Ads (728x90)







မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ ၀န်ထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် သစ်တော ဥပဒေများကို အလွဲသုံးစားပြုနေပုံများအား သမ္မ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးများ သိအောင် တင်ပြချင်ပါတယ်။

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ နေထိုင်တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်သန့်ရှင်းသော အစိုးရဖြစ်စေလိုသူတစ်ဦးဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် သစ်တော သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပါသည်။သစ်တော သယံဇာတ ပေါကြွယ်ဝပြီး ကျွန်တော်တို့ပြည်သူတွေကတော့ ဈေးကြီးပေးဝယ်သုံးရပါတယ်။ မ၀ယ်နိုင်သူများကတော့ မိမိတို့အိမ်သုံးရန် အတွက် တောထဲမှ သစ်ခုတ်ရောင်းသူများထံမှ ၀ယ်ပြီး သယ်ယူလာကြပါတယ်။ မိမိတို့အိမ်သုံးအတွက်သစ်ခွဲသားများနှင့် ၀ါးများသယ်ဆောင်လာပါက တရားမ၀င်ခိုးသယ်လာတယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ သစ်တောဝန်ထမ်းများက ငွေကြေးတောင်းခံပါတယ်။ မပေးနိုင်ပါက ဖမ်းဆီးအရေးယူထောင်ချခြင်းခံရပါတယ်။ ကျွန်တော်တို့က တရားမ၀င်သယ်လာတာမှန်ပေမယ့် ခိုးယူလာတာမဟုတ်ပါဘူး။ တောထဲမှ ခုတ်ရောင်းကြတဲ့အတွက် မိမိတို့အိမ်သုံးရန်ဝယ်ယူလာတာပါ။ တရားဝင်တဲ့သစ်ကို ၀ယ်မယ်ဆိုတော့လဲ သစ်တောက ရောင်းမပေးပါဘူး။ ကျွန်တော်တို့ မုံရွာမြို့မှာဆိုရင် တရားဝင် သစ်ဆိုင်တွေ တရားမ၀င်သစ်ဆိုင်တွေ အများကြီးရှိပါတယ်။ ဒီဆိုင်တွေမှာ ရှိတဲ့သစ်ခွဲသားတွေကရော ဘယ်လောက်အထိ တရားဝင်တယ်ဆိုတာ သိချင်ကြပါသလား။ ဒီဆိုင်တွေမှာ တင်ရောင်းနေတဲ့ သစ်ခွဲသားတွေကလည်း ကျွန်တော်တို့အိမ်သုံးအတွက် တောထဲမှ သယ်ယူသလိုမျိုး သယ်ယူလာကြတဲ့ သစ်တွေပါပဲ။ တရားဝင်တဲ့သစ်ကို ဘယ်နေရာမှာဝယ်သုံးရမလဲ ညွှန်ပြပေးကြပါ သစ်တော ၀န်ထမ်းကြီးများခင်ဗျာ။ ၄င်းပုဂလိက သစ်ဆိုင်များထံမှ သစ်တောဝန်ထမ်းတွေက လကုန်ရင် ခွဲတမ်းတဲ့၊GDP တဲ့၊ ညွှန်ကြားရေးမှူးကန်တော့ဖို့တဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ကန်တော့ဖို့၊ ဦးစီးအရာရှိ ကန်တော့ဖို့၊ ယခုခေတ်စားနေတဲ့ KTV ကြေး စတာတွေကို လကုန်တာနဲ့ ဆက်ကြေးတောင်းသလို လိုက်တောင်းနေကြတာ ကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ဖို့ တင်ပြတာပါ။ မုံရွာမြို့နယ်မှ ၀န်ထမ်းတွေဆိုလည်း ညစဉ်ညတိုင်း KTV မှာ ကုန်သည်တွေနဲ့အတူ စားကြသောက်ကြ ပျော်ကြတာ လည်းမျက်မြင်ပါပဲ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ သစ်ထုတ်ယူအများဆုံးနဲ့ သစ်ခိုးမှု အများဆုံးလို့ထင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ သစ်တော ၀န်ထမ်းတွေဆိုလည်း အဂတိလိုက်စားမှု၊ လာဘ်လာဘရယူမှု အများဆုံး ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးက သစ်ထုတ်ကုမဏီ ကြီးတွေက သစ်ခိုးထုတ်ပြီးလာကန်တော့ကြရင် ပြုံးပျော်လို့ပါ။  လက်အောက်ငယ်သားဝန်ထမ်းတွေကိုတော့ ဆဲလိုက်၊ ငေါက်လိုက် နဲ့ သူနဲ့အဆင်မပြေတဲ့သူတွေကို ဟိုပြောင်း၊ ဒီပြောင်းနဲ့၊ အဆင်ပြေတဲ့သူလာကန်တော့တဲ့သူတွေကိုတော့ မပြောင်းပါဘူး။ ၀န်ကြီး၊ ဒုဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲတွေဆိုလည်း ပြည်သူတွေ၊ လုပ်ငန်းရှင်တွေမေးချင်တဲ့ မေးခွန်းတွေမေးခွင့် မပေးပဲ သူစီမံတဲ့ မေးခွန်းတွေကိုသာ မေးခွင့်ပြုတာပါ။ ဒါဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ဆောင်ချက်တွေပါ။ ညွှန်ကြားရေးမှူးကြီးတောင် ဒီလောက်အကျင့်ပျက်နေရင် သူရဲ့တပည့်ရင်းတွေဆိုရင် ဘယ်လောက်ဆိုးမလဲ စဉ်းစားကြည့်ကြပါ။

