Ads (728x90)

Photo: "နားလှည့်ပြီးပါးရိုက်ခြင်း" 

အင်္ဂလန်နှင့်အခြားဥရောပတိုင်းပြည်တွေက ကျောင်းတွေရော၊အမေရိကန်ကကျောင်းတွေပါ ကမ္ဘာ့ဘာသာကြီးလေးမျိုးကို လေးစားလို့ဆိုပြီး၊ ဗုဒ္ဓဘာသာ ကို ထည့်သွင်း၍ ကျောင်းများတွင် သင်ပေးခြင်းလုံးဝ(လုံးဝ) မရှိပါဖူး။ ဒါကြောင့်မို့လို့မြန်မာအစိုးရနှင့်အမေစုအပါအဝင် မြန်မာနိုင်ငံပါလီမန် အမတ်မင်းများကလည်းယောင်ယောင်အမှား မှားနဲ့သဘောအကောင်းလွန်ပြီး၊ အခုဘာသာပေါင်းစုံအဖွဲ့က တောင်းဆိုလိုက်တ ဘာသာလေးမျိုးကို မြန်မာနိုင်ငံရဲ အစိုးရကျောင်းသင်ခန်းစာတွေမှာထည့်သွင်းသင်ကြားပေးရန်ဆိုတဲ့၊တောင်းဆိုချက်ကိ လုံးဝ(လုံးဝ) ခွင့်မပေးသင့်ပါဖူး။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဗုဒ္ဓဘာသာ Strong Hold တိုင်းပြည်ပါ။ ဘယ်မူဆလင်နိုင်ငံ၊ခရစ်ယာန်နိုင်ငံမှာမှ၊ ဗုဒ္ဓဘာသာကိုထည့်သွင်းမသင်ပါဖူး။ မြန်မာတွေ မအ မနကြပါနဲ့လို့၊သူများနိုင်ငံက လာရောက်ချယ်လှယ်တာ မခံကြပါနဲ့။ ဘာသာရေးကို အစိုးရကျောင်းတွေအထိ ကြုံးသွင်းတာကိုလည်းမခံလိုက်ကြပါနဲ့။ နိုင်ငံ ၂၃နိုင်ငံကို အကျွန်ုပ်ကိုယ်တိုင်လှည့်လည် ကြည့်ရှူပြီးပါပြီ။ မိမိ'အ' လျှင် မိမိတိုင်းပြည် ခံရမည်။ မိမိ၏ ပြည်သူပြည်သားများခံရမည်။ ကမ္ဘာပေါ်တွင်၊မြန်မာနိုင်ငံသည်၊ အလွန်ရှားပါးသော၊အနည်းငယ်မျှသာကျ န်တော့သော၊အဖိုးတန်ကမ္ဘာကျော် ဗုဒ္ဓဘာသာ တိုင်းပြည်တခုဖြစ်ပါသည်။ မိမိတိုင်းပြည်၏ အဖိုးထိုက်တန်မှုကိုမိမိတို့ကိုယ်တိုင်သိကြပါစေ။ ကမ္ဘာ့သူ ကမ္ဘာသားတော်တော် များများက၊မြန်မာနိုင်ငံသည်အလွန်အဖိုးထိုက် တန်သော ထေရဝါဒဗုဒ္ဓဘာသာ တရားထူးတရားမြတ်များကိုပိုင်ဆိုင်သည်ဟု ယုံကြည်ကာ၊ဟိုးယခင်ခေတ်များကတည်းက နိုင်ငံခြားသားများလာရောက် တရားအားထုတ်လျှက်ရှိကြပါသည်။ ထိုဘာသာလေးမျိုး မြန်မာအစိုးရကျောင်းများတွင် သင်ကြားပေးပါရန် ဆိုသည့်တောင်းဆိုချက်မှာ၊ ဥပမာပြောရလျှင်၊ "နားလှည့်ပြီးပါးရိုက်ခြင်း"သာဖြစ်၍ အထူးလက်ဆင့်ကမ်းအသိပေးကြပြီး အမြန်ဆုံး၊ အချိန်မှီ တားဆီးကြပါဟုလေးနက်စွာ တိုက်တွန်းလိုက်ရပါသည်။ 

(စန္ဒီသင်းမာဦး-၀၂.၀၄.၂၀၁၃)
သဘောပေါက်ကြပါ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...