Ads (728x90)


(ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသောဘိတ၏ ပုံ)

(ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသောဘိတ၏ ပုံ)

 

          ၂၀-၃-၂၀၁၃-ညနေ ငါးနာရီခန့်မှာ ကျဆုံးခဲ့ရရှာသော ဦးပဉ္စင်းကြီး ဦးသောဘိတသည် သာစည်မြို့နယ်၊ ဟံဇားအုပ်စု၊ ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက်မှာ သတင်းသုံးနေထိုင်သူ ဖြစ်ပါသည်။

          သက်တော်(၄၅)နှစ်အရွယ်၊ သိက္ခာ(၂)ဝါ၊ တောထွက် ဦးပဉ္စင်းကြီး ဖြစ်ပါသည်။ ၄င်းသည် သဲတောမြို့ အရှေ့ဘက် ဒုန်းကုန်းရွာဇာတိ ဖြစ်ပြီး၊ ဦးမြရင်+ဒေါ်အိတို့၏သား ဖြစ်ပါသည်။ ငယ်စဉ်က သဲတောမြို့ မြနှင်းဆီစာသင်တိုက်မှာ ပထမငယ်တန်း အောင်မြင်သည်အထိ ရှင်သာမဏေဘဝဖြင့် ပညာဆည်းပူးကာ လူဝတ်လဲသွားခဲ့ခြင်း ဖြစ်ပါသည်။

          လူအမည်မှာ မောင်တင်ထွန်း ဖြစ်ပါသည်။ ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော်ဦးပဏ္ဍိစ္စသည် ကွယ်လွန်သူ ဦးသောဘိတနှင့် သဲတော်မြို့ မြနှင်းဆီစာသင်တိုက်မှာ စာသင်ဘက် သူငယ်ချင်းဖြစ်ပါသည်။ ဦးသောဘိတသည် ဇနီး ဒေါ်…..နှင့် သားတစ်ယောက်  သမီးတစ်ယောက် ထွန်းကားခဲ့ပါသည်။ ၄င်းသည် သူငယ်ချင်းဖြစ်သူ ဦးပဏ္ဍိစ္စထံ လာရောက်ရဟန်းခံသည်မှာ (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ ၂၀-၃-၂၀၁၃-ရက်နေ့ ညနေ(၄း၃၀)ခန့်တွင် ကလေးသူငယ်လေးများ ယဉ်ကျေးလိမ္မာ သင်တန်းအတွက် စာအုပ်လိုအပ်နေ၍ မိတ္ထီလာသို့ စာအုပ်လာဝယ်ခြင်း ဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးငယ်(၂၀၀)ကျော်ရှိပြီး (၃၈)ဖြာမင်္ဂလာ စာအုပ်က (၁၃၀)သာရှိသောကြောင့် သင်တန်းဆင်းသည်နှင့် ချက်ချင်း အရေးပေါ်ဈေးတက် ဝယ်ခြင်း ဖြစ်ပါသည်။

          ဆိုင်ကယ် မောင်းသူမှာ ဦးတင်မောင်ဝင်း(ခ)ကုလား ဖြစ်ပြီး၊ ၄င်း၏(၄)နှစ်အရွယ် သမီးလေးကလည်း ယဉ်ကျေးလိမ္မာသင်တန်းတက်နေသည့် အပြင် ဦးသောဘိတသွားလေရာ ဦးတင်မောင်ဝင်း(ခ)ကုလား အသက်(၄၀)ကို ခေါ်သွားလေ့ရှိကြောင်း သိရပါသည်။

          ဦးကုလားရော ဦးသောဘိတပါ မိတ္ထီလာမှာ ဖြစ်ပျက်နေသည်ကို လုံးဝမသိရဘဲ ဝယ်နေကျဖြစ်သော မိတ္ထီလာဈေးအနောက်ဘက် "ကျော်ဇောလင်း"ဆိုင်မှာ (၃ဂ)ဖြာ မင်္ဂလာစာအုပ်ဝယ်ဖို့သာ စိတ်ထက်သန်နေ သည်ဟု သိရပါသည်။

