ရန်ကုန်၊ဧပြီ ၂
====================================
ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက်၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်လိုက်သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ်ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီးထွက်ဆိုမှု ကြောင့်
ကောလဟာလ သတင်းများထွက်ရှိခဲ့ကြောင်း ၊ယခုအခါ စစ်ဆေးချက်များအရ အဖြစ်မှန်ကို သိရှိနေရပြီဖြစ်ကြောင်းပြောကြားကြသည်။
"တကယ်တမ်းစပြီးတော့ မီးအားမြင့်စက်အသံမြည် တယ်။ခလေးတွေက နိုး တယ် နောက်တော့ ဗလီဆရာကို နိုးတော့ မနိုးဘူးလို့ သိရတယ်။ မီးပြတ်ရင် စက်ရှိတယ် တဲ့။တရုတ်နီ ၂၅ ကောင်အား ဒီဇယ်သုံးတာပါ။ လှေခါးရဲ့အောက်မီအားမြင့်စက်အောက်မှာ ဒီဇယ်ဗုံးရှိပါတယ်။
ဒီဇယ်ဆွတ်ထားတဲ့ စောင်ကိုဖြန့်ပြီးပစ်မလား၊ထွက်ဆိုချက်တွေ လွဲနေပြီ ဆိုတော့ မှ ၀န်ခံပါတယ်။ခလေးတွေ ကပြော တယ်။လှေကားအောက် မီးအားမြင့်စက်နားမှာ ဒီဇယ်ဗုံး ထားတာပါ။
၅ဂါလံဗုံးက ဒီအထဲကိုရောက်နေမလား။ သူ့ကြောင့် ခလေးတွေ ဆုံးတာကို တမင် လွဲပြောထားတာ။ ၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။
AH(NYK)
Popular Myanmar News Journal
အဓိက တာဝန်ပျက်ကွက်တဲ့သူက ဗလီမှာ အိပ်တဲ့ ဆရာပေါ့။
သူဘာတွေ ပျက်ကွက်လဲဆိုတော့ သော့တွေသူ့လက်ထဲမှာရှိ
ရဲ့ သားနဲ့ ၂ထပ်ခေတ်ထားတဲ့ သော့တွေကို သူဖွင့်လို့ရရဲ့ သား
နဲ့ ဘာလို့မဖွင့်ပေးတာလဲ။
ဗလီဆရာ က သူ့ အပြစ် လွတ်အောင် ကောလဟာလ တွေ
လျှောက်ပြောနေတွေရှိတယ်။
မီးသတ်ကားတွေရောက်မှ မီးသတ်ကနေပြီး ဒီသော့ ၂လုံးကို
ဖျက်ပြီးတော့မှ ကလေးတွေကို ဆွဲထုတ်ရတယ်။ ဗလီထဲမှာ
ကလေးက အယောက်(၇၀)လောက် ရှိနေတာ ။
အဆိုပါ မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ အဖြစ်မှန်နှင့် စပ်လျဉ်းပြီး
အစ္စလာမ် ဘာသာ ရေးအဖွဲ့ကြီး၅ဖွဲ့မှ တာဝန်ရှိသူများနှင့်ဘာ
သာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ လေးဖွဲ့မှ ဘာသာရေး ခေါင်း
ဆောင်များနှင့် တွေ့ဆုံပြီးရှင်းလင်း ပြောကြားပြီးဖြစ်ကြောင်း
ပြောကြားသည်။
(ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ)
(ခရက်ဒစ်တူ- အွန်လိုင်းနေ.စဉ်စာမျက်နှာ)..

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။