Ads (728x90)








မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ 2012-2013 ရာသီ  MNL နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ 
နေပြည်တော်  Vs ရန်ကုန် ပွဲစဉ် မှတ်တမ်းလေးပါ

တကယ်အရုပ်ဆိုးအကျဉ်းတန်လွန်းတဲ့ ဒီအဖြစ်အပျက်လေးကိုမှတ်တမ်းတင်ထားလိုက်ပါတယ်

Pro သမားတွေဖြစ်နေပြီအားကစားစိတ်ဓာတ် မရှိတဲ့ သူတွေ ပရိတ်သတ်တွေဆိုးသွမ်းတာနဲ့ အပြိုင်
လိုက်ပြီးတော့ ဆိုးသွမ်းတဲ့ ကစားသမားအဖြစ် တကယ်ကိုရှုပ်ချပါတယ်အခြားနိုင်ငံတွေမှာဆိုရင်
ကစားသမားတွေက ပရိတ်သတ်တွေကိုထိန်းသိမ်းပြီးပွဲမဆူရအောင်လုပ်ပြုလုပ်သွားတာတွေ
တွေ့ ကြမှာပါ မြန်မာပြည်မှာကတော့ ဒီလိုကစားသမားတွေရှိတော့ ရှိပါတယ် ရာနှုန်းပြည့် မရှိသေးပါဘူး

ပရိတ်သတ် တွေလဲ အရမ်းကိုဆိုးသွမ်းလွန်းတယ်လို့ မြင်မိပါတယ် ဘောလုံးအားကစားကိုချစ်မြတ်နိုးတယ်
တကယ်အားပေးတယ်ဆိုရင် ဒီလိုမျိုးတွေမလုပ်သင့် ပါဘူးအခြားသောနိုင်ငံရပ်ခြားပွဲစဉ်တွေကိုကြည့် ဘူး
ကြမယ်ထင်ပါတယ် (အမျိုးသမီးများအပါအ၀င်) ဟုတ်ပီဗျာ အဲ့ ဒါဆိုရင်သူတို့  ကွင်းတွေမှာ
 ဘောလုံးကွင်းရဲ့ ဘေးစည်းနားထိတောင် ပရိတ်သတ်တွေရဲ့ ပွဲကြည့် စဉ်တွေကိုဆောက်ပေးထားတာ
မြင်ဘူးကြမယ်ထင်ပါတယ် ဒီမှာသာ အဲ့ လိုဆောက်ပေးထားရင် ဘောလုံးသမားတွေကို ခုလို
ရေသန့် ဘူးတွေခဲတွေ ကွမ်းတံတွေး ထုပ်တွေ ဖိနပ်တွေနဲ့ ပစ်ပေါက်ရုံတင်မက လူကိုပါ ကိုယ်ထိလက်ရောက်ကျူးလွန်ကြမယ်ထင်တယ်မြန်မာ  Vs အိုမန်   ပွဲမှာဘယ်လောက်များ
ရုပ်ဆိုးလိုက်သလဲ အဲ့ ဒီတုန်းကကွင်းထဲမှာကျွန်တော်ရှိနေခဲ့ တယ်ကိုယ်တိုင်ကြည့် ခဲ့ ရတော့ 
ဆိုးသွမ်းလွန်းနဲ့ ပရိတ်သတ်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ ရပြီး အဲ့ ဒီအကြောင်းတွေကို
မြန်မာဘောလုံးချစ်သူတို့ ဆုံဆည်းရာ(www.Mutdfan.com) ဆိုဒ်မှာPunkGhost အမည်နဲ့  ပို့ စ်အနေနဲ့ ရေးခဲ့ ဘူးပါတယ်

