
ရာဇ၀င်အဆက်ဆက်မှသည်..
အချိန်ကာလတိုင်တည်၏...
ရခိုင်ဟူသည်မှာကား... အမျိုးသီလကို
ထိန်းသိမ်းစောင့်ရှောက်ခဲ့တာ.. ကမ္ဘာမြေမှာထင်ပေါ်...
မြတ်သောအကျင့်နဲ့ ခရီးဆက်လာပြီ....
မဟာနွယ်မျိုးရိုးသမိုင်းမှာ..
အစဉ်အလာအဖိုးအဖီးရှင်တို့...
ဂန္ထ၀င်ကဗျာဂီတ.. ကမ္ဗည်းမော်ကွန်းစာ....
နှလုံးသွေးများနဲ့ ရေးလာ.. သံစဉ်ဟန်ချိုမြ
ညွှန်ပြနေတယ်ကျောက်စာမှာ.....
သုခုမ အနုပညာ၊ အဖိုးထိုက်တန်တဲ့အဖလက်ရာ
လေးစားဂုဏ်ယူ အခမ်းနားဆုံးရတနာ.....
လက်ဆင့်ကမ်း၊ ရိုးရာအမွေ၊ လှမ်းလို့ဆောင်ယူပါ
လေးရပ်ဝတီ အားလုံးတာဝန်ပါ......
လာပါလာ... ရောက်အောင်လာ... ရခိုင်စည်တော်များ တီးချိန်မှာ...
ဒီအချိန်မှာ.. အရောက်လာပါ... ရခိုင်ဆိုတဲ့အသိ ရှိရင်လာ...
လာပါလာ... ရောက်အောင်လာ... ရခိုင်ဗဟိုရ်စည်ကြီး တီးချိန်မှာ...
ဒီအချိန်မှာ.. အရောက်လာပါ... ရခိုင်ဆိုတဲ့အသိ ရှိရင်လာ.....
ဘယ်လိုအကြောင်းများကြောင့်မဆို... ပင်ကိုရိုးသားတဲ့စိတ်
ခိုင်ခိုင်မာမာ ကိုယ့်အမျိုးဂုဏ်သိက္ခာ...
ညိုးနွမ်းပျောက်ပျက်မသွားအောင် ပြန်လည်ဆင်ခြင်ရင်း....
““ရခိုင်သားဆိုလျှင် အစွမ်းဖော်ပါ””
(၀င်းကိုခိုင်-မဟာနွယ်)
Video Link => http://youtu.be/hdhWt4ppqKY

ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေးတပုဒ်ပါဗျာ မနေ့ ညကတောင် အဲ့ သီချင်းလေးကို
အကိုတစ်ယောက်နဲ့ အတူတူတွဲပီးတော့ ဆိုဖြစ်ပါသေးတယ် ကျွန်တော်ကမြန်မာပေမယ့် 
ရခိုင်ရိုးရာ ဇာတိမာန်သီချင်းလေး လိုက်ဆိုပြီးကြက်သီးတဖြန်းဖြန်းထတဲ့ အဖြစ်ကိုအဲ့ ဒီသီချင်း
နားထောင်တိုင်းဆိုတိုင်းမှာဖြစ်ပေါ်တယ်ဗျာ တကယ် ကောင်းတဲ့ သီချင်းလေးတပုဒ်ပါ :)

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။