Ads (728x90)



5/5/2013
10:15 PM
YANGON

6/5/2013 အတွက် INDICATORS များရဲ့ ညွန်ပြချက်အရ
6/5/2013 WORLD GOLD PRICE TREND ဟာ "UP" (တက်ဈေး) ဖြစ်ပါတယ်။
(ထူးခြားသတင်း မရှိရင် ဆိုတာလေးတော့ အမြဲ သတိထားပါ။)

3/5/2013 မှာ WORLD GOLD PRICE ဟာ
Open=1466.12
Day High=1487.8
Day Low=1456.11
Close=1470.76
Volume=7731 ရှိပါတယ်။

ဒါကြောင့် 6/5/2013 မှာ Open Price= 1470.76 ပါ။

ခံကစားနိုင်တဲ့ ဈေးနှုံး (STOP LOSS) ကတော့ 1457.42 ဖြစ်ပါတယ်လို့ ATR INDICATOR တွေက ညွန်ပြထားပါတယ်။
ဒီကိန်းဟာ အရှုံးသက်သာစေတဲ့ နှုံးတစ်ခုဖြစ်ပါတယ်။
အကယ်၍ ဈေးကျသွားခဲ့ရင် ဒီနှုံးမှာ ရောင်းပြီးသားဖြစ်သွားပါတယ်။

ဥပမာ။ ။
1470 နဲ့ 1 lot ဝယ်မိတယ် ဆိုပါစို့။
မကြာခင်ပဲ ရွှေဈေး 1440 ကိုကျသွားရင် 1 lot @ 100 oz @ 30= $ 3000/- ရှုံးမယ်။
ကိုယ့်မှာရှိတဲ့ ငွေများနေရင်(or) 3000 ထက်ပိုနေရင် ဝယ်ထားတဲ့ 1 lot ကရှိနေပါအုန်းမယ်။
အကယ်၍ 3000 နဲ့ အောက်ပဲရှိရင် အဲဒီ 1 lot ကိုစားသွားပါပြီ။
(ဒါကို MARGIN လို့ခေါ်ပါတယ်)
ဒါကြောင့် အများကြီးမရှုံးအောင် (STOP LOSS) ခံကစားကြပါတယ်။
ကိုယ်က STOP LOSS= 1457.42 ခံထားတော့ 1440 အထိကျသွားပေမဲ့ 1457.42 မှာပဲ ဝယ်ထားတဲ့ 1 lot ကိုစားသွားမှာပါ။
ဒါကြောင့် အရှုံး သက်သာစေပါတယ်။

6/5/2013 မှာ DAILY PIVOT INDICATORS များက ညွန်ပြတဲ့ နေ့စဉ်တက်နိုင်/ကျနိုင်တဲ့ ဈေးနှုံးကို အောက်တွင်ဖော်ပြထားပါတယ်။
DAILY PIVOT၊ MONTHLY PIVOT INDICATOR များလည်းရှိပါတယ်။
D_S = Daily Support ပါ။ ကျနိုင်တဲ့ ဈေးနှုံးပါ။
D_R = Daily Resistance ပါ။ တက်နိုင်တဲ့ ဈေးနှုံးပါ။
အဆင့်(၃)ဆင့်စီနဲ့ ဖော်ပြပါတယ်။
Daily Pivot ဆိုတာ ပျမ်းမျှဈေးနှုံးပါ။ STOP LOSS ဈေးနှုံးနဲ့ ဆင်တူပါတယ်။

D_S3= 1427.16
D_S2= 1437.43
D_S1= 1451.94
Daily Pivot=[1462.22]
D_R1= 1476.73
D_R2= 1487.01
D_R3= 1501.52

များသောအားဖြင့် မြတ်တဲ့အခါ D_R2 မှာ ရောင်းကြပါတယ်။ တော်ရုံ အမြတ်ယူလိုက်တာပါ။
ရှုံးတဲ့အခါမှာတော့ STOP LOSS ဈေးနှုံးနဲ့ အရှုံးခံ ရောင်းကြပါတယ်။

နေ့စဉ် တက်/ကျ နိုင်တဲ့ ရွှေဈေးနှုံး RANGE ကိုတော့ SAR (Average 5 Days) INDICATOR နဲ့ တွက်ယူကြပါတယ်။
6/5/2013 မှာ ရွှေဈေးနှုံးဟာ 1440.35 နဲ့ 1490 ကြားမှာ ကစားမယ်လို့ တွက်လို့ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လက်ကိုင်ထားတဲ့ INDICATOR များဟာ မတူနိုင်ပါဘူး။
မျိုးတူ INDICATOR တွေ အများကြီး ရှိလို့ပါ။
အခုခန့်မှန်းဈေးနှုံးတွေဟာ ကျွန်တော်တို့ အဖွဲ့ဝင်တွေအားလုံး သဘောတူတဲ့ အနီးစပ်ဆုံး တွက်ယူနိုင်တဲ့ INDICATOR တွေကရတဲ့ "အဖြေ" တွေပါ။
အမြဲတန်း မှန်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။
ဖြူကာ ပြာကာ ကျတာလည်း ခဏခဏပါ။
"ငါကွ" လို့ အကြိမ်ကြိမ်လည်း ကြွေးကြော်နေတုန်းပါပဲ။

ဒီကမ္ဘာ့ရွှေဈေးကို အခြေခံပြီး မြန်မာ့ရွှေဈေးက လိုက်ပြောင်းနေတာပါ။
6/5/2013 ဖွင့်မဲ့ဈေးက 1470.76 $ ဆိုတော့ မြန်မာ့ရွှေဈေးက
1470.76 / 1.875 = 784.405 X ဒေါ်လာဈေး 893/-ကျပ် = 700473.665 ကျပ်နဲ့ ဖွင့်ရမှာပါ။
ဘာကြောင့်မှန်းမသိ မြန်မာ့ရွှေဈေးက 999.9 ထက် အရည်အသွေးနိမ့်ကျသော်လည်း ဈေးနှုံးတော့ ပိုဖွင့်အုန်းမှာပါ။

၎/၅/၂၀၁၃ ပိတ်ဈေးကို ကြည့်ပါ။
ကမ္ဘာ့ရွှေဈေး=၁၄၇၀.၇၆ ဒေါ်လာ။
မြန်မာ့ရွှေဈေး=၇၁၀,၂၀၀-အလုပ်ဖြစ်။
ဒေါ်လာဈေး=၈၉၃/-ရောင်း။

တစ်သောင်းလောက် ပိုဖွင့်ဦးမှာပါ။
အဝယ်များလို့ ဈေးပိုတယ်ဆိုလည်း အရည်အသွေးညံ့တာလေးနဲ့ ချေလိုက်ရင် ကမ္ဘာ့ရွှေဈေးနဲ့လည်းတန်းတူထား တွက်နိုင်တော့ ပိုမကောင်းဘူးလားဗျာ။

အတတ်နိုင်ဆုံး နားလည်လွယ်အောင် ရေးသားထားပါတယ်။
နားမလည်ရင် COMMENT မှာ မေးမြန်းနိုင်ပါတယ်ဗျာ။

*John Woo
Win Tun
Than Htay
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...