Ads (728x90)

စိတ်မကောင်းဘူဗျာ ၄၄ယောက်ဘဲသေလို့ 
********************************************
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ဗလီတစ်လုံးတွင်း နံနက်ခင်း ဝတ်ပြုကိုးကွယ်ခြင်း ဆောင်ရွက်နေစဉ် ဒေသတွင်းအကြမ်းဖက်အဖွဲ့အစည်းမှဟု ယူဆရသူများက သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်သွားမှုကြောင့် ဘုရားရှိခိုးသူ (၄၄) ဦး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်အရာရှိများကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုဖြစ်ရပ်သည် သြဂုတ်လ (၁၁) ရက်နေ့ကတည်းကဖြစ်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်မှ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။

သေနတ်သမားများသည် ဒေသတွင်း အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်မှ ဖြစ်သည်ဟု အာဏာပိုင်များက ယူဆကြပြီး အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းသည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ၂၀၀၉ ခုကတည်းက လူထောင်ပေါင်းများစွာ သတ်ခဲ့ပြီးဖြစ်သည်။
တိုက်ခိုက်မှုသည် ပြည်နယ်မြို့တော် မာဒူဂူရီ၏ ၂၂ မိုင်အကွာတွင်ရှိသော ကွန်ဒူဂါ အမည်ရှိသည့် မြို့ကလေးတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လူ (၄၄) ဦးသေဆုံးသွားသည့်အပြင် နောက်ထပ် ဘုရားဝတ်ပြုသူ ၂၆ ဦးလည်း ဒဏ်ရာများရရှိထားကာ မြို့တော် မာဒူဂူရီ ဆေးရုံတွင် တင်ပို့ကုသမှုခံယူစေလျက်ရှိကြောင်း နိုင်ဂျီးရီးယားပြည်တွင်း သတင်းစာ Daily Post က ဖော်ပြထားသည်။

ဗလီတွင်း တိုက်ခိုက်မှုကြောင့် အကူအညီခေါ်ယူစဉ် သွားရောက်လာသည့် အရပ်သား ကင်းစောင့်လုံခြုံရေးအဖွဲ့မှ လေးဦးလည်း သေဆုံးသွားခဲ့ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
မာဒူဂူရီမြို့တော်နှင့်နီးသော ကျေးရွာတစ်ရွာတွင်လည်း အလားတူဝင်ရောက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၂ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းဖော်ပြချက်များက အတည်ပြုထားသည်။
နိုင်ဂျီးရီးယားသမ္မတက ဂွတ်လပ်ခ်ဂျိုနသန်က နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များကို အရေးပေါ်အခြေအနေ ကြေညာထားကာ အစ္စလာမ္မစ်စစ်သွေးကြွများကို ထိုးစစ်များဖြင့် နှိမ်နင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့အစည်းသည် နိုင်ဂျီးရီးယားအစိုးရကို ဖြုတ်ချလိုပြီး မြောက်ပိုင်းဒေသတွင် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်လိုကြခြင်းဖြစ်သည်။
ဘိုကိုဟာရမ် အကြမ်းဖက်စစ်သွေးကြွများသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်တတ်ပြီး၊ ရံဖန်ရံခါ မွတ်ဆလင် ဗလီဝတ်ကျောင်းများကိုလည်း တိုက်ခိုက်လေ့ရှိကြောင်း နိုင်ဂျီးရီးယားမြို့တော် လေဂို့စ်အခြေစိုက် BBC သတင်းထောက်က မှတ်ချက်ပြုသည်။

14.8.2013 ရက်နေ့ထုတ် The Voice Dayily သတင်းစာမှ ကူးယူဖော်ပြသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...