Ads (728x90)

Photo: ဗလီဥက္ကဌနှင့် ကျောင်းဥက္ကဌဖြစ်သူ ဦးဘနီ၏ပြောကြားချက်
.......................................................................................
Credit to U Ye Htut

"ကျွန်တော်လည်း သတင်းကြားကြားချင်းရောက်လာတာပါ။ ကျောင်းက ပိတ်ထားရာကနေ ပြန်ဖွင့် တာ နှစ်ရက် ပဲ ရှိပါသေးတယ်။ လမ်းထဲက ရပ်ကွက်သူ ရပ်ကွက်သားတွေကလည်း အတော်စောင့်ရှောက်ကြပါတယ်။ ဒါ့ကြောင့် ဒီရက် ပိုင်း အရင်ကျောင်းပိတ်ထားရာကနေ ပြန်ဖွင့်လိုက်တာပါ။ ဒီကလေးတွေကို ရပ်ကွက်က ကိစ္စတစ်ခုခုရှိရင် ခေါ်ခိုင်းတာ တွေ ရှိပါတယ်။ ပြီးတော့ လိုအပ်တာတွေကို ရပ်ကွက်က ၀ိုင်းပံ့ပိုးကြပါတယ်။ ဒီရပ်ကွက်ကို ကျွန်တော်တို့ သိတ်စိတ်ချ ပါတယ်။ ကလေးတွေက ဒီလမ်းထဲမှာပဲ အားလပ်ရင် ဆော့ကစားတယ်။ ဒီလမ်းက သိတ်စိတ်ချရတယ်။ ဒါ့ကြောင့် ကျောင်းပိတ်ရက်မှာ ကလေးတွေစာတွေမေ့သွားမယ်ဆိုပြီး ပြန်ဖွင့်တာ အခုမှ ၂ ရက်ပဲ ရှိပါသေးတ။် အခုဖြစ်တော့ တံခါး တွေက ပိတ်ထားတော့ ကလေးတွ မီးခိုးတွေမွှန်ပြီး သေရတာပါ။ အောက်ထပ်က စာသင်တဲ့ အဆောင်ပါ။ ရှေ့ဘက်မှာ ၀တ်ပြုဆောင်ရှိပါတယ်။ မီးလောင်စရာတော့ ကြီးကြီးမားမား ပစ္စည်းမရှိပါဘူး။ သစ်သားကြမ်းခင်းနဲ့ စီလင်ကလည်း သစ်သားပါ။ ဒါလောက်ပဲရှိတာပါ။ အခုတော့ မီးလောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ ပြောပါ တယ်။ မီးလောင်ချိန်ကတော့ သိတ်မကြာလိုက်ဘူး။ ကျောင်းက ကျောင်းသား ၇၀ ကျော်လောက်ရှိတာမှာ အပေါ်ထပ်မှာ နေတဲ့ ၁၃ ယောက်သေသွားတယ်။ ကျန်တဲ့ကလေးတွေကိုတော့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာရှိတဲ့ ဗလီကို ရွှေ့ပြောင်း ပေးထားပါတယ်။ အခု ဒီကျောင်းမှာ တက်နေတဲ့အချို့က မိဘရှိသူလည်းရှိပါတယ်။ အချို့ကတော့ နယ်ဘက်က မိဘ မဲ့ တွေ ဖြစ်ပါတယ်။ မိဘမဲ့တစ်ချို့ကိုတော့ မင်္ဂလာတောင်ညွှန့် ဗလီမှာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ အချို့ကိုတော့ သူတို့မိဘတွေလာခေါ်သွားတယ်လို့ သိရပါတယ်"ဟုပြောကြားသည်။

ကျောင်းဆရာဦးဆာအိ က သတင်းစဉ်( ပြည်တွင်း) သို့ ပြောကြားချက်

ဒီမှာအိပ်တာက ဘော်ဒါဆရာနှစ်ယောက်နဲ့ ကျောင်းသား၇၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့ကတော့ စာသင်ပြီး ပြန်တာပါ။ ကလေးငယ်တွေကို အပေါ်ထပ်မှာ သိပ်ပါတယ်။ ကလေးအလတ်တွေနဲ့ ဆရာတွေကတော့ အောက်ထပ်မှာ အိပ်ပါတယ်။ မီးလောင်တာကို သူတို့ ငြိမ်းသတ်ကြတယ်။ နောက်တော့ လှေကားတွေ မျက်နှာကြက်တွေမီးလောင်ပြီး အပေါ်ထပ်က ကလေးတွေ ဆုံးသွားတာပါ။
(Photo- AFP)
Messenger News Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...