Ads (728x90)



------------------------------
--------

စက်လှေပျက်၍ ဘင်္ဂါလီ ၂၇၄ဦး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိ လိပ်ကျွန်းတွင်
ရောက်ရှိနေကြောင်း ဟိုင်းကြီးကျွန်းရှိ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

လိပ်ကျွန်းသည် ဟိုင်းကြီးကျွန်းမှနေ၍ ရေမိုင်အားဖြင့်မိုင်၄၀ခန့်ရှိပြီး၊ ဟိုင်ကြီးရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်များနှင့် ပုဂ္ဂလိကရေယာဉ်များဖြင့် ၎င်းတို့အားသွားရောက်ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ဟိုင်းကြီးကျွန်းရှိဒေသခံတစ်ဦးက “လိပ်ကျွန်းက ကျောက်ဆောင်တွေကလည်း များတယ်၊ လှိုင်းကအရမ်းကြီးနေတော့ သွားခေါ် တဲ့သူတွေလည်းအခက်အခဲရှိတယ်၊မနက်ပိုင်းကတည်းက သူတို့ကိုသွားခေါ်ကြတာပင်လယ်မှာ ရာသီဥတု ဆိုးနေတော့ ပြန်ရောက်ရမယ့် အချိန်
ကျော်နေပေမဲ့ ပြန်မရောက်ကြသေးဘူး”ဟုပြောကြားသည်။

လွန်ခဲ့သည့်ရက်က ငရုတ်ကောင်းမြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ၅၃ဦးအား ပုသိမ်မြို့ သို့ ယမန်နေ့က ခေါ်ယူလာရန် သက်ဆိုင်ရာမှစီစဉ်ထားသော်လည်း ယနေ့တွင် ၂၇၄ဦးအား ထပ်မံတွေ့ရှိ သဖြင့် ပုသိမ်သို့ခေါ်ယူမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်းသိရသည်။

ယနေ့တွေ့ရှိခဲ့သည့် ၂၇၄ဦးသည် ယခင်နေ့ကဖမ်းဆီးခဲ့သူများ စီးနင်းလာသည့် စက်လှေမဟုတ်ဘဲ၊ အခြားစက်လှေတစ်စင်းဖြစ်ကြောင်း၊ ယင်းစက်လှေသည် လှေဝမ်းကွဲ၍ ပျက်စီးနေသည်ကိုလည်း ကျွန်းအနီးတွင်တွေ့ရှိရကြောင်း သိရသည်။ဘဂါင်္လီ ၂၇၄ဦး အား ကယ်ဆယ်ရရှိပြီးပါက ငပုတောမြို့နယ် ဟိုင်ကြီးကျွန်းမြို့နယ်ခွဲ သို့ခေါ်ယူလာ မည်ဖြစ်ကြောင်း သိရသည်။


The Myanma Age
 
By : Nay Wai shared Ko Kyi Win's photo.
စက်လှေပျက်လို့မိတာ မပျက်ရင် လွတ်ပြီ - ကမ်းရိုးတမ်း ရေတပ် တာဝန်မကျေ  

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...