မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ရခိုင်ပြည်နယ်တွင် ဆန် ရှားပါးမှုကြောင့် အစိုးရက ဆန် ရောင်းချပေးရန် ပြည်သူများ တောင်းဆိုမှုကို တပ်မတော်က ပစ်ခတ် နှိမ်နင်းခဲ့၍ သေဆုံးခဲ့သည့် စစ်တွေမြို့ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ကျင်းပမည် ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှ...ူး ဦးခိုင်ပြည်စိုးက The Voice သို့ ပြောကြားသည်။
ယင်းအခမ်းအနားကို စစ်တွေမြို့ရှိ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီ ဌာနချုပ် တွင် ကျင်းပမည် ဖြစ်ပြီး သံဃာတော်များကို အရုဏ်ဆွမ်း ကပ်လှူမည် ဖြစ်ကြောင်း၊ အဆိုပါ ဆန်ပြဿနာ ပစ်ခတ် နှိမ်နင်းမှုတွင် ဒဏ်ရာ ရရှိခဲ့သူ ၁၀ ဦးခန့်က ယင်းနှိမ်နင်းမှု အတွေ့အကြုံများနှင့် ပတ်သက်၍ ပြန်လည် ပြောဆိုကြမည် ဖြစ်ပြီး စာပေ ဟောပြောပွဲများလည်း ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဆန်ကွဲတောင် စားစရာ မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောကြား သည်။
အဆိုပါ ပစ်ခတ်မှုသည် ၁၉၆၇ ခုနှစ်က ရခိုင်ပြည်တွင် မုန်တိုင်းကြောင့် ဆန်ရှားပါးမှု ဖြစ်ပွားခဲ့ပြီး ပြည်သူများ အငတ်ဘေးကြောင့် စစ်တွေမြို့၊ ကုန်းတန်း ရပ်ကွက်ရှိ အစိုးရ ဆန်သိုလှောင်ရုံကြီး များတွင် သြဂုတ်လ ၁၃ ရက်နေ့က ဆန်တောင်းခံရာမှ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။
ထက်အောင်ဖြိုး
The Voice Weekly

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။