အဲ့ ဒီတုန်းက ဂျာနယ် တခုက သူတို့ ဂျာနယ်မှာအဲ့ ဒီပို့ စ်ကိုဖော်ပြချင်လို့ ဖော်ပြခွင့် ပြုပါဆိုပြီးခွင့် တောင်း
လို့ ခွင့် ပြုခဲ့ ဘူးပါသေးတယ် ဂျာနယ်ထွက်ခါနီး တညအလိုမှာ စာပေစိစစ်ရေးနဲ့ ငြိသွားလို့ ဖော်ပြလို့ 
မရတော့ ဘူးဗျာဆိုပီးပြန်လည်အကြောင်းပြန်လာလို့ အဲ့ ဒီပို့ စ်ဂျာနယ်မှာမပါလာခဲ့ ပါဘူး အဲ့ ဒီပို့ စ်ကို
အရင် မက်ဖန်က ညီအစ်ကို တွေ ဖတ်ခဲ့ ဘူးကြလိမ့် မယ်ထင်ပါတယ် ကျွန်တော်ပြောချင်တာက
အဲ့ ဒီတုန်းက အားပေးတဲ့ ပရိတ်သတ်တွေ ဆိုးသွမ်းမှုကိုပါ သူတို့ တဒင်္ဂစာလေး ဆိုးသွမ်းလိုက်တာလေးက
တစ်ကမ္ဘာလုံးကစောင့် ကြည့် နေတဲ့  ကမ္ဘာ့ ဖလားခြေစစ်ပွဲမှာဖြစ်နေတယ် မြန်မာဆိုတာကို ကမ္ဘာအလယ်မှာ
ဒီလိုဆိုးသွမ်းသူတွေပါလားလို့ သတ်မှတ်သွားရလောက်အောင်ဆိုးသွမ်းခဲ့ ကြတယ်ဗျာ အဲ့ ဒီအတွက်
အဲ့ ဒီပွဲမှာဆိုးသွမ်းခဲ့ ကြသူတွေအနေနဲ့ ဘာတွေပြန်ရခဲ့ ကြသလဲ .. ? မြန်မာအသင်းအနိုင်ရခဲ့ သလား . ?
ကမ္ဘာ့  ဖလား ခြေစစ်ပွဲအောင်သွားရောလား.. ?

