
ချောင်းသာရောက်ခိုက် မြင်တွေ့ရတဲ့ မြင်ကွင်းဆန်းလေး တစ်ခုပါ။
ဟိုတယ်လ်ရှေ့က အုန်းပင်တွေက အသီးတွေ တက်ခူးတဲ့ အဘ အသက်က ၆၀ ။ သွားတွေ မရှိတော့ဘူး။ အသက်ကြီးပေမယ့် တစ်နေ့ကို အုန်းပင်ပေါင်း ၄၀-၅၀ လောက် အသာလေး တက်ခူးနိုင်စွမ်းရှိတယ်။
တစ်နေ့ အဲ့ဒီလို အုန်းသီးတက်နေရင်း တစ်ပင်ပေါ် အတက်မှာ ကျီးကန်းတွေ ၀ိုင်းအုံ ပျံဝဲလာတယ်။ အော်ဟစ်နေတဲ့ သူတို့ ပုံစံက အုန်းပင် ပေါ်ရောက်နေတဲ့ အဘက တစ်ခုခုလုပ်ရင် ၀ိုင်းဝန်း ထိုးသုတ်ဖို့ အသင်ပြင်နေပုံ။
ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ လို့ စဉ်းစားလိုက်တော့ အဖြေပေါ်လာတယ်။ ဒီအုန်းပင်ပေါ်မှာ သူတို့ငှက်ထဲက အထီးအစ်မ တစ်စုံ ရဲ့ အသိုက် ရှိနေတာကိုး...
အမျိုးကို ထိရင် အရိုးထိ နာတယ် ဆိုသလိုပေါ့ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ မနေ့က မြန်မာနိုင်ငံသား စိုင်းနော်ခမ်း ကို တရုတ် အစိုးရက သူတို့ လူမျိုးတွေ သတ်တဲ့ အမှုကို အကြောင်းပြလို့ ဒူးထောက်ခိုင်းပြီးမှ သတ်ပစ်ခဲ့တယ်။
မြန်မာလူမျိုးတစ်ယောက်ကို ဗြောင်ကျကျ သတ်ပစ်ခဲ့တာကို ကျွန်တော်တို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ စိတ်မကောင်းဖြစ်ရုံဘဲ တတ်နိုင်ခဲ့တယ်။ မြန်မာလူမျိုးချင်းဆို လက်သံသိပ်ပြောင်တဲ့ တပ်နဲ့ ရဲ တရုတ်ကို အဖေခေါ် မပြီးနိုင်သေးဘူး။
တစ်ဆက်ထဲ ဆရာဖေရဲ့ ကဗျာလေးကို သတိရမိတယ်။
အချုပ်တန်း ဆရာဖေ၏ ကဗျာ
--------------------------
မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး။
မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို့၊
ခုမြေလျှိုး ပုန်းအောင်းရှောင်၊
မိုးမနော် ပြူမဟေးရယ်လို့၊
သူ့ပထွေး ခွေးသို့ မဟောင်၊ ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်၊
စာဇင် (တပ်ကြပ်ကြီး၊ ရဲကြပ်ကြီး)တောင် ဦးချလို့၊
ပလူးရ ပြေးကျို့ ခါခါ၊ ခွေးသို့ပမာ။
တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေး။ ...

- You, Ram Mar, U Win Min San, Aung Zaw Latt and 86 others like this.
- K Ki Ki သောက်တလုပ်..သောက် ကျေးဇူးရှင်ကြီးတွေမို့  ဘာလုပ်လုပ် ခေါင်းငုံ့ ခံနေရပါတယ်..။ ရင်နာလိုက်ပါဘိ ..
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။