Ads (728x90)






ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင်ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုးညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။

အဆိုပါ အကောက် အခွန် ငွေကျပ်သိန်း သုံးရာကို မပျက်မကွက် လာရောက် ပေးဆောင်ရန် နှင့် ထွက်ပြေး တိမ်းရှောင်ပါက ရှေ့တန်း တပ်စခန်းမှ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ပြီး အခွန်ငွေ ကို ငြင်းဆန်ပါ ကလည်း မအောင်မြင် မခြင်း လက်တွေ့ အကောင်အထည်ဖော် ပြုမူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လက်ဖက်ရည် ဆိုင် ပိုင်ရှင် များထံ ကေအိုင်အိုက အကြောင်းကြား သည့် စာတွင် ဖော်ပြ ထားသည်။

အလားတူ ကဲ့သို့ပင် ဟိုပင်မြို့ မြသီတာ ရပ်ကွက်ရှိ "အာကာ" စတိုးဆိုင် ကိုလည်း ငွေကျပ် သိန်း ၂၅ဝ အခွန် ပေးဆောင်ရန် အကြောင်းကြား သောကြောင့် ယင်းဆိုင် ပိုင်ရှင်သည် ပေးဆောင်နိုင်ခြင်း မရှိဘဲ အသက် အန္တရာယ် အတွက် စိုးရိမ် ပူပန်ကာ နိုဝင်ဘာ ၄ ရက်နေ့တွင် မန္တလေး မြို့သို့ ထွက်ပြေး တိမ်း ရှောင် ခဲ့ရကြောင်း ယင်းဒေသခံ များထံမှ သိရသည်။ ဟိုပင်မြို့ မြေနု ကျေးရွာမှ ဆင်ပိုင်ရှင် တစ်ဦးကမူ "ဆင်တစ်ကောင်ကို ၁၈ သိန်း တောင်းလို့ သွားပေးလိုက် ပြီးပြီ" ဟု ဆိုသည်။

ကေအိုင်အိုမှ အခွန် ကောက်ခံခြင်း နှင့် ပတ်သက်၍ ရှေ့တန်း တပ်စခန်းများ ကို ကေအိုင်အို ဌာနချုပ်မှ ညွန်ကြားထားခြင်း ရှိမရှိ ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ထံ The Voice Weekly မှ အီးမေးလ်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြားခြင်း မရှိ သေးပေ။

ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၆ မှ အရာရှိ တစ်ဦး က မူ "ကေအိုင်အိုက အခွန်ကောက်ခံ တဲ့ စနစ်ကို စနစ်တကျ ပြုလုပ် ထားပါတယ်။ ဖားကန့် ဘက်မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တစ်နှစ်လုံး အတွက် ငွေ တစ်သိန်းခွဲ ဝန်းကျင်ပဲ အခွန် ကောက်ခံပါတယ်။ တစ်ခုခု လွဲမှား နေတာ ဖြစ်ပါလိမ့်မယ်" ဟု ဆိုသည်။

လက်ရှိ မိုးညှင်း ခရိုင် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များသည် ကေအိုင်အိုထံ အခွန် ကောက်ခံခြင်း ကို မပေးဆောင် နိုင်၍ ဒေသခံ များအား အန္တရာယ် ပြုလာမည် ကို စိုးရိမ်လျက် ရှိကြောင်း မိုးညှင်းမြို့ အခြေစိုက် ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။