          ဦးသောဘိတသည် အနီးအနားသွားလျှင် ဆိုင်ကယ်နောက်ခုံမှာ ဘေးတိုက်ထိုင်စီးလေ့ရှိပြီး၊ မိတ္ထီလာသွားရာတွင် ခရီးဝေးသောကြောင့် နောက်မှ ခွထိုင်စီး၍ သွားခဲ့ခြင်းဖြစ်ပါသည်။

          ညနေ ငါးနာရီခန့် တော်ဝန်နန်းစားသောက်ဆိုင် မီးပွိုင့်အတက်တွင် လမ်းမကြီးဘေး ဝဲဘက်ယာဘက် ပလက်ဖောင်းပေါ်၌ ဓားများ၊ စတီးလ်လုံးများ၊ သံလုံးများ ကိုယ်စီကိုင်ဆောင်ထားသော မူဆလင်လူတန်းရှည် ကြီးကို တွေ့ရှိလိုက်ရာ ဦးတင်မောင်ဝင်း(ခ)ကုလားက "အခြေအနေ မကောင်းဘူး၊ ပြန်လှည့်ရအောင်"ဟု ဦးသောဘိတကို ပြောပါသည်။

(ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)

(ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)

          ဦးသောဘိတက "သူတို့အချင်းချင်း ရန်ဖြစ်တာနေမှာပါ။ ကျုပ်ပါပါတယ်။ ဆက်သာမောင်းပါ"ဟု ပြောဆို၍ ဆက်မောင်းရာ မေတ္တာကားဂိတ်လမ်းမပေါ်တွင် ဖျက်ဆီးခံထားရသော ဆိုင်ကယ်တစ်စီး ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ကြရပါသည်။

          ထုံးအိုးကြီး ကွမ်းယာဆိုင်ဒေါင့်အရောက်တွင် ကောက်ဆွ(ခရင်း)ကြီး ကိုင်ထားသော မူဆလင်တစ်ယောက် ဘယ်ဘက်ပလက်ဖောင်းမှ ဖြတ်ကူးလာသည်ကို ဆိုင်ကယ်မောင်းသူ ဦးတင်မောင်ဝင်း(ခ)ကုလားက ဘက်မှန်ထဲမှ တွေ့မြင်လိုက်ရပါသည်။

          ထိုကောက်ဆွကြီးဖြင့် အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ အုံးခနဲ အသံကြီးနှင့်အတူ ဦးသောဘိတ ခန္ဓာကိုယ်က ဦးတင်မောင်ဝင်းပေါ်ကို ပိကျသွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသောဘိတကပါ "သာစည်ကပါ၊ ဟံဇာကပါ၊ စာအုပ်လာဝယ်တာပါ။ ဘာမျှ မသိရပါဘူး။"ဟု တောင်းတောင်းပန်ပန် မေတ္တာ ရပ်ခံခဲ့ကြပါသည်။ ထိုအချိန်တွင် ဆိုင်ကယ်ဘီလှိမ့်ရုံသာ ဖြေဖြေလေးမောင်းထားပါသည်။ ရှေ့တည့်တည့် လမ်းမကြီးပေါ်တွင်လည်း ကုလားအုပ်ကြီးက ပိတ်ဆို့ထားပါသည်။

          ထိုတောင်းပန်နေချိန်မှာပင် ဦးသောဘိတ၏ ဘယ်ဘက်နားထင် လေးခွမှန်သွားပါသည်။ ကျောကုန်းကို တဗုန်းဗုန်း ရိုက်သံကြားနေရပါသည်။ ဓားဖြင့်ခေါင်းကို လွှဲခုတ်လိုက်သည်ကို မြင်လိုက်ရပါသည်။ ဦးသောဘိတ ဘယ်ဘက်ကို ခွေခွေလေး ပြုတ်ကျသွားပါသည်။ ဆိုင်ကယ်ဒေါက်ထောက်ပြီး ဦးသောဘိတကို ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေးတစ်ယောက်ပြေးလာပြီး ဦးသောဘိတကို ပွေ့ထူပေးပါသည်။ နာရွက်အထက် နောက်စေ့မှ သွေးတွေ ဒလဟော စီးကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေနေရာ လုံးဝတင်လို့ မရတော့ပါ။

