Ads (728x90)



သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း၏ အကြောင်းရင်း .........................
၁။ ၁၉၉၀ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကလာ ပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ဖော်ထုတ်စဉ်က မိဘဘိုးဘွားများ လက်ထက်မှ သားစဉ်မြေးဆက် အထိ ဓားမဦးချ စိုက်ပျိုးလုပ်ကိုင် လာခဲ့သော လယ်ယာမြေများကို မြေသိမ်းဥပဒေနှင့်အညီ ဆောင် ရွက်ခြင်းမပြုဘဲ၊ စီမံကိန်းဟုဆို သော ခေါင်းစဉ်တပ်ကာ အာဏာ ရှင်ဆန်စွာ သိမ်းယူခြင်းခံခဲ့ရပါ သည်။

၂။ ပေါက်တလောက်ကျေးရွာ နှင့် ဆင်ဖုံတောင်ကျေးရွာတို့မှ တောင်သူလယ်သမားမိသားစုများ သည် လယ်မဲ့/ယာမဲ့ဘ၀သို့ ရောက်ရှိကာ ကျုံရာကျဗန်းအလုပ် ဖြင့် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင် စားသောက်ရသဖြင့်၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစစ အရာရာ နိမ့်ကျခဲ့ရပါသည်။ လယ် ယာမြေများ သိမ်းယူစဉ်က နစ် နာကြေး၊ လျော်ကြေးမြေနေရာ အစားပေးခြင်း လုံးဝမရရှိခဲ့သော တောင်သူများလည်း ရှိခဲ့ပါသည်။

၃။ မြို့သစ်စီမံကိန်းဖော်ထုတ် စဉ်က တာဝန်ယူခဲ့သော အုပ်ချုပ် ရေးအာဏာပိုင်များသည် ပန်းခြံ နေရာ၊ ဆေးရုံနေရာ၊ စာသင် ကျောင်းနေရာ၊ အားကစားကွင်း နေရာ၊ မြေနိမ့်ပိုင်း၊ ရေနက်ကွင်း စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုး တပ်ကာ မြေနေရာများစွာ ချန် ထားခဲ့ပါသည်။

၎။ ယခုအချိန်တွင် မြို့သစ်ဖော် ထုတ်စဉ်က မပါဝင်ခဲ့ဘဲ ချန်ထား ခဲ့သော ကြွင်းကျန်ခဲ့သော ပလပ် မြေနေရာများကို အုပ်ချုပ်ရေး အာဏာပိုင်(အဟောင်း)ဆိုသူများ မှ အကျင့်ပျက်ဝန်ထမ်းများနှင့် ပူးပေါင်းကာ ၎င်းင်းတို့ကိုယ်ကျိုး အတွက် မြေကွက်များကို လက် ညှိုးထိုးရောင်းစားခြင်း၊ ခြံခတ် သိမ်းယူခြင်း၊ လူနေအိမ်တိုက်တာ များဆောက်လုပ်နေထိုင်ခြင်း၊ ကုမ္မဏီများအား မြေနေရာရောင်း စားခြင်း၊ ကြက်ဆူပင်စိုက်ခင်း အကြောင်းပြပြီး မြေနေရာသိမ်း ယူခြင်း၊ ဂရန်မြေချပါမစ်အတုများ၊ အကွက်ထပ်နံပတ်ပွားများပြုလုပ် ပြီး မြေကွက်များကို ဈေးကောင်း ကောင်းနှင့်ရောင်းစားခြင်း စသည်ဖြင့် မလျော်သြဇာသုံးကာ အတင်း အဓမ်္မပြုလုပ်နေကြပါသည်။

၅။ မတရားဗိုလ်ကျအနိုင်ကျင့် နေမှုများကို မူလပိုင်ရှင်တောင် သူလယ်သမားများမှာ စိတ်မ ကောင်းခြင်းများစွာဖြင့် ရင်နင့်စွာ ခံစားရပါသည်။ မိမိတို့ထံမှ သိမ်း ယူသွားသော လယ်ယာမြေများ ပေါ်တွင် နိုင်ငံတော်နှင့်ပြည်သူ များ၏ ကောင်းကျိုးအတွက် ဆောင် ရွက်သည့်လုပ်ငန်းများကိုသာ လက်ခံနိုင်ပါမည်။ ယခုကဲ့သို့ မတရားဗိုလ်ကျအနိုင်ကျင့်မှုများ ကို တွန်းလှန်သွားမည်ဖြစ်ပါသည်။

