နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာအနီး အော့ချက်(ဒ်) ကုမ္ပဏီပိုင် ဧက ၅၅၀ ရှိ၊ ဒေသငါးမွေးမြူထားသည့်ငါးကန်၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ (၆)နာရီခန့်တွင် တုတ်၊ ဓါး များ ကိုင်ဆောင်ထားသည့် လူတစ်စုက လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ (အခမဲ့ ဗေဒါ စာသင်ကျောင်း) မှ လင်းပိုင်စိုး ဆိုသူ၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ပလောင်ကျေးရွာမှ လူအင်အား (၁၀၀)ဦးခန့်သည်။ အော့ချက်(ဒ်) ကုမ္ပဏီပိုင် ဧက (၅၅၀) ရှိ၊ ငါးကန်အတွင်းသို့ စပါးစိုက်ပျိုးရန် အကြောင်းပြ၍ ၀ါးတိုင်များ ၀င်ရောက်စိုက်ထူခြင်း၊ ကန်ဘောင်မှ ၀ါးများ ခုတ်ယူခြင်းတို့ကို ဥပဒေမဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ မြင့်စိန် မှ အမှုဖွင့် တိုင်ကြားခဲ့သဖြင့် မြို့နယ် အဆင့်တာဝန်ရှိသူများက တရားဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်ရန် လာရောက်ဖျောင်းဖျ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း
ဖေဖော်ဝါရီလ (၂၆) ရက်နေ့ (၁၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ခရိုင်အဆင့်တာဝန်ရှိသူများနှင့်
ယင်းကဲ့သို့ ရှင်းလင်းပြောကြားခဲ့သော်လည်း လူအုပ်စုမှာ (၂၀၀)ဦးခန့်ထိ ဆက်လက်ဖြစ်ပေါ်လာခဲ့ပြီး ထပ်မံအင်အားများပြားလာနိုင်သည့်
ညနေ (၆)နာရီခန့်တွင် လူအင်အား (၁၅၀)ဦးခန့်သည် တုတ်၊ ဓါးလက်နက်များ ကိုင်ဆောင်လျှက် ပြန်လည်ရောက်ရှိလာသဖြင့် မိမိလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က အေးချမ်းစွာ ပြောဆိုညှိနှိုင်း တားဆီးသော်လည်း လိုက်နာခြင်း မရှိဘဲ၊ တုတ်၊ ဓါးလက်နက်များဖြင့် ရုန်းရင်းဆန်ခတ်ပြုလုပ်လာသဖြင့်
အဆိုပါ ဒဏ်ရာရရှိသူ (၂၈)ဦးထဲမှ ရဲတပ်သား ရဲကျော်သူမှာ မအူပင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးဝါးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၉)နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာတွင် မအူပင်ခရိုင် တပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များအား ဆက်လက်တာဝန်ယူ စောင့်ကြပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By :
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။