Ads (728x90)

လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှုများအား တည်ဆဲဥပဒေများနှင့်အညီကိုင်တွယ်
ဆောင်ရွက်မည်
Monday, March 25, 2013

လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံး ကိုအစိုးရအဖွဲ့မှ တည်ဆဲဥပဒေများ နှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သတင်း ထုတ်ပြန်ရေးအဖွဲ့မှ 
သတင်း ထုတ်ပြန်ချက်(၇/၂၀၁၃)ဖြင့် မတ်လ၂၅ရက် နေ့ည ၈နာရီတွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင်အကြမ်းဖက်မှု၊ မီး လောင်ကျွမ်းမှုနှင့် အဓိကရုဏ်း များကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူလူထု၏ အရေးပေါ်စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက် သွားမည်ဖြစ်ပြီးလုံခြုံရေး အခြေအ နေတည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည် နေရာချ ထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထု
အခြေပြု လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် လက်တွဲဆောက်ရွက်သွားမည်ဖြစ်ပြီး ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်မည့်
ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံ
ဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင် နေသည်ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် လည်း အစိုးရအဖွဲ့မှ ပြည်သူများကို တိုက်တွန်းထားသည်။

Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...