Ads (728x90)

 

by Thiha Kyaw Zaw on Monday, 26 November 2012 at 12:59 ·

စပ်မိစပ်ရာ ကြည်လင်းပင်နယ်တီ ဂိုးသွင်းပြီးတော့ အောင်ပွဲခံတဲ့ ပုံစံကိုပထမ သဘောမပေါက်ဘူး။ နောက်တော့မှ ဦးဘိုပြောလို့ ငါတို့လည်း ခြေထောက်မပါတဲ့အသင်း မဟုတ်ဘူးဆိုတဲ့ သဘောဆိုမှ နှစ်ဆတိုးပြီး ရီလိုက်ရတာဗျာ။ အဲဒီ အဆ ၁၀၀ လျော်မယ်ဆိုတာက ပလေယာတွေကို မခံချင်စိတ်နှိုးဆွပေးလိုက်တာပဲ။  ဒါပေမဲ့လည်း စိတ်ဓာတ်သာရှိပြီး skill မပါဘူး ဆိုရင်လည်း ဘယ်လောက်အားထည့်ကန်ကန် အခုလို ရလာဒ် ဖြစ်မလာနိုင်ပါဘူး။ ပလေယာတွေရဲ့(ကြည်လင်းမှမဟုတ်ပါဘူး အားလုံးရဲ့) ကစားဟန် အခုလိုပြောင်းလဲတိုးတက်လာတာဟာ MNL ရဲ့ အသီးအပွင့်လို့ ပြောချင်ပါတယ်။ ခံစစ်ကစားပုံဟာ အရင်လို သွေးရူးသွေးတန်း လျောထိုးဖျက်တာတွေမဟုတ်တော့ဘူး။  တစ်ယောက်လွတ်ရင် နောက်တစ်ယောက်က ထပ်ထပ်ကပ်ပြီး ဖျက်ထုတ်တဲ့ zonal marking ကစားသွားတာ ကျွန်တော်တော့သိပ်သဘောကျတာပဲ။ ငါ တစ်ယောက်တည်း အဲလိုမြင်နေလားမသိဘူးဆိုပြီး ထင်နေချိန် မနက်က လက်ရွေးစင်ဟောင်း တစ်ယောက်နဲ့ မထင်မှတ်ပဲဆုံလို့ အဲဒီအကြောင်းပြောလိုက်တော့ သူကလည်း ဟုတ်တယ် ခံစစ်ကစားပုံနဲ့ ကစားသမားတွေရဲ့ ကစားဟန်တွေဟာ အဆင့်တကယ် မြင့်လာတာ သေချာပါတယ်လို့ ပြောလိုက်တော့ ပိုအားရှိသွားတယ်။ ဥပမာဆို ရန်အောင်ကျော်တစ်ယောက် ဗီယက်နက်ကစားသမားကို သွေးအေးအေးနဲ့ လှည့်ထွက်သွားတာမျိုးဆို သိပ်သဘောကျမိတာပဲ။ အရင်ကဆို လိမ်သာလိမ်တာ ခေါင်းကြီးငုံပြီး လိမ်တာဗျ ဟီး . . . ထားပါတော့လေ နောက်ထပ် ကျွန်တော်ပြောချင်တာကတော့ ၁၁ လတိတိ ကန်ရတဲ့ MNL ပွဲစဉ်ရှည်ကြီး . . (ပရီးမီးယားလိဂ်တောင် ၈ လပဲကြာတယ်ဗျာ) ဒီကြားထဲ ၁၆ နှစ်အောက် အသင်းကနေ လက်ရွေးစင်အသင်းထိ ဘာပြိုင်ပွဲရှိရှိ နားထားရ (အဲဒီအချိန်မှာ လက်ရွေးစင်တွေက ကမ့် တောက်လျောက်ဝင်၊ လုံးဝကိုမနားရ) အဲဒီလို ရေရှည် မာရသွန်ပြိုင်ပွဲကြီးကို အဖွဲ့ချုပ်အနေနဲ့လည်း ပြန်လည် သုံးသပ်စေလိုပါတယ်။ အဲဒီလို မာရသွန်ကြီးကို ဖြတ်သန်းပြီးမှတော့ ပလေယာတွေရဲ့ ကြံခိုင်မှုဟာ စဉ်းစားသာကြည့်ပါတော့ဗျာ။ (အဲဒီအကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ်ရေးပါအုံးမယ်) ဒီလို ဒီလို အခြေအနေတွေကြားထဲကနေ အခုလို ပေါက်ကွဲနိုင်စွမ်းအားကို ယိုးဒယားနဲ့ ပွဲမှာ ထပ်မြင်ချင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့် ပါဆင်နယ် အမြင်ကတော့ ယိုးဒယားကို သက်တောင့်သက်သာ ခံစစ်ပဲ ပိတ်ဆော့စေချင်တယ်။ ယိုးဒယားနဲ့ပွဲကို ပွဲမပန်းစေချင်ဘူး။ အဲဒီပွဲမှာအားမွေးထားပြီးတော့မှ နောက်ဆုံး ဖိလစ်ပိုင်နဲ့ ပွဲမှာ ဖောင်ဖျက်ပြီးသာ တွယ်ကြဗျာ။ ဂရိတောင် ဥရောပချန်ပီယံဖြစ်သေးတာပဲ ဆိုတာနဲ့တောင် မနှိုင်းချင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ဂရိနဲ့ ဥရောပထိပ်တန်း အသင်းတွေနဲ့ ခြေဟာ အတော်ကြီးကွာပါတယ်။ အခုကျွန်တော်မြင်တာက မြန်မာအသင်း လက်ရှိခြေစွမ်းနဲ့ ယိုးဒယား ဗီယက်နမ် ဖိလစ်ပိုင် အဲဒီလောက်မကွာပါဘူး။ အားပေးနေမယ်ဗျာ . . . . . . . Fighting !!!!! ညီအစ်ကိုတို့ရေ . . (စပ်မိစပ်ရာဆိုသည့်အတိုင်း စာများဟိုရောက်ဒီရောက်ဖြစ်သွားခြင်းအပေါ် နားလည် ပေးကြပါနော်ဗျ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...