Credit : The Voice Weekly

https://www.facebook.com/thevoiceweekly/posts/490097741010490

  By : Ko John

  • 52 people like this.
  • ချမ်း ငြိမ်း ဖားကန့်မှာလဲ ဆက်ကြေးတွေလိုက်ကောက်နေဘီ ၈ရက်နေ့က ကုန်စုံဆိုင်တွေကို သူတို့ဆီဆင့်ခေါ်တယ် . . . ကျန်တဲ့ဆိုင်တွေကိုလဲ ဆင့်ခေါ်စာပို့ထားတယ် . . . ဒီကောင်တွေကို မသထာဘူး
  • Aung Kyaw Moe ဆိုမာလီဓါးပြ တွေလိုလို ၊ မာဖီးယားဂိုဏ်းလိုလို၊ယာကူဆာဂိုဏ်းလိုလို လက်နက်အားကိုးပြီး ပြည်သူတွေကိုအနိုင်ကျင့်နေကြတာ ရွံစရာပါ ။
  • Myu San ဆက်ကြေးကောက်တာနဲ့ အခွန်ကောက်တာဘယ်လိုကွာခြားလဲ..... အစိုးစစ်သားတွ လမ်းမှာ တောင်းခွင့်မရှိဘဲကားတွေစီက ပိုက်ဆံတောင်း ပစ္စည်းတောင်းတာ တွေကကော အခွန်ကောက်တာလား ဆက်ကြေးကောက်တာလား...... ကို့နယ်မြေ ကိုယ့်ဒေသမှ တောင်းတာကို ဆက်ကြေးကောက်တာလို့ခေါ်တာလား.......မရှင်းလို့ ရှင်းပြပါအုံး..
  • Than Zaw John what kind of logic is that? 'He's wrong.. so I must be right?' fucking childish.. despise of lack of evidence on propaganda claims.. "Your Cruelty" is not forgotten just because you blame other side..
  • စာတို ငညို ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်အားနဲ့ ရှာထားတဲ့ ချွေးနည်းစာကို ကိုယ့်မိသားစုပဲ သဒ္ဒါတယ် . ဘယ် ငါ #$#@ သားမှ မသဒ္ဓါဘူးကွ ..ရှင်းလား . ကိုယ့် စိတ်ထဲ လှူချင်စိတ်ရှိရင် လှူမယ် .ပေးချင်စိတ် ရှိရင် ပေးမယ် .. အခွန်ပဲ ဖြစ်ဖြစ် .ဆက်ကြေးပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဝေါဟာရ ပြောင်းပြောင်းကွာ .. အကြောက်တရားကြောင့် ပေးတာပဲ ဖြစ်မယ် . သဒ္ဓါလို့တော့ ပေးတာ မဟုတ်ဘူး . . သူများ မသဒ္ဓါ ရေစာစားတာများ ကြီးကြီးကျယ်ကျယ် . ဆက်ကြေးတို့ အခွန်တို့ လျှောက်ပြောနေတယ် .. ထွီ ............
  • Ah Dau Dee ရုတ္တိမရှိတဲ့သတင်းပါကွာ........
  • စာတို ငညို တောင်းစားရင်တောင်းစားတယ်ပေါ့ကွာ .. ဘာဖြစ်လဲ . အမှန်တရားက ခါးသီးတယ်ကွ . .
  • Mut Tsawm ဒီပိုစ့်တင်တဲ့ တစ်ယောက်လည်း သနားပါတယ်... သူလည်း ကပ်ဖားပဲထင်ပါရဲ့...
  • Ko John The Voice Weekly's News
  • Ko John အလားတူ ကဲ့သို့ပင် ဟိုပင်မြို့ မြသီတာ ရပ်ကွက်ရှိ "အာကာ" စတိုးဆိုင် ကိုလည်း ငွေကျပ် သိန်း ၂၅ဝ အခွန် ပေးဆောင်ရန် အကြောင်းကြား သောကြောင့် ယင်းဆိုင် ပိုင်ရှင်သည် ပေးဆောင်နိုင်ခြင်း မရှိဘဲ အသက် အန္တရာယ် အတွက် စိုးရိမ် ပူပန်ကာ နိုဝင်ဘာ ၄ ရက်နေ့တွင် မန္တလေး မြို့သို့ ထွက်ပြေး တိမ်း ရှောင် ခဲ့ရကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

    https://www.facebook.com/photo.php?fbid=10151173755397885&l=a80961589e
    Photo
    ကချင်ပြည်နယ် ဟိုပင်မြို့ ပါ KIO ဆက်ကြေးကောက်ပြီ

