Ads (728x90)



MNL match fixture တွေထွက်တော့မည်။

ရာသီဥတုကတော့ သာယာပါသည်။ ယခုရက်ပိုင်း လေတော့နဲနဲတိုက်နေသည်။ ဆောင်းလေရိုင်းမို့ တစ်ချက်တစ်ချက်တော့ စိမ့်ကနဲ ဖြစ်ဖြစ်သွားသည်။

ခုရေတွင်းတူး ခုရေကြည့်သောက်ခဲ့ သည့်အသင်းတစ်ချို့ အပေါ်ယံလောင်းထည့်ထားသည့် ရေကြည်တွေ အိုမင်း နောက်ကျိလာသည့်အချိန်၊ အောက်က ရေကြည်အားသစ်တွေ ထွက်မလာသေးသည့်အချိန် ကလေးကလား စကားနှင့်ပြောရရင် တိုင်ပတ် သည့်အသင်းကပတ် ပျားတုတ်သည့်အသင်းက တုတ်နှင့် အလုပ်တွေရှုပ်နေကြပါပြီ။ သြော် ဖုတ်ပူမီးတိုက် နှင့် အပေါ်ယံ မိတ်ကပ်ရိုက်သည့်အကျင့်ဟူသည်ကား မြန်မာလူမျိုးတို့ အကျွမ်းကျင်ဆုံးအမူအကျင့်ဟူ၍ ကမ္ဘာပေါ်တွင် သမိုင်းဝင်သွားမှဖြင့် . . . . အင်းလေ ဒါကြောင့်လည်း မိတ်ကပ်ဆရာ မာမီတွေ (ဆရာသော်တာဆွေရဲ့စကားအတိုင်း) ငွေကို လေ လိုသုံးနိုင်နေခြင်းလည်း ဖြစ်မည် . . .   :D

MNL အပင်ကြီးက အခုမှ အဖူးလေးတွေဖူးကာစ

သတင်းအကြီးကြီးတွေ ကြားရဖို့ရှိတယ်ဆိုလား . . .  ဘုရားဘုရား . . . .

အခုအချိန် ဆုတောင်းမိနေသည်က ဘာသတင်းမှ မကြားရပါစေနဲ့ဟူ၍ပင်ဖြစ်သည်။ပထမ ကမ္ဘစစ်မှစတင်သည့် စစ်ပွဲတိုင်းတွင် ယနေ့တိုင်လက်ခံထားခဲ့သော No News is good News ဆိုတာ ဒီ MNL ကြီးနှင့်မှ လာတိုက်ဆိုင်နေသည်ဟု တစ်ဦးတည်းအမြင်ဖြင့် တွေးမိသည်။ အင်းလေ တမြန်နှစ်တွေတုန်းက အိမ်ကွင်းအဝေးကွင်း စစ်မျက်နှာမှာ အပစ်အခတ်တွေကလည်း ပါခဲ့သည်ကိုး . . .  :)

ယခုတလော ခေတ်အစားဆုံးစကားဖြစ်သော နောက်ကြောင်းပြန်မလှည့်ချင် ဟူသည့်စကားရပ်က မြန်မာဘောလုံးရပ်ဝန်းအတွက် ပိုတောင် အသုံးဝင်နေသေးသည်။မပြောချင်တော့ပါ . . . ရှုံးနိမ့်ခြင်း မအောင်မြင်ခြင်းတွေ။ ကျွန်တော်တို့ဘယ်လောက်ထိ ကြေကွဲခဲ့ရသလဲမပြောနှင့် ထိုထိုအချိန်တုန်းက (ဗီယက်နမ်နှင့် သရေကျ သည့်ပွဲပတ်ဝန်းကျင်က) မြိုင်ဆိုင်စွာရေးသားခဲ့သည့် အမှတ် ၁ ဟု နာမည်တပ်ထားသည့် ဆောင်းပါး များ ဖိလစ်ပိုင်နှင့်ပွဲအပြီးတော့ အမှတ် ၂ ဟူ၍ပင် ထွက်မလာနိုင်တော့သည်အထိပင်။  ကျွန်တော် ကောင်းကောင်းသတိထားမိ တာလေးပါ။ ကျွန်တော်လည်းအပါအ၀င်ပေါ့ . .   :P


ထားတော့  . . . . . .  ဒီစကားနှစ်လုံးက ဒီအချိန်မှာ ဘောင်ဝင်သည်။ ထားတော့ . . . . .


