ ငါကညွန်ချုပ် ညွန်မှူးဆိုသူတွေကိုလက်ခုပ်ထဲထည့် ထားတာ မင်းတို့သတိထားတဲ့ ကျွန်တော်တို့ရွေးစရာ၂ခုပဲရှိပါတယ်သူတောင်းတာပေးရင်ပေး မပေးနိုင်ရင်လုပ်မစားဖို့ပဲရှိပါတယ် ကျွန်တော်တို့မှာမိသားစုဝင်ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေကို
စားဝတ်ရေးအတွက် အဆင်ပြေတာလေးလုပ် စားနေရတာကို
နိုင်ငံတော်ထံမှလစာ ယူထားပြီး မလောက်ဘူးဟုသော
အကြောင်းပြချက်ကလေးတစ်ခုထဲနဲ့အခုလို သူဌေးဖြစ် ငွေညစ်နေတာကို ပြည်ထဲရေးဝန်ကြီးနှင့် ၄င်းပြောသည့်ညွန်ချုပ်ဆိုသူများက မသိသေးတာဆိုရင် သေချာစွာစစ်ဆေးပြီးအရေးယူပေးစေချင်ပါတယ် မဟုတ်ရင်တော့ဝင်းဇော်ပြောသည့်စကားအားအကြွင်းမဲ့ယုံလိုက်ပါတော့မယ်
From;
agenttrue maker <agenttruemaker@gmail.com>
|
|
|
|
|
|
punkboystar@gmail.com
( သတင်းကို နောက်ကျမှတွေ့ ရှိသည့် အတွက် ရက်အနည်းငယ်နောက်ကျသွားပါသည် ထို့ ကြောင့် သတင်းပေးပို့ သူကိုအနူးအညွှတ်တောင်းပန်အပ်ပါသည် )
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။