နောက်ဆုံးဖြစ်သွားခဲ့ တာ ကန်နေတဲ့ ပွဲတောင်ဆက်ကန်လို့ 
မရတော့ လို့ ရပ်ပြီး အိုမန်အသင်းကို အနိုင်ပေးလိုက်တော့ တယ် မြန်မာနိုင်ငံအဖွဲ့ ဘောလုံးအဖွဲ့ ချုပ်ကို ပစ်ဒဏ်တွေချမှတ်တယ်
ဆိုသွမ်းခဲ့ တဲ့ ပရိတ်သတ်တွေ အချုပ်ကျ အကျဉ်းကျဖြစ်ကုန်တယ် ဟော ခုတခါ  Myanmar National League ပွဲစဉ်မှာ
တကယ် ဆိုးသွမ်းခဲ့ တဲ့ ပရိတ်သတ်တွေ ကစားသမားတွေကို မျက်ဝါးထင်ထင်မြင်တွေ့ ကြရပြန်ပြီ ကဲဘယ်လိုလုပ်ကြမလဲ
ဆိုးသွမ်းနေကြတုန်း အသိတရားမရကြသေးတုန်းပါပဲလား တွေးကြည့် ရင်တကယ်စိတ်ပျက်ဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေ
လုပ်ရပ်တွေ ဆိုးသွမ်းလွန်းသူတွေပါပဲ  ဘောလုံးကို ရူးသွပ်လွန်းလို့ ဖြစ်ရတာပါဆိုပြီးခွင့် လွှတ်ပေးလို့ ဖြစ်နိုင်ပါ ဦးမလား
မဖြစ်နိုင်တော့ ဘူးဗျနော် အဲ့ ဒါရူးသွပ်မှုတွေမဟုတ်ဘူး တကယ် ဘောလုံးအားကစားကိုချစ်တယ် မြတ်နိုးတယ် ရူးသွပ်တယ်
ဆိုရင်တော့  ဒီလိုမျိုးတွေ ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး ဒီလိုတွေဘာကြောင့် ဖြစ်ရတာလဲ ... ? အားနည်းချက်တွေ...
အားနည်းချက်တွေ.... လိုအပ်ချက်တွေ.... လိုအပ်ချက်တွေ... အများကြီးအများကြီးမို့ ပါပဲ အားပေးတဲ့ ပရိတ်သတ်တွေရဲ့ 
အားပေးတဲ့ ပုံစံမကျတဲ့ အားပေးပုံအားနည်းချက် ....  Pro သမားတွေ ဖြစ်နေပါလျှက်နဲ့   Pro မဆန်တဲ့ အားကစားသမား
တွေရဲ့ အားကစားစိတ်ဓာတ်မရှိတဲ့  လုပ်ရပ်အားနည်းချက်တွေ.... နောက်ဆုံး ကွင်းအတွင်း၊ပြင်ပ  ထားရှိတဲ့ လုံခြုံရေးပိုင်း
အားနည်းမှုတွေ နဲ့  အခြားအခြားသော အားနည်းချက်တွေ ကြောင့် သာဒီလိုပြဿနာမျိုး ဒီလိုဖြစ်ရပ်မျိုးတွေဖြစ်ရတာပါ
ဒီတော့ ဘာတွေပြုပြင်သင့် လဲ  ဘာတွေပြင်ဆင်သင့် လဲ ဘယ်လိုပြောင်းလဲသင့် လဲစဉ်းစားတွေးခေါ်ကြဖို့ လိုနေပါပြီ
 MNL လို့ အတိုခေါက်ခေါ်တဲ့  Myanmar National League မှာပါဝင်တဲ့  အသင်းတွေက မြန်မာ ပြည်တွင်းက
အသင်းတွေချည်းပါပဲ ပါဝင်တဲ့ ကစားသမားတွေဆိုတာကလဲ မြန်မာပြည်တွင်းမှာပဲပေါက်ဖွားလာတဲ့ တိုင်းရင်းသား
ညီနောင်တွေချည်းပါပဲ (နိုင်ငံခြားသားများကိုထည့် မပြောပါ) တိုင်းတွေပြည်နယ်တွေ ကွဲသွားလို့ သာပဲ ကိုယ့် ပြည်နယ်
ကိုယ့် တိုင်း ကို ကိုယ်စားပြုပြီးအသင်းတွေအသင်းတွေဆိုပြီး ဖွဲ့ ကြတာပါ အဲ့ လိုဖွဲ့ လို့ လဲ ပြည်နယ်စွဲ တိုင်းစွဲ  မြို့ စွဲပြီး
ဟိုအသင်းရဲ့ ပရိတ်သတ်ဒီအသင်းရဲ့ ပရိတ်သတ်ဆိုပြီးဖြစ်ပေါ်လာကြတာမဟုတ်လား ဒါနဲ့ များတောင် ရန်သူတွေလိုသတ်မှတ်
ဟိုအသင်းနဲ့ ကန်မှာပဲ အဲ့ ဒီအသင်းဖန်တွေကို ဘယ်လိုရန်ရှာမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေထားတာ မကောင်းပါဘူး
ဘယ်သူဘယ်ဝါ ဘယ်အသင်းပါလို့ အားပေးနေပေမယ့် တကယ်တော့   For The League  For The National ဆိုသလိုပဲ
 MNL ရဲ့ ရပ်တည်မှု ရည်ရွယ်ချက် ရည်ရွယ်ထားမှုကို ဒီအသင်းတွေအသင်းတွေက ပြုလုပ်ထားတာတွေ ဒီ လိဂ်ကိုပြုလုပ်ထားတာ
တွေဆိုတာ နိုင်ငံတကာပွဲတွေမှာ ပြိုင်ပွဲဝင်မယ့် အသင်းကို အထောက်အကူဖြစ်စေဖို့  ဒီအသင်းတွေအသင်းတွေကရည်မှန်း
ထားတာပါ အချိန်တန်တော့  ဒီအသင်းတွေ အသင်းတွေက နေ ဘယ်ကစားသမား  ဘယ်သူဘယ်ဝါဆိုပြီး ရွေးထုတ်ပြီး
နိုင်ငံအသင်းမှာ ထည့် သွင်းကစားစေတာပဲမလား အဲ့ လိုပဲ ဒီတစ်ယောက်ကတော့ ဘယ်အသင်းက ကွငါတို့ အားပေးတဲ့ 
အသင်းကမဟုတ်ဘူး  ငါတို့ နဲ့ ရန်ဘက်ဖြစ်တဲ့ အသင်းက  ကစားသမားကွဆိုပြီးတော့ ငြင်းပယ်ခဲ့ ဘူးကြလား
ဟေး..... မြန်မာကွလို့ .... လက်မြောက် အသံကုန်ဟစ်ပြီးတော့ အားပေးကြတာပဲမလား ဒါဆိုဘာလို့ များ ဆိုးသွမ်းနေကြဦးမှာလဲ
အသင်းမစွဲရဘူးမဟုတ်ပါဘူး စွဲပါ  အာ့းပေးမှုတွေ အစွန်းမရောက်ကြပါစေနဲ့  အဲ့ လိုပြောလို့  မင်းကငါတို့ လောက်မှ
ဘောလုံးကို မချစ်တာ ငါတို့ လောက်မှအ့ားမပေးတာလို့ မပြောနဲ့ ဗျနော် ကျွန်တော် ဘောလုံးအားကစားကိုချစ်မြတ်နိုးတယ်
မြန်မာအသင်းကိုချစ်မြတ်နိုးတယ် ကိုယ့် အသင်းနိုင်နေပါစေ ရှုံးနေပါစေ အမြဲတမ်းအားပေးနေတတ်သူပါ
ကိုယ့် အသင်းရဲ့ ခြေစွမ်းခြေဆ ကိုသိနေပီး မနိုင် နိုင်မှန်းသိရက် အသာမရနိုင်မှန်းသိရက်နဲ့  မြန်မာကွ... လို့ တော့ 
အမြဲတမ်းအော်ဟစ်အားပေးခဲ့ ပါတယ် ကျွန်တော်ဟာ ဘောလုံးအားကစားပွဲတွေ ပွဲတွေတိုင်းမှာ ပရိတ်သတ်ပါ
ဒါပေမယ့် ဆိုးသွမ်းစွာတော့ အားမပေးခဲ့ ဘူးသေးပါဘူး အားပေးမှုတွေတော့ အစွန်းမရောက်ခဲ့ ဘူးသေးပါဘူး