          ဆိုင်ကယ်ပေါ်တွင် ပွေ့တင်နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ ခြေနှင့်ဆောင့်ကန်ရာ ရှေ့ဘီးတာယာ ပျက်စီးသွားပြီး၊ လက်ကိုင်နှင့် ရှေ့ပိုင်းလည်း ဓားထိသွားပါသည်။ ဆိုင်ကယ်လည်း လဲကျသွားပါသည်။ ဦးတင်မောင်ဝင်း လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမဦးဆုံး ရိုက်သည့်ကုလားကြီးက ငါးဂါလံဆံ့ အဝါရောင် ပုံးတစ်ပုံး ထမ်းလာရင်း "မီးရှို့မီးရှို့"-ဟု အော်ပြေးလာသည်ကို တွေ့လိုက်ရပါသည်။

          ထိုစဉ် "ဒကာကြီးလွတ်အောင်ပြေး"ဟု ဦးသောဘိတက အားကုန်အော်ပြောပါသည်။ ဦးသောဘိတကို ပွေ့ထူဖို့လာသော ဘောင်းဘီတို ဝတ်ထားသော ကလေးလေးကလည်း "ဦးလေးပြေးတော့ ပြေးတော့"ဟု အော်ပြောပါသည်။

          ဦးသောဘိတအား သဲကြီးမဲကြီး ရိုက်နှက်နေကြ ချိန်တွင် ဦးတင်မောင်ဝင်းကို လုံးဝ ပစ်မှတ်မထားပါ။ ဦးတင်မောင်ဝင်းကို အသားကညို၊ မုဆိတ် ပါးပြိုင်းမွှေးတို့ကလည်း ရှိနေ၍ ကုလားဟု တင်ပုံရပါသည်။ ဦးတင်မောင်ဝင်းလည်း ဆိုင်ကယ်မောင်းပြေးရာ ခဲတွေ၊ တုတ်တွေ၊ ဓားတွေနှင့် ပစ်ပေါက်ထုနှက် ကြပါတော့သည်။

          "အဲဒီကောင် ဗမာ လိုက်."ဟု ပြောသံတွေကြားရပြီးမှ ခဲမိုးတွေရွာခြင်း၊ တုတ်ဆွမ်းဓားဆွမ်း လောင်းကြခြင်း ဖြစ်ပါသည်။ ဆိုင်ကယ်သုံးချက် အခုတ်ခံလိုက်ရပါသည်။

          တံတားထိပ်ရောက်သည့်အခါ မြန်မာလူအုပ်ကြီးနှင့် တွေ့ပါသည်။ "ကယ်ကြပါဦး၊ ဦးဇင်းတစ်ပါး အသက်ခံရပြီ" ယဉ်ကျေးမှု စာအုပ်လာဝယ်တာပါဟု ပြော၍ အကူအညီတောင်းလိုက်ပါသည်။ လက်နက်မပါသည့် မြန်မာလူအုပ်ကြီး တုတ်ဓားလက်နက်ကိုင်ဆောင်ထားသော ကုလားလူအုပ်ကြီးဘက် ထွက်ခွါသွားပါသည်။

 

 

