Ads (728x90)





Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့်
ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအားဖော်ပြကာ ဗုဒ္ဓဘာသာ အကြမ်းဖက်
သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ (မြန်မာဘင်လာဒင်)ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာ
ဘင်လာဒင်နှင့်ခိုင်းနှိုင်းပြီး ရေးသားဖော်ပြထားချက်များကို ကျတော်တို့ Dragon Patriotic Myanmar Youths Association(D.P.M.Y.A) အနေ
ဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးးချစ်စိတ်ရှိသူ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ဝန်ခံပါ၏။ သို့သော်ကား
ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအား ခြိမ်းခြောက်သော အစွန်းရောက်အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟု
တ်ပါ။ လူ့အသက်အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့်အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ ယနေ့အထိ ဆရာတော်ဦး
ဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း အဆောက်အအုံများဖျက်ဆီးခြင်း စသည့်အစွန်းရောက်လုပ်ရပ်များအား
စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူ မဟုတ်ဟု ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့်ရန်ပြုတိုက်ခိုက် သူများအားအောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်း
ညွှန်ခဲ့ပြီးဖြစ်သလို (သံဃာတော် အစစ်အမှန်)တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအား လည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊
ထိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေပြပြီးလဲ ဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှား ဖြစ်စေသည့်
စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့်ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်
ချိသောဆရာတော်ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချ ကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံ
တစ်ရာကိုလဲ အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူများမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျတော်တို့တောင်းဆို လိုက်သည်။

Dragon Patriotic Myanmar Youths Association
စနေမျိုးချစ်မြန်မာလူငယ်များအစည်းအရုံး(နဂါးအဖွဲ)့ D.P.M.Y.A
http://sanaygang.blogspot.com/ &
http://www.facebook.com/groups/180968122055983/

Post a Comment

Blogger Disqus
  1. This comment has been removed by the author.

    ReplyDelete
  2. နောင်တော်လုပ်အုံးဗျ။ June နဲ့  July မှားနေတယ်။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ဗျ ပြန်လည်ပြင်ဆင်ပြီးကြောင်းပါ အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ်မတက်ဖြစ်လို့ ပါ နောင်တော်တို့ ရေ ... ခွင့် လွှတ်ပေးစေလိုပါတယ် :)

      Delete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...