အီဂျစ်နိုင်ငံ၌ 15-8-2013 ကြာသပတေးနေ့ (အီဂျစ် စံတော်ချိန်) နံနက်ပိုင်း က မော်စီထောက်ခံသူ ဆူပူဆန္ဒပြသူများက ကမ္ဘာပေါ်၌ ရှေးအကျဆုံး ခရစ်ယာန် ဝတ်ပြုကျောင်းတစ်ခုဖြစ်ပြီး အလွန်ရှေးကျသော ကော့ပတစ် ခရစ်ယာန် ကျမ်းစာများကို ထိန်းသိမ်းထားရှိသော "အပျိုစင် မေရီ ခရစ်ယာန်ဘုန်းတော်ကြီးများကျောင်း" Virgin Mary Monastery ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယင်းမီးရှို့မှုကြောင့် ဘုရားကျောင်းတစ်ခုလုံးနှင့် ထိန်းသိမ်းထားသော ကျမ်းစာများ မီးလောင်ပြာကျခဲ့ပြီး ယင်းမီးကူးစက်လောင်ကျွမ်းမှုကြောင့် ပတ်ဝန်းကျင်ရှိ ကော့ပတစ်ခရစ်ယာန်အိမ် ၁၅ လုံးပါ ပြာကျခဲ့ရသည်။
Credit-Myo Min Thant


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။