    ကချင်ပြည်နယ် ဟိုပင်မြို့ တွင်
    မှီတင်း နေထိုင်ကြသော ဆိုင်ပိုင်ရှင်များကို သက်ဆိုင်ရာ ကေအိုင်အေ တပ်စခန်းရုံးမှ အကောက် ခွန်တော်ငွေ ကိစ္စနှင့် ပတ်သတ်၍ စာဖြင့် ညွန်ကြားလိုက်ပါတယ်။ ဟိုပင်မြို့ ဆိုင်ရှင်များမှ အခွန်ငွေ ကျပ်သိန်း (၂၅၀) သိန်းနှစ်ရာငါးဆယ်ကို နိုဝင်ဘာလ(၃) ရက်နေ့ အရောက် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

    Credit : www.thithtoolwin.com

    http://www.thithtoolwin.com/2012/11/kio.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29#.UJYd1Wc8s8V
    by: Ko John
  • Myu San ကိုယ့် မြေပေါ်မှာ ကိုယ်တောင်းတာ ဘယ်သူကို စောက်ဂရု စိုက်ရမှာလဲ......... ကချင်ပြည်မှာ ရှိတဲ့ လုပ်ငန်းကြီးတွေကိုလိုက်ကြည့် လိုက် တရုတ်တွေဟာဘဲ စာတို ငညို ဆိုတဲ့ ကောင် မင်းအဘတရုတ်တွေဘက်က နာနေတာလား..........
  • စာတို ငညို ဟေ့ကောင် Myu San မင်းစာတတ်တယ်ဆိုရင် ငါရေးထားတဲ့ Comment ရဲ့အဓိပ္ပါယ်ကို သေချာဖတ်ကွ . ဘယ်ကောင့်ကို သာစေ ၊ ဘယ်ကောင့်ကို နာစေ ဆိုတဲ့ အဓိပ္ပါယ်တစ်ခုပါရင် မင်းငါ့ကို လက်ဖြတ်လိုက် . ဟေ့ကောင် . ကိုယ့်မြေမှာပဲ ကိုယ်တောင်းတောင်း သူများမြေမှာပဲ တောင်းတောင်း . သူများချွေးနည်းစာကို မင်းတို့ယူတာပဲ . ယောင်္ကျားတွေပဲကွာ .ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာစားပါလား .စောက်ရှက်မရှိဘူးလား .. မင်းပြောတဲ့စကားက ကိုယ့်မြေမှာ ကိုယ်တောင်းတာ ဘယ်သူ့ကိုစောက်ဂရုစိုက်ရမှာလဲဆိုတော့ တောင်းလည်းစားသေးတယ် . စောက်ဂရုလည်းမစိုက်ဘူးဆိုတော့ .ဟဟ .သူတောင်းစား ထမင်းဝတော့ #$ တောင်တယ်ဆိုတဲ့ ကောင်မျိုးတွေပဲကွ
  • Seng Awng ကောက်ရမာပေါ.
  • Myu San စာတို ငညိုဆိုတဲ့ ကောင် စကားပြောရင် ဆဲတဲ့ စကားမပါရင် မရေးတတ်ဘူးလား မင်းအဆင့်ကိုမင်းဖော်ပြနေသလိုဘဲ.......အခုကချင်ပြည်မှာလူသိန်းနဲ့ချီပြီဒုက္ခရောက်နေတာ အစိုးရက ဘယ်လောက်ကူနေလို့လဲ ဘယ်လောက်ကြည့်နေလို့လဲ မင်းနယ်စပ်ဘယ်က ဒုက္ခသည်တွေကိုဘယ်သူတွေကြည့်နေလဲဆိုတာ သွားကြည့်လိုက် KIA ကဘဲ အဖွဲ့အစည်းသေးသေးလေးတွေနဲ့ အတူကြည့်နေတာ အစိုးက ကြည့်တဲ့ Camp ဘယ်နှစ်ခုရှိလို့လဲ....... လက်တွေ့သဘောတရားတွေကို မမြင်ဘဲ လျှောက်အော်မနေနဲ့.............
  • Ko John တရုတ်အစိုးရ၏ သိမ်းဆည်းခြင်းခံရသော KIO/KIA အကြီးတန်းခေါင်းဆောင်များ၏ လုပ်ငန်းနှင့် ပစ္စည်းများအနက် KDN မှ စုံစမ်းသိရှိရသည်များမှာ တရုတ်နိုင်ငံ၊ ကြယ်ခေါင်တွင် KIO ဥက္ကဌ ဦးဇောင်းဟရားပိုင်ဆိုင်သော `` 123 ´´ ဟိုတယ်လုပ် ငန်းနှင့် အမည်မသိ သစ်ထုတ်လုပ်ရေး ကုမဏီတစ်ခု၊ ကျောက်စိမ်းခွဲစိတ်ရောင်းချခြင်း ကုမဏီ တစ် ခု၊ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လပိုင်သော ခွေးမင်မြို့မှ ရှင်းလီ ကျောက်စိမ်း ကုမဏီနှင့် ရှင်းလီ သစ်ကုမဏီ၊ ဗိုလ်ချုပ် ဂွမ်မော်ပိုင်ဆိုင်သော ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ် စသည်တို့ပါဝင်ကြောင်း၊ ထို့အပြင် ဗိုလ်ချုပ် ဂမ်ရှောင်ပိုင်ဆိုင် သောလုပ်ငန်းများလည်းပါဝင်ကြောင်းနှင့် လုပ်ငန်းငယ်များဖြစ်သော ဇိမ်ခန်းများ၊ casino လောင်းကစားရုံများလည်း ပါဝင် ကြောင်း သိရပါတယ်။