ဆယ့်တစ် ဆယ့်နှစ် ဆယ့်သုံး . . .  ၁၁-၁၂-၁၃ ဟု သိပ်မနီးသေးပေမဲ့ သိပ်မဝေးသော ရက်စွဲကြီးမှာ အနှစ်လေးဆယ်ကျော် မကျင်းပဖြစ်ခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲကြီးလာတော့မည်။ ကျွန်တော်တို့ လွန်စွာ အားကိုးခဲ့ရသော MFF ဘာလုပ်နေသနည်းဟု သိချင်မိသည်။ MFF တော့မသိ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် ကြီးများ၏ စိတ်ထဲဝယ် ဆီးဂိမ်းပြိုင်ပွဲ အောင်မြင်မှုထက် ဖွင့်ပွဲပိတ်ပွဲကိုပဲ ပိုက်ဆံတွေသောက်သောက်လဲသုံးကာ အလွန်အမင်း ခမ်းနားထည်ဝါနေစေချင်ပုံရသည်။ ဖွင့်ပွဲကတော့ထားတော့ အောင်မြင်မှုအနည်းငယ်သာ ပါဝင်သည့် မီးရောင်စုံတွေလင်းလက်ဖြာနေမည့် ပိတ်ပွဲကြီးကိုဖြင့် ကျွန်တော် အတွေးနှင့်ပင် တွေးမကြည့်ချင်ပါ။


လန်ဒန်အိုလံပစ် ဖွင့်ပွဲကြီးထက်ပင် သာစေရမည်ဆိုလား။ ဟုတ်ကဲ့  အိုလံပစ်ဖွင့်ပွဲထက်မသာချင်နေပါ အိုလံပစ်အားကစားနည်းများမှာတော့ ရွှေဆုတွေ တလက်လက် ဖြာနေသည်ကို မြင်ချင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆီးဂိမ်းပြိုင်ပွဲအပြီး ရွှေတံဆိပ် ၄၀ ဆွတ်ခူးခဲ့သော နိုင်ငံဂုဏ်ဆောင် ထုတ်ဆီးတိုး အသင်းကြီးကို ဂုဏ်ပြုဧည့်ခံပွဲ ဖြင့်ဧည့်ခံခြင်း ဟူသောသတင်းသည် 2013 အတွက် အူတက်အောင်ရီရသော ဟာသ သတင်းတစ်ပုဒ်ဖြစ်သွားပါလိမ့်မည်။ရာသီဥတုကတော့ သာယာပါသေးသည်။ So Far , So Good အခုအချိန်အထိတော့ ကောင်းနေပါသေးသည်။


ပြိုင်တူတွန်းလျင်တော့ ရွှေ့နိုင်ပါသေးသည်။ ဒါပေမဲ့အခုတလောခေတ်စားနေသည့်စကားလို မျက်နှာချင်းဆိုင် မတွန်းကြမိဖို့တော့ လိုပါလိမ့်မည်။


ချာချာလည်နေသောအတွေးများကို အဆုံးသတ်ကြည့်လိုက်တော့ New Year ဆိုသည့် ကမ္ဘာ့ရုံးသုံး ပြက္ခဒိန်၏ နှစ်သစ်ကိုရောက်တော့မည်။ မာယာလူမျိုးတို့ပြက္ခဒိန် ကုန်ဆုံးရက်ဖြစ်သော 21-12-12 တွင် ကမ္ဘာမပျက်ခဲ့လျင်တော့   လာမည့် 2013 နေပြည်တော်တွင် ၀က်ဝက်ကွဲ ခင်းကျင်းပြသမည့် ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုချင်ပါသေးသည် . . . . . . . . . .

 (ခက်တာက ကြီးကြီးမာစတာ သားသမီး အသိအကျွမ်းတွေ အဲဒီလောက်ရှိတာ အားကစားဝန်ကြီးဌာနကျတော့ တယောက်တစ်လေမှအသိကမရှိ . . .  ကုသိုလ်ကံပဲပေါ့လေ . .  :P)

 ကျွန်တော် ရန်ကုန်မရောက်ခင် 2012 ထဲမှာ ကိုယ်တိုင်တွေ့လာတာကတော့ ကြိုတင်လေ့ကျင့်နေသည့် အာဆီယံအလံအသီးသီး ချိတ်ဆွဲထားသည့်  လေထီးခုန်သမားများ ကွင်းထဲကို နှစ်ယောက်လောက်သာ သေသေချာချာ ဆင်းသက်နိုင်သေးသည်။အိုဘာဖြစ်သေးတုန်း  ဆီးဂိမ်းဆိုသည်က တစ်နှစ်နီးပါးကြီးပင် လိုသေး . . . . ကျွန်တော်တို့မြန်မာတွေ အပေါ်ယံမိတ်ကပ်ဖို့ချိန်က မြန်သမှ သိပ်မြန်။ ဒါမျိုးဆို ပျင်းတောင်ပျင်းသေး   မဟုတ်လားဗျာ    . . . . . . . . . . .    :D

by Thiha Kyaw Zaw on Wednesday, 19 December 2012 at 12:05 ·

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...