 

by Wira Thu (Notes) on Monday, 25 March 2013 at 14:37

  • MsKhin Ei EiTin ဒီဘ၀ ဒီမျှနှင့်သာ ကျေမှာပါ။ နောင်ဘ၀၊ ဘ၀တွေမှာ ကောင်းကျိုးချမ်းသာ အဖြာဖြာကို ရရှိပိုင်ဆိုင်ပြီး နိဗာန်မဂ်ဖိုလ်ကို မငြိုမငြင် မပင်မပန်း မဆင်းမရဲ... ရက်တိုတိုနဲ့ ရောက်ရှိနိုင်ပါစေ။
  • Wah Wah Win မိုက်ရိုင်းလိုက်ကြတာပြီးရင်ပြောဦးမယ်မြန်မာတွေလွန်တယ်လို့အရှင်ဘုရားကောင်းရာသုဂတိရောက်ပါစေ
  • Wah Wah Win ကုလားတွေကအဲဒီအကြောင်းကိုမဟုတ်တာတွေပြောနေကြတယ်ဘုရားဘုန်းကြီးအတုဗလီထဲမီးဝင်ရို့တာမီးလောင်တာတဲ့ဘုရားဖြစ်နိုင်ရင်English လိုရေးပြီးတင်ပေးပါလားဘုရားနိုင်ငံတကာကသိအောင်
  • Thadarkyaw Blackplarl စိတ်မကောင်းအရမ်းဖြစ်ရပါတယ်ဘုရား။
  • Sandi Aunglove မတရားခြင်း များနေတဲ့ လောက ကြီးပါ ဘုရား .. အရမ်းစိတ်မကောင်းဖြစ်ရပါတယ် .............
  • Win Win Yee ၀ဋ်ရှိခဲ့ရင်ဒီဘ၀နဲ့ ကျေပါစေဘုရား၊
  • Qing Minya အဂ်လိပ်လို ဘာသာပြန်ခွင့်ပြုပါဘုရား။
  • Nang Khinoo grate. thanks .........
  • Maha Thumana ဘာ့ကြောင့် ဒီလောက်အထိ ဖြစ်သွားရတယ် ဆိုတဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မလိုက်ဘဲ ဗုဒ္ဓဘာသာဝင်တွေအပေါ် အပြစ်ပုံချတဲ့ အရေးအသားတွေ ဖတ်နေရချိန်မှာ အကြောင်းဇာစ်မြစ်ကို မှန်ကန်စွာ သိခွင့်ရတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ စိတ်မချမ်းမမြေ့လည်း ဖြစ်ရပါတယ်။ ဖြစ်နိုင်ရင် ဥ...See More
  • Thu Ra ကုလားတွေ ကို အဆိတ်ငွေ့ ပေးပြီး သတ်ပြစ်ဖို့ ကောင်းတယ်။ ဒါမှ မဟုတ် ဒီကောင် တွေ ဗလီ တက်နေတုံး လက်ပစ်ဗုံး ပစ်ထည့်ရရင်ကောင်းမယ်။
  • Shwe Min Won ဆရာတ်ာဘုရား ရဲ့ ဝဋ်ကြွေးတွေ ဒီဘဝဒီမျှနဲ့သာကြေပါစေ!!!!!!!!!!!!!!!!!!
  • Wai Tun ၇က်စက်ကြမ်းကြုတ် ၊ရုတ်မာရိုင်းစိုင်း ၊သတ်ဖြတ်မှုတွင်လက်ရဲဇာတ်ရဲနိုင်လှသောမွတ်စလင်လူမျိုးတို.နှင်.ဘယ်လိုအတူယှဉ်တွဲနေကြမလဲ
  • Thet Naing Maung လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်...ပြောဆိုတာဟာ... နိုင်ငံရေးရူး ရူးနေကြတာပါ..အဲဒါမျိုးကန်းချင်တာ...
    အဲဒီလူတွေမပြောနှင့်..သူတို့သူတော်စင်သူတော်ကောင်းကြီး ထာဝရအချစ်တော်ဘုရားရှင်ဆိုတာကြီးတောင် မရဘူး.. သူ့မယုံကြည် မကိုးကွယ်လို့ကတော့..ခွင့်လွတ်ဖို့နေနေသာသာ