    http://www.kachindailynews.com/2012/10/kio-kia_15.html
  • Ko John ( စစ်ပွဲတွေ အမြန်ရပ်ပေးပါ ။ Majan Lawan Jahkring Ya . )

    တပ်မတော်က တိုင်မှူးတွေကော၊ KIA ဗိုလ်ချုပ်တွေကော မတရား ချမ်းသာတဲ့သူတွေကြီးပါဘဲ။

    နှစ်ဘက် ရဲဘော်တွေပဲ ရှေ့တန်းမှာ အပင်ပန်းခံ အသေခံနေကြရတာပါ။


    အပစ်အခတ် ရပ်စဲလိုက်ပြီဆိုရင် ဘာပဲဖြစ်ဖြစ် ဒေသခံ ပြည်သူတွေငြိမ်းစွာ နေထိုင်ခွင့် အကျိုး စပြီး ခံစားရမယ်။

    ရှေ့တန်းမှာ လက်တွေ့ အသေ ခံနေရတဲ့ နှစ်ဘက်ရဲဘော်တွေ အသက်ပေးရတာတွေ သက်သာ သွားပြီပေါ့။

    ခေါင်းဆောင်ပိုင်းရဲ့ အခြား လိုလားချက်တွေက နောက်ဆက်ဆွေးနွေး ကြပေါ့ဗျာ။

    https://www.facebook.com/UnTied2012/posts/364359133648973
  • Cho Latt ဘာအတွက် အခွန်ကောက်တာလဲ....
  • Mbk Hra အနော်တော့ အဲဒါတွေ သိပ်နားမလည်လို့ဘာမှဝင်မရေးတော့ဘူးနော်!!1!
  • Aung Nyein Chann ပိုက်ဆံလိုလို့ အခွန်ကောက်တာလေ...တိဝူးလား
Shared with:Public
View LargerDownloadRep

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...