Ads (728x90)

မြန်မာတွင်သာ ရှိသည့် ရိဒ် ရေကန်
=====================
Rih Lake lies between the border of Burma (Myanmar) and India, western part of Falam Township. It is one of the most magnificent and beautiful lakes in Burma (Myanmar). The lake is about one mile in length and half a mile (four furlongs) in width. It is about 3 miles in diameter and the depth is about 60 feet. Rih Lake is well known for its shape which is heart. You can enjoy and enjoy the marvelous landscape with Rih Lake by boat (only 5 pax). Beautiful sceneries of Falam Township in the Chin State are remarkable for those who love natural scenic beauty. It is about 101 (63 miles) km from Falam and 48 km (32 miles) from Tedim. It can be reached by car from Falam and Tedim.
ချင်းတောင်တန်း ပေါ်က အသည်းပုံ ရိဒ် ရေကန်
================================
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့တွင်တည်ရှိသည့် ရိဒ်ရေကန် သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၉၆၆ပေ အမြင့်တွင် ထူးခြား စွာဖြစ်ပေါ်နေသော ရေကန်ကြီးဖြစ်ပြီး ၃မိုင်ပတ်လည်ကျယ်ဝန်းကာ၊ ၆၀အနက်ရှိသည်ဟုသိရှိရသည်။ ကန်၏ ထူးခြားမှုမှာ သဘာဝအသည်းနှလုံး ပုံသဏ္ဍာန် ဖြစ်ပေါ်နေပြီး ကန်ပတ်လည်တွင်ဒေသခံတို့က ၀ိညာဉ်ခြံစည်းရိုး ပင် ဟုခေါ်ဆိုကြသည့် မိုးမခပင်များ ပေါက်ရောက်လျက်ရှိသည်။

“ရေကန်ဖြစ်ပေါ် လာပုံက ဒဏ္ဍာရီတော့ဆန်တာပေါ့နော်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ခုဖလမ်းမြို့အနီးမှာ “ဘေးဗွီးမြို့” ရှိခဲ့ဖူးတယ်တဲ့။ ဘေးဗွီးဘုရင်နဲ့မိဖုရား ကို ၀ိညာဉ်စောင့်နတ်သမီးက “ငါသည်သင်တို့၏ ၀ိညာဉ်စောင့်နတ်ဖြစ်ပြီး၊ နာမည်က ရိဒ် RIH လို့ခေါ်တယ်။ ခုသင်တို့နေထိုင် တဲ့မြို့ရဲ့အရှေ့မြောက်အရပ် မှာနေရာ တစ်ခုရှိရာကိုနွားဖြူအသွင်ဆောင်ကာ ကောင်းကင်ခရီးဖြင့်ပျံသန်း ခဲ့တော့ ကျင်ငယ်ရေတွေပန်းထွက်နေတဲ့ ရေအိုင်ကြီးတစ်အိုင်အဖြစ် ကျန်ရစ်ခဲ့တယ်။ အဲဒီရေအိုင် ထဲမှာ ခံစားနေရတဲ့ဝိညာဉ်စောင့်အဖြစ်လည်းကျန်ခဲ့တယ်။ ဒါကြောင့် ဒီဒေသက သေဆုံးသူအားလုံးရဲ့ဝိညာဉ်တွေ ငါ့ထံလာရောက်ကြ ရမယ်”လို့ ပြောဆိုသွားခဲ့တယ် လို့အယူရှိကြပါတယ်။ အဲဒီအချိန်ကစပြီးဒေသခံတိုင်းရင်းတွေသေဆုံးတဲ့အခါ လူသေ တယ်လို့ မသုံးနှုန်းတော့ဘဲ ရိဒ်ရေကန်ဆီသွားရောက်တယ်လို့ ပြောဆိုလေ့ရှိကြတယ် ။တေးသီချင်း တွေလည်းစပ်ဆိုကြပါတယ်”ဟုရိဒ်ရေကန်နှင့် ၂မိုင်အကွာ တွင်ရှိသည့် ရိဒ်ခေါဒါရ်ရွာမှ အငြိမ်းစားကျောင်းဆရာ ဦးငှားကာ ကပြော သည်။ Mandalay Times သို့ ဦးငှာကားကဆက်လက်ပြော ကြားရာ တွင် နှစ်တိုင်း သည်ရေကန်မှာ ၀ိညာဉ်ပူဇော်ပွဲတွေကျင်းပ ကြ သည်။ မီဇီုရမ်ပြည်နယ်က အာသံမျိုးနွယ်စုတွေနဲ့ ဇီုမီးမျိုးနွယ်စုတွေလည်း နှစ် စဉ် လာရောက်ပူဇော်ကြတယ်။ ကန်ရဲ့ထူးခြားမှုက ကန်ထဲမှာ အမှိုက်သရိုက်လုံးဝမရှိဘူး။ကြည်လင်နေတာအမြဲပဲ၊မှန်သားပြင်လိုပေါ့နော်။မိုးရွာတဲ့ရာသီလည်းရေကဒီလောက်ဒီလောက်ပဲ။ နွေရာ သီပူ တဲ့အခါလည်းရေ က ဒီလောက်ဒီလောက်ပဲ။ ရေလျှံတာရေနည်းတာလုံးဝမရှိဘူး။

ယခုအခါရိဒ်ရေကန်အတွင်း ကလေးမြို့က နှစ်၆၀ ကန်ထရိုက် ယူကာစပိ ဘုတ် များပြေးဆွဲ အပန်းဖြေခြင်း အစီအစဉ် ကို၂၀၀၇ခုနှစ်နှောင်း ပိုင်းက စ၍ပြုလုပ်နေပြီဖြစ်သည်ကိုတွေ့ရှိရသည်။ ကလေး- တီးတိန်ရိဒ်ရေကန် သည် မိုင်၉၀ကွာဝေးကာနေ့ချင်းရောက်ခရီးစဉ်ဖြစ်သည်။

တီးတိန်မှ၁၄မိုင်ကွာဝေးသည့် လွိုင်တွီးကျေးရွာသည် ၁၈၇၄ ခုနှစ်ကတည်း က တည်ခဲ့သော ရွာကြီးဖြစ်ကာ လားမြင်းကောင်ရေ ၅၀၀ကျော်ရှိသည့် ရွာကြီးဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၅၀ ပေမြင့်သော လွိုင်တွီးမှ၁၆မိုင်ကွာဝေးသည့် ရိဒ်ရေကန်သို့လားမြင်းများဖြင့်လည်း ဗဟုသုတအဖြစ်သွားရောက်နိုင်သည်။

ရိဒ်ရေကန်တွင် ဆောက်လုပ်ရေးပိုင်I.B RIMLAKE အဆောက်အဦနှင့် ဘုန်းကြီး ကျောင်းတွင်တည်းခိုနိုင်သည်ဟုသိရှိရကြောင်းမန္တလေးတိုင်း(မ်)ဂျာနယ် တွင်ဖော်ပြထားပါသည်။

By :
Anet Htooaung shared Oppositeyes's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...