Ads (728x90)

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖွယ်မရှိဟု အာဏာရပါတီပြောကြား

ဘာသာပြန်

မြန်မာနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်းနှင့် သို့ဖြစ်၍ သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အာဏာရပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါသည်။

၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိကာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်းအပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်းလုပ်ဆောင်ခဲ့ခြင်းကြောင့် International Crisis Group က ချီးမြှင့်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို မကြာသေးမှီက လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာအောင် လမ်းရှင်းပေးရန် အစီအစဉ်မရှိဟု ယခုပြောကြားသူမှာ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဖြစ်ပါသည်။

“ကျွန်တော်တို့ ပါတီကတော့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ အခုထိမစဉ်းစားရသေးပါဘူး”ဟု ၎င်းက ထိုင်း အခြေစိုက် မြန်မာသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုကာ ထွန်းကားခဲ့သော သားနှစ်ဦး စလုံးမှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် အခြေခံဥပဒေပါ စည်းကမ်းချက်အရ သမ္မတလောင်းစာရင်းဝင်ရန် အဟန့် အတားဖြစ်နေပါသည်။

NLD ပါတီ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဝင်ယှဉ်ပြိုင်ခွင့် ရသည့်တိုင်အောင် သမ္မတနေရာအတွက် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်ပြောကြား ထားသည်။

“လွှတ်တော်ထဲကပြိုင်ဖက်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပြင်းပြင်းထန်ထန်တားဆီးဖို့ကြိုးစား ကြပါလိမ့်မယ်”ဟု ၎င်းကမှတ်ချက်ပေးသည်။

သမ္မတကိုယ်စား ငြိမ်းချမ်းရေးဆုလက်ခံယူသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခွင့်ရအောင် အခြေခံဥပဒေကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ပြောဆိုထားချိန်တွင် ယခုကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦး၏ မှတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ “ဦးဋ္ဌေးဦး၏မှတ်ချက်မှာ ကျားကွက်တစ်ခုမျှသာဖြစ်ပြီး၊ နောက်ကွယ်မှ ဦးသန်းရွှေ၏ ကစားကွက် မဟာဗျူဟာကသာ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း” သုံးသပ် ပြောဆိုထားကြသည်။

@[100003042120084:2048:Yangon Chronicle]Chronicle 

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)

Yangon ChronicleChronicle

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)

By :
Tha Toee shared Tun Wai's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...