Ads (728x90)

ဖီဖာ အဖွဲ့ဝင်နိုင်ငံ များ၏ ကမ္ဘာ့ အဆင့် ရပ်တည်မှုများ ထွက်ပေါ်လာ ခဲ့ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ ကြိုတင် ခန့်မှန်း ခဲ့သည့် အတိုင်း အဆင့် (၂၈)နေရာ အထိ အမှန် တကယ်ကျော်တက်နိုင် ခဲ့သည်ကို တွေ့ရ သည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ယခင်လ ရပ်တည်မှု အဆင့် (၁၈၄)ထက် အဆင့် (၂၈)နေရာ ကျော်တက် ကာ အဆင့်(၁၅၆)နေရာ သို့ ရောက်ရှိ လာခဲ့ခြင်း လည်းဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အသင်းမှာ အောက်တိုဘာလ အတွင်းက ကစားခဲ့သည့် ဆူဇူကီး ဖလားခြေစစ် ပွဲများတွင် နိုင်ပွဲများ ရရှိ ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ အဆင့် များစွာ ကျော်တက် ခဲ့ခြင်းဖြစ်ပြီး ယခုလ အတွက် Best Mover အဖြစ် အဆင့် တက်သည့် အသင်း အဖြစ်လည်း သတ်မှတ် ခံခဲ့ ရသည်။ မြန်မာ့ လက်ရွေစင် အသင်းမှာ ဖီဖာ၏ ထုတ်ပြန်ကြေငြာမှု အရ ကမ္ဘာ့ အဆင့်(၁၅၆)၊အာရှ အဆင့်(၂၄)နှင့် အာဆီယံ အဆင့် (၄) အဖြစ် သတ်မှတ် ခံရသည်။ မြန်မာ အသင်းသည် ဖီဖာ အဆင့် သတ်မှတ် ချက်၏ အမြင့်ဆုံး ရပ်တည်မှု အဖြစ် ၁၉၉၆ ခုနှစ် ဧပြီလ က ကမ္ဘာ့ အဆင့် (၉၇)သို့ရောက်ရှိ ခဲ့ဖူးပြီး အကောင်းဆုံး အဆင့် ကျော်တက်မှု Best Mover အဖြစ် လည်း ၁၉၉၃ ခု သြဂုတ်လ က အဆင့် (၄၆)နေရာ ကျော်တက်နိုင် ခဲ့ဖူးရာ ယခု တစ်ကြိမ်မှာ ဒုတိယမြောက် Best Mover ဖြစ်ခဲ့ခြင်း လည်းဖြစ်သည်။
အာဆီယံနိုင်ငံ များ၏ ကမ္ဘာ့ အဆင့် ရပ်တည်မှု
1. ဗီယက်နမ် (၁၃၈)
2.ဖိလစ်ပိုင် (၁၄၃)
3. ထိုင်း (၁၄၆)
4. မြန်မာ (၁၅၆)
5 မလေးရှား(၁၆၃)
5စင်္ကာပူ (၁၆၃)
7. အင်ဒိုနီးရှား (၁၆၅)
8. လာအို(၁၇၉)
9ဘရူနိုင်း (၁၈၇)
9အရှေ့တီမော (၁၈၇)
11.ကမ္ဘောဒီးယား( ၁၉၁)
Source: FIFA

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...