Ads (728x90)

ပြည်တွင်း အင်တာနက် စာမျက်နှာ အများစု လုံခြုံမှုအားနည်း

ပြည်တွင်း၌ အသုံးပြုလျက်ရှိသော အင်တာနက် စာမျက်နှာအများစုမှာ လုံခြုံရေးအဆင့် အားနည်း နေခြင်းများကြောင့် တိုက်ခိုက်ရန် လွယ်ကူကြောင်း နည်းပညာလုံခြုံရေး ဦးစားပေး သင်ကြားသည့် သင်တန်းများမှ သိရသည်။ လက်ရှိတွင် အင်တာနက် စာမျက်နှာ တစ်ခုအတွက် လုံခြုံရေးအဆင့်များ ရယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅၀၀ နှင့် ၁၀၀၀ ကြား ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ လုံခြုံရေး အဆင့်များမှာ အင်တာနက် စာမျက်နှာတိုင်းအတွက် လိုအပ်ခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြည်တွင်းရှိ သံရုံးများ၊ INGO၊ NGO များ၏ အင်တာနက် စာမျက်နှာများတွင်သာ အသုံးပြုနိုင်သေးကြောင်း သိရှိရသည်။ ပြည်တွင်းရှိ အင်တာနက် စာမျက်နှာ အများစုမှာ Open Source ဆော့ဖ်ဝဲများကို အသုံးပြုရေးဆွဲခြင်းကြောင့် ဟက်ကာများ ၀င်ရောက်တိုက်ခိုက်ရန် လွယ်ကူခြင်းဖြစ်ပြီး လိုင်စင် ဆော့ဖ်ဝဲဖြင့် ပြောင်းလဲရေးဆွဲပါက တိုက်ခိုက်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း နည်းပညာ လုံခြုံရေးပိုင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ ပြည်တွင်း အင်တာနက် စာမျက်နှာများ လုံခြုံမှုပိုင်း အရှိန်မြှင့်တင်ရန် Data Center များ လိုအပ်မည်ဖြစ်ပြီး နည်းပညာ အချက်အလက်များအတွက် အာမခံကုမ္ပဏီများလည်း ပြည်တွင်း၌ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ Data Center တည်ဆောက်ရန် အတွက် ဂျပန်ကုမ္ပဏနှင့် သဘောတူစာချုပ် ရေးထိုးပြီးဖြစ်ပြီး စတင်လုပ်ဆောင်ရန် အတွက်မူ သက်ဆိုင်ရာ အစိုးရဌာနများ၊ ၂၄ နာရီ မီးရရှိရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းလုပ်ဆောင် သွားရမည်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Share By :
Open Source ဆော့ဖ်ဝဲများသုံးလို့ဆိုပဲ...Free ဆော့ဖ်ဝဲများသုံးလို့ဆို တော်သေး... :D Open Source ဆိုတာ ဘာလည်း ပြန်မေးရတော့မယ် :D

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...