Ads (728x90)

မန်ယူနည်းပြဖာဂူဆန်က တိုက်စစ်မှူးရွန်းနီသည် ဗန်ပါစီရောက်ရှိလာခြင်းကြောင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသော်လည်း ယခုရာသီတွင် ဂိုး ၂၀ သွင်းယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် ဖာဂူဆန်သည် ဗန်ပါစီ၊ ရွန်းနီ၊ ဟာနန်ဒက်ဇ်တို့မှ ဂိုးသွင်းခြေစွမ်းပြနေသောကြောင့် ပြီးခဲ့သည့်ရာသီက ဂိုးကွာခြားချက်ဖြင့် ချန်ပီယံဆုဖလားလက်လွှတ်ခဲ့ရသည့်အဖြစ်မျိုး ထပ်ကြုံတော့မည်မဟုတ်ကြောင်းလည်း ဖွင့်ဟသွားခဲ့သည်။ လက်ရှိအချိန်တွင် မန်ယူအတွက် ဗန်ပါစီက (၁၁)ဂိုး၊ ဟာနန်ဒက်ဇ်က(၆)ဂိုး၊ ရွန်းနီက(၃)ဂိုး အသီးသီးသွင်းယူထားသည်။ ထို့သော် ဖာဂူဆန်သည် ရွန်းနီအနေဖြင့် ဂိုးသွင်းအားနည်းနေသော်လည်း ရာသီကုန်တွင် ဂိုး ၂၀သွင်းနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။
““ရွန်းနီတစ်ယောက် ဂိုး ၂၀ သွင်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဗန်ပါစီရောက်လာလို့ သူခြေစွမ်းမပြနိုင်ပေမယ့် ရာသီကုန်မှာတော့ လိုချင်တဲ့ဂိုးအရေအတွက်ရမှာပါ။ ဟာနန်ဒက်ဇ်ကလည်း ခြေစွမ်းပြဂိုးတွေသွင်းနေသလို ဗန်ပါစီကလည်း ဂိုးသွင်းစွမ်းရည်ပြနေတာကြောင့် ပြီးခဲ့တဲ့နှစ်က ချန်ပီယံဆုကို ဂိုးကွာခြားချက်နဲ့ လက်လွှတ်ခဲ့ရတဲ့အဖြစ်မျိုးထပ်ကြုံတော့မှာ မဟုတ်ပါဘူး””ဟု ဖာဂူဆန်က ပြောကြားသွားခဲ့သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...