 အဲ့ ဒီတော့ စဉ်စားကြပါဗျာမကြာခင်မှာ  ဆီးဂိမ်းပြိုင်ကြီးလာတော့ မယ်  Pro ကစားသမားတွေကလဲProသမားပီသစွာ အားကစားစိတ်ဓာတ်အပြည့် နဲ့  ပရိတ်သတ်တွေကလဲ ကောင်းမွန်သောအားပေးမှု တွေနဲ့ ဧည့် သည်တွေကို အိမ်ရှင်ပီသစွာနဲ့ ဧည့် ခံစေချင်တယ် မြန်မာ  Vs  အိုမန် ပွဲကဖြစ်စဉ်လို နေပြည်တော်  Vs ရန်ကုန် ပွဲကဖြစ်စဉ်လို
ဖြစ်ရပ်မျိုးတွေ လာမယ့်  27th Sea Games မှာသာဖြစ်ပေါ်ခဲ့ မယ်ဆိုရင်တော့  အကျည်းတန်တဲ့ ပုံရိပ်
တစ်ကမ္ဘာလုံးကမြင်တွေ့ သွားမှာအသေအခြားပါပဲဗျာ တွေးရင်းနဲ့ ရင်လေးမိပါရဲ့  မြန်မာ့ အားကစား ကမ္ဘာကိုလွမ်းရမည်
ဆိုတဲ့ စကားဟာ မြန်မာ့ ဘောလုံး အားကစားအတွက်တော့  ရွှေပြည်တော်မျှော်လေတိုင်း ဝေးနေအုံးမယ်ထင်ပါတယ်
အဲ့ ဒါကြောင့် ကျွန်တော်မမှီခဲ့ တဲ့  တချိန်က ရွှေခေတ်ကိုသာပြန်ရောက်ချင်မိပါရဲ့ ဗျာ....


မှတ်ချက် / Naypyitaw 0 - 1 YUFC (၀ဏ္ဏသိဒ္ဓိကွင်းက အရိုင်းဆန်တဲ့ အဖြစ်အပျက်) ဆိုသည့်   Youtube မှ
 Video ဖိုင်လေးကိုကြည့် ရှုပြီးတွေးရင်းရေးမိသွားတာပါ  အမှားများပါခဲ့ ရင်ခွင့် လွှတ်ပေးစေလိုပါတယ်
ထို့ အတူ  မြန်မာ့ ဘောလုံးအားကစားလောကအတွက် လိုအပ်ချက်တွေ ပြုပြင်ပြောင်းလဲမှုတွေကိုမြင်တွေ့ ချင်မိသည့် အတွက်
အဖက်ဖက်မှ တာဝန်ရှိသူတွေ  ကစားသမားတွေ  အားပေးတဲ့ ပရိတ်သတ်တွေ အနေနဲ့  ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုတွေ
ကိုအမြန်ဆုံးလုပ်ဆောင်စေကြလိုပါတယ်ဆိုတာကို ထပ်လောင်းပြောဆိုပါရစေ.....

အားလုံးကိုချစ်ခင်လေးစားလျှက်....
Write by : Åüñg Kÿáw Sôë

Video Link => http://www.youtube.com/watch?v=3_T_d3caAd8

Fb Post Link =>၀ဏ္ဏသိဒ္ဓိကွင်းက အရိုင်းဆန်တဲ့ အဖြစ်အပျက် နှင့် ပြောင်းလဲဖို့ လိုအပ်နေသည်များ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...