တရားဝင်ဝယ်ယူကြတဲ့၊ တရားဝင်လေလံ ဆွဲယူထားတဲ့သစ်တွေ သစ်ခွဲသားတွေကို ရန်ကုန် မနလေးမြို့များသို့ တိုင်းကျော်သယ်ယူရာတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ အဆင့်ဆင့် ပေးရသောနှုံးထားများကို မျှောသယ်ယူလျှောက်ထားသူများထံမှ အောက်ပါအတိုင်းပေးရသည်ဟုသိရပါတယ်။

မြို့နယ်ဦးစီး အရာရှိ တစ်တန်လျှင် 1000ကျပ်နှုံး၊ မြို့နယ်တောအုပ်ကြီးတစ်တန် 700 ကျပ်နှုံး၊ မြို့နယ်စာရေးမ မျှောရေးခ တစ်တန် 300ကျပ်နှုံး၊ မြို့နယ်မှာ စုစုပေါင်းတစ်တန်လျှင် 3400ကျပ်ပေးရပါတယ်။ ခရိုင်မှုး A.D 300 ကျပ်၊ ခရိုင်ရုံးအဖွဲ့ 350ကျပ်၊ ခရိုင်တောအုပ်ကြီးအဖွဲ့ 300ကျပ်၊ ခရိုင်ဦးစီးအရာရှိ 200ကျပ်၊ ခရိုင်မှာ စုစုပေါင်း တစ်တန်လျှင် 1150 ကျပ်ပေးရပါတယ်။ တိုင်းရုံးခေါ် ညွှန်ကြားရေးမှူးရုံးအတွက် တစ်တန်လျှင် 1000ကျပ် နှုံးပေးရပါတယ်။

သစ်ခွဲသားတစ်တန်လျှင် တိုင်းကျော်သယ်ယူခ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်ပေးရငွေ စုစုပေါင်း 5550 ကျပ် ပေးရပါတယ်လို့မျှောစာနှင့် သယ်ယူသူများထံမှ တိတိကျကျကြားသိရပါတယ်။ တရားဝင်သစ်ခွဲသား သယ်ယူတာတောင် ဒီလိုပေးရရင် တရားမ၀င်သယ်ယူတယ်ဆိုရင်ဖြင့်တော့ တွေးကြည့်ကြပါလို့ သမတကြီးနှင့် သက်ဆိုင်ရာလူကြီးများသိစေလိုပါတယ်ခင်ဗျား။



From: waha ha <wahaha478@gmail.com>
Subject: သတင်းတင်ပေးပါရန်
To: punkboystar@gmail.com
Cc: babypunkghost@gmail.com


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...