    ငရဲမှာသွင်းပြီးဆော်ထည့်လိုက်မယ်ကြိမ်းထားသာ ...သူတို့မပြောနှင့် သူတို့ဘုရားတောင်မရဘူး.... ကိုယ်တွေကျင့်လို့ကတော့ကိုယ်တွေသာ....မကြာခင်မျိုးကန်းခြင်လိုပေါ့ဗျာ....လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်..ဆိုတာ ဗုဒ္ဓဘုရားရှင်တပါတည်းသာ တရားဓမ္မသာပြ၍ ကိုယ်တိုင်ကျင့်ကြံအားထုတ်လို့ ခွင့်ပြုတော်မူတာ..
  • Winmin Naing မင်းကိုနိုင်ရေဘယ်လိုလုပ်မှာလဲ?နှောက်ပြန်လှည့်မှာလား?
  • Nay Eain Won မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာဝင်တွေအားလုံး ကျန်းမာနေရင်ပဲ ဦးသောဘိတကြီးကတော့ စိမ်းချမ်းသာစွာ သာဓု..သာဓု..သာဓု..လို့ခေါ်ဆိုလိမ့်မယ်။
  • Paw Oo Myay မခံနိုင်ဘူးဟေ
  • D Day Ang ဆရာတော်ဦးဝီရသူရဲ့ မိတ္ထီလာဖြစ်စဉ် ဆောင်းပါးကို ကိုလှဦးက ဘာသာပြန်ထားတာပါ။ နိုင်ငံတကာကလူတွေ အဖြစ်မှန်သိနိုင်အောင် ရှယ်ပေးကြပါ။ ဘာသာပြန်သူကိုလှဦး အား ကျေးဇူးအထူးတင်ပါတယ်။ဆရာတော် ဦးဝီရသူ အနေဖြင့် ယခုလို ရက်ပိုင်းများအတွင်း ယခုဖော်ပြပါပိုစ့်ကို မတင်ပြသင့်သေးပါ။
    ထိန့်လန့်-ကြောက်ရွံ့စွာဖြင့် သတိရှိရှိ ပဋိပက္ခမဖြစ်ပေါ်အောင် အများပြည်သူတို့ နေထိုင်ကြရသော ယခုလိုအချိန်အခါမျိုးတွင် (ဖြစ်ရပ် အတိအကျ မှန်ကန်နေသည့်တိုင်အောင်) တင်ပြရန် လုံးဝမသင့်လျှော်သေးပါငေ်း …..
    အပြင်းအထန် ကန့်ကွက်ပါသည်။
  • Bo Aung Kyaw ဒီကစ္စကို ဘယ်လိုအရေးယူမှာလည်း ....
  • Min Yar Ma အင်္ဂလိပ်လိုဘယ်မှာ၇ှိလည်းဗျာ၇ှဲ၇အောင်
  • Bo Aung Kyaw ဆရာတော်ဦးဝီရသူရဲ့ မိတ္ထီလာဖြစ်စဉ် ဆောင်းပါးကို ကိုလှဦးက ဘာသာပြန်ထားတာပါ။ နိုင်ငံတကာကလူတွေ အဖြစ်မှန်သိနိုင်အောင် ရှယ်ပေးကြပါ။ ဘာသာပြန်သူကိုလှဦး အား ကျေးဇူးအထူးတင်ပါတယ်။ https://www.facebook.com/photo.php?fbid=554205417952924&set=a.282754641764671.70933.281180298588772&type=1&relevant_count=1
  • D Day Ang ဘာငေ့် ဖြစ်သည်။ ဘာကို အခြေခံသည် … ဖြစ်စဉ်၏ဇစ်မြစ်ကို (အကျိုးသင့်-အငေ်းသင့်) လုံဝဖော်ပြ-တင်ပြနိုင်စွမ်းမတွေ့ရဘဲ ဖြစ်စဉ်ကြီးကိုသာ ကိုယ်တိုင်မြင်တွေ့ရသကဲ့သို့ ဖော်ပြခြင်းသည် - အချိန်အခါနှင့် အလျဉ်းသင့်တော်ခြင်းမရှိဘဲ - ယခုကဲ့သို့ ဖော်ပြခြင်းသည် .. .. .. စိတ်ပျက်စရာ အင်မတန်ကောင်းသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...