Site က Singapore General Hospital က Health Science Authority (HSA) ဆိုတဲ့ ဓါတ်ခွဲခန်း အဆောက်အအုံမှာပေါ့။ အဲဒီအဆောက်အဦက နှစ်ပိုင်းခွဲထားတယ်။ တပိုင်းက သွေးလှူဘဏ်လုပ်ထားတယ်။ Outram Park MRT ကနေ တက်လိုက်ရင် ဆေးရုံဝင်း ဒေါင့်က မြင်ရတဲ့ အဆောက်အဦပေါ့။ လုပ်ရတဲ့ ရက်တွေကလည်း ညနေပိုင်းကနေစပြီး ညဘက် ရှစ်နာရီလောက်အထိလုပ်ရတယ်။ ကျွန်တော်တို့ တာဝန်ယူရတဲ့ ဓါတ်ခွဲခန်းက Crime Case တွေကို စစ်ရတဲ့ ဌာန။ လတ်တလော ကားတိုက်သွားတဲ့ အမှုတို့ ဘာတို့ပေါ့လေ။ Basement 1 က Garage ထဲမှာဆိုရင် တိုက်ထားပြီးသားကားတွေရှိတယ်။ ကားတိုက်ခံထားရတဲ့ ခွေလိမ်နေတဲ့ စက်ဘီးရှိတယ်၊ တခြား မှုခင်းဖြစ်ထားတဲ့ အသုံးအဆောင်တွေ ထည့်ထားတဲ့ ပုံးတွေလည်း ရှိတယ်.. စတဲ့စတဲ့ ဟာတွေ ရှိတာပေါ့။ အဲဒီနေရာမှာလည်း တစ်ပတ်လောက် လုပ်ခဲ့ရတယ်။ (တော်သေးတယ် အလုပ်သမားတွေနဲ့ ကိုယ်နဲ့ဆို လေးငါးယောက်လောက် ရှိနေလို့သာပေါ့)
အဲဒီဌာနက Lab အခန်းရယ်၊ Office နှစ်ခန်းရယ် Renovation ပြန်လုပ်တာပါ။ ဆေးရုံဆိုပေမယ့် ဒီနေရာက လူနာတွေတက်တဲ့နေရာမဟုတ်ဘူးဆိုပြီး စိတ်သန့်သန့်နဲ့ လုပ်ခဲ့တာပေါ့။ တော်သေးတယ် အဲဒီတုန်းက ဘုရားရှိခိုးအိပ်လို့လား မသိဘူး သရဲတွေဘာတွေ ဘာမှ အခြောက်မခံခဲ့ရဘူး။ မနေ့က ရုံးပြန်ရောက်တော့ ဘေးက မလေးလူမျိုး မန်နေဂျာက စကားစပ်မိရင်းပြောပြတယ်။ မင်းပြီးခဲ့တဲ့ Site က HSA မှာဆိုတဲ့။ ဘာမှ ခြောက်တာ ပြုတာ မခံခဲ့ရဘူးလားတဲ့။ အမငီး ... ငီး.... လူက မျက်လုံးပြူးသွားတယ်။ ဘာဖြစ်လို့လဲ လို့ မေးလိုက်မိတယ်။ ငါဒီကို မလာခင်က အဲဒီ HSA မှာ Facility Management မှာ လုပ်ခဲ့တာတဲ့။
တစ်ည ပြင်စရာတစ်ခုရှိလို့ လုပ်နေတုန်း နောက်ကနေ ခြေသံကြားတယ်တဲ့။ ငါက ကုန်းကြွ့ပီး လုပ်နေတာဆိုတော့ လာနေတဲ့ ခြေထောက်ကို မြင်နေရတယ်တဲ့။ အောင်မယ်..... င့ါနားမရောက်ခင် တိုင်တစ်ခုနားကိုကွယ်ပြီး ရပ်လိုက်တယ်တဲ့။ ငါထင်လိုက်တာက ဒီအဆောက်အဦက Security လို့ ထင်လိုက်တယ်တဲ့. ။ ငါနဲ့က ခင်နေတော့ လာနောက်တယ်ထင်တာပေါ့လေတဲ့။ ဒါနဲ့ ငါ့ဘေးနားက တုတ်တစ်ချောင်းယူပြီး ဒီလူ့ကို စ လိုက်ဦးမယ်ဆိုပြီး ခြေသံမကြားအောင် အဲဒီတိုင်နားကို ဖြည်းဖြည်းချင်းသွားပြီး ဗြုန်းဆို ရိုက်မယ်လုပ်တာပေါ့တဲ့. ။ အား ... လား....လားတဲ့....... တိုင်နောက်ဘက်လည်း ရောက်ရော ဘယ်သူမှ မရှိဘူးတဲ့.... ဗျ။ အဲဒီတော့မှ ငါလည်း ငါ့ကို သရဲခြောက်ပြီဆိုတာ သိလိုက်တယ်တဲ့.....။ ဒါနဲ့ လုပ်လက်စပစ္စည်းတွေတောင် ပြန်မသယ်ပဲနဲ့။ အပေါ်ဘက်ကို တက်ပြေးရတာပေါ့တဲ့ဗျ။ သူက အဲလို တ၀ုန်းဝုန်း တဒိုင်းဒိုင်း တက်ပြေးလာတော့မှ Security တွေက တွေ့သွားပြီး ဘာဖြစ်လာတာလဲဆိုတော့ ဒီလို ဒီလိုပဲ သရဲခြောက်တယ်ဆိုတော့မှ Security Room ထဲဝင်ပြီး Security Camera ကနေ ပြန်ကြည့် ကြတယ်တဲ့။ သူအလုပ်လုပ်နေတာကို မြင်ရတယ်တဲ့။ ပြီးတော့ သူ့နောက်နားကို အရိပ်ကြီးတစ်ခု ကပ်လာတယ်ဆိုပဲ။ ကပ်လာပြီးတော့ သူအလုပ်လုပ်တဲ့ ဘေးနားက တိုင်ကိုကွယ်ပြီး ရပ်လိုက်တာတွေ့ရတယ်တဲ့။ ပြီးတော့ ခုန သူပြောခဲ့သလို တုတ်ကိုင်ပြီး တိုင်နားကိုလည်း ကပ်လာရော အရိပ်ကြီးက ပျောက်သွားရောတဲ့ဗျ။ အဲဒါ ဘယ်မှာလဲဆိုတော့ Basement 1 မှာတဲ့ဗျ။ အဘား...အဘား....... တော်သေးတယ်။ ကိုယ်သာ သူ့နေရာမှာဆို တုတ်ကိုင်ပြီး အနားတောင် ကပ်ရဲမှာမဟုတ်ဘူး။ ဟိုဒင်းတွေပါ ထွက်ကျမှ သေချာတယ်။
Basement 1 မှာက အဲဒီလိုခြောက်တတ်တယ်တဲ့။ အပေါ် ဟိုဘက်ခြမ်းက Blood Bank မှာကျတော့ ဆံပင်ဖားလျားနဲ့ သရဲမ ရှိတယ်တဲ့ဗျ။ ရေခဲတိုက်ကလည်း မဆိုသလောက်လေး လှမ်းကြည့်လို့ မြင်ရတဲ့နေရာမှာ ရှိသေးတယ်။
credit to http://mmcybermedia.com/community/index.php?topic=3398.375
- အနော် တာဝန်ကျေတယ်နော်..း) ကင်းရှင်း
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။