၆။ လယ်ယာမြေနှင့်အခြားမြေ များသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်ပြည်ထောင်စုလွှတ် တော် နေပြည်တော်သို့ သိမ်း ဆည်းခံ မူလပိုင်ရှင်တောင်သူ လယ်သမားများမှ စီမံကိန်းဖော် ထုတ်စဉ်က မပါဝင်ခဲ့သော ပလပ် မြေကျန်များကို ပြန်လည်ရရှိရေး အတွက် တင်ပြတောင်းခံခဲ့ပါ သည်။

၇။ ၂၀၁၃ ခု၊ ဧပြီလ(၈)ရက်တွင် စုံစမ်းရေးကော်မရှင် ပြည်ထောင် စုလွှတ်တော်မှ ဦးအောင်သိန်း လင်းနှင့် ဦးကျော်မြင့်တို့ ကွင်း ဆင်းစစ်ဆေးရန်လာရောက်ပြီး၊ ရွှေပေါက်ကံမြို့သစ်၊ အုပ်ချုပ်ရေး မှူးရုံးတွင် ရွှေပေါက်ကံမြို့ အုပ် ချုပ်ရေးမှူးနှင့် ရပ်ကွက်တာဝန်ခံ များ၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ စည်းရုံးရေးမှူးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေပေါက်ကံမြို့သစ်အလုပ်အမှု ဆောင်များ၊ ရပ်မိရပ်ဖလူကြီးများ၊ သိမ်းဆည်းခံတောင်သူလယ် သမားများနှင့်တွေ့ဆုံရာ၌ စုံစမ်း ရေးကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးအောင်သိန်းလင်းမှ အမှာစကား ပြောကြားရာတွင် ““လောကပါလ တရားနှင့်အညီ မူလပိုင်ရှင် တောင်သူလယ်သမားများကိုသာ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများဟာ လယ်ယာလုပ်ငန်းတစ်ခုတည်းကို သာ စိုက်ပျိုးလုပ်ကိုင်စားသောက် တတ်သောကြောင့် မိမိအနေဖြင့် ကိုယ်ချင်းစာနာမိပါကြောင်း၊ လယ်ယာမြေများပေါ်တွင် ကျူး ကျော်မှုများမဖြစ်စေရန် ဗီနိုင်း ဆိုင်းဘုတ်များစိုက်ထောင်ကာ တဲထိုးနေထိုင်ပြီး ကာကွယ်စောင့် ရှောက်ကြရန်””မှာကြားသွားခဲ့ပါ သည်။

၈။ ထိုသို့ မှာကြားလမ်းညွှန် ချက်အတိုင်း ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထောင်ထားပါသော်လည်း ဆိုင်းဘုတ်များကို ရိုက်ချိုးဖျက် ဆီးကာ ကျူးကျော်မှုများကို အတင်းအဓမ္မဆက်လက်ပြုလုပ် နေကြပါသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကို တင်ပြတိုင်ကြားပါသော်လည်း အရေးယူဖြေရှင်းပေးခြင်းမရှိပါ။ ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်း ထားသော စုံစမ်းရေးကော်မရှင် ကိုပင် မထေမဲ့မြင်ပြုရာရောက် နေပါသည်။

၉။ နိုင်ငံတော်၏ စတုတ္တမဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများမှ တဆင့် တောင်သူလယ်သမား များ၏ နစ်နာဆုံးရှုံးမှုများကို ကူညီဖြေရှင်းပေးနိုင်မည့် သိသင့် သိထိုက်သော လူကြီးမင်းများ သိစေနိုင်ရန်အတွက် ဤသတင်း စာရှင်းလင်းပွဲကို ပြုလုပ်ရခြင်းဖြစ် ပါသည်။
.....................


သိမ်းဆည်းခံတောင်သူလယ်သမား များ
ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်။

hot news
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...