Ads (728x90)


 
 
 
 
 
 
 
 
ကသည်းရပ်ကွက် ရောင်ခြည်ဘုန်းကြီးကျောင်း အတွင်း ဖွင့်လှစ်ထားသော ဒုက္ခသည်ကလေးသူငယ်များစာသင်ကျောင်းသို့  ရန်ကုန်ပရဟိတလူငယ်များကွန်ရက်မှ ငွေ ၁၀ သိန်းကျပ် လှူဒါန်းခဲ့ပါသည်..။ ၄င်းစာသင်ကျောင်းသည် ၂၀၁၂-ဇွန် အရေးအခင်းအတွင်း ဒုက္ခရောက်ခဲ့သော စက်ရုံစု၊ နာဇီ၊ ကုန်တန်း၊ ကျောင်းကြီးလမ်း၊ ဓည၀တီ နှင့် ကသည်းရပ်ကွက်များရှိ ပညာမသင်နိုင်ဖြစ်ခဲ့ရသော ကလေးသူငယ်များအတွက် မူလတန်းစာကိုသင်ကြားနေသော ကျောင်း ဖြစ်ပါသည်..။ ဒုက္ခသည်ကလေးသူငယ် ၁၀၀ ခန့် တို့ အား နံနက်၊ နေ့ လည် အတန်းများခွဲထားပြီးဆရာမ ၄ ဦးမှ တစ်ပတ် ၅ ရက်နှုန်း သင်ကြားပေးလျက်ရှိပါသည်...။ ၀ံလက်ဖောင်ဒေးရှင်းမှလည်း ကမကထပြုစီစဉ်ပေးလျက်ရှိပြီး ကျောင်းသားများအား ဆန်ပေးဝေခြင်း၊ နေ့ လည်စာ လက်ဖက်ရည်၊ မုန့် ကျွေးခြင်းတို့  ဖြင့် ဒုက္ခသည်ကလေးများအားပညာဒါန ဖြည့်ဆည်းပေးလျက်ရှိပါသည်...။
 
Fb : https://www.facebook.com/media/set/?set=a.334064503359516.72010.287870531312247&type=1

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...