Ads (728x90)


**************

တယ်လီဖုန်းအော်ပရေတာ တင်ဒါကိစ္စနဲ့ ဆက်စပ်သတင်းတွေအဖြစ်ဆက်သွယ်ရေးက ကြိုမသိပဲ လွှတ်တော်က ဆုံးဖြတ်လိုက်တာလို့သတင်းတစ်ရပ်က ဆိုပါတယ်။ဒါဆို ဘာဖြစ်လို့ ဒီလောက်နီးကပ်ချိန်မှ လွှတ်တော်က ၀င်ပါရတာပါလဲ။ခုံရုံးကိစ္စလို ပြဿနာကြီးနေတဲ့ကိစ္စမျိုးမှ မဟုတ်တာပဲ။ခုလိုဆိုတော့ ပြည်တွင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီးဝင်ဖို့အရေးမှာမယုံကြည်မှုတွေ ဖြစ်မသွားစေဘူးလား။ပြည်တွင်းဖက်စပ် ကုမ္ပဏီတွေကိုသာ တင်ဒါ အနိုင်ပေးသင့်တယ်လို့ အရေးကြီး အဆို တင်သွင်းတယ်ဆိုတော့အရင် အချိန်အဝေးကြီးကတည်းက ဘာဖြစ်လို့ မတင်သွင်းရပါသလဲ?တင်ဒါအောင်သူ ကြေညာခါနီးမှ ဘာဖြစ်လို့ တင်သွင်းပါသလဲ?ဒီလိုတင်သွင်းမှုဟာ ဘယ်လို ဖိအားကြောင့်လဲ?စသဖြင့် သံသယတွေ ဖြစ်ရပါတယ်။နောက်ထပ် သတင်းတစ်ရပ်အဆိုအရတော့ ...ဆက်သွယ်ရေးကို Singapore ကုမ္ပဏီ Singtel ( Singapore Government ပိုင်တဲ့ company) ကဝင်ယူသွားပြီလို့  သိရပြန်တယ်။စင်္ကာပူမှာက network ကို 4G စ ပြောင်းနေပြီး။ ဒီနှစ်ကုန်တစ်နိုင်ငံလုံး ချိန်း မယ်လို့ ကြေငြာထားတယ်တဲ့အဲဒီက 3G စက်တွေမြန်မာကိုသွားမယ်ထင်တယ်လို့ သတင်းပေးပို့သူမိတ်ဆွေက မှတ်ချက်ပြုတယ်။ဒီတော့ Singtel ဆက်လုပ်သာအောင် အရေးပေါ်အဆိုတင်ပေးလိုက်တဲ့သဘောလား။အဲဒီလိုသာဆိုရင်တော့ ...ကျနော်ပြီးခဲ့တဲ့ Post မှာ ဝေဖန်ခဲ့သလို လက်ဝါးရိုက်မှုတွေ ပါနေတယ်လို့ မှတ်ချက်ပြုရမှာပါ။ဘာပဲဖြစ်ဖြစ် ကျနော်အပါအ၀င် ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားရတာတော့ အသေအချာပါပဲ။တင်ဒါဝင်ပြိုင်သူ ကုမ္ပဏီကြီးတွေ ကြော်ငြာထားတဲ့ ၀န်ဆောင်မှုတွေကိုသွားရည်ယိုနေခဲ့တာကိုး။ဆင်းကဒ် အခမဲ့၊ ဖုန်းဆက်ခ ဈေးသက်သာ၊ အင်တာနက်မြန်ဆိုတာတွေက ဖုန်းသုံးသူတိုင်း မက်မောလှမယ့်အရာတွေပဲ မဟုတ်ဘူးလားဗျာ။(ပြည်တွင်းဖက်ဆက်ကုမ္ပဏီတွေကိုပဲ ပေးမယ်ဆိုပြီး အပြင်မှာ ၈သောင်းလောက်ပေါက်နေတဲ့ ဆင်းကဒ်ဈေးနှုန်း၊ဖုန်းပြောခကလည်း ဈေးကြီး၊ အင်တာနက်ကလည်း တလည်လည်နဲ့ တက်ပဲ မတက်နိုင်တော့တဲ့ အဖြစ်တွေနဲ့ ဆက်သွားနေရင် တိုင်းပြည်တိုးတက်အောင် လုပ်တယ် ခေါ်နိုင်ပါဦးတော့မလား)လွှတ်တော်အသံဟာ ပြည်သူ့အသံဖြစ်လိမ့်မယ်ဆိုရင်တော့ပြည်သူက ဈေးကြီးပြီး ၀န်ဆောင်မှုညံ့လှတဲ့ ဆက်သွယ်မှုတွေကိုအလွန်အမင်းစိတ်ကုန်နေပါကြောင်း သိစေချင်အပ်ပါတယ် ခင်ဗျား။

Thorn Nay Soe
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...