Ads (728x90)


http://img1.sendscraps.com/se/046/001.jpg

အရူး...

အားလုံးသတ်မှပေးထားတဲ့ နာမ၀ိသေသန

စိတ်လွတ်ကိုယ်လွတ်ထမင်းလွတ်ဟင်းလွတ်တာကိုမှအရူးတဲ့ လား..?

ငါမင်းကိုချစ်ခဲ့ မိတာတွေ ပေါင်းစပ်ဖို့ မဖြစ်နိုင်မှန်းသိရက်နဲ့ 

ဇွတ်အတင်းစိတ်ကူးတွေယဉ်ခဲ့ မိတာတွေ

ဒါလဲ အရူးတစ်ယောက်ရဲ့ ရူးသွပ်မှုတွေပါပဲ

 ငါမင်းကို တကယ်ချစ်ခဲ့  အရမ်း Crazy ဖြစ်ခဲ့ တာ

ဘယ်သူ့ ကိုမှမပေးခဲ့ ဘူးတဲ့ ချစ်ခြင်းတွေ

ရှုထဲအသဲထဲက လိုက်လျောစွာယိုဖိတ်ခဲ့ တယ်

ငါ...အရူးတစ်ယောက်ပါလေ....။

ချစ်ခြင်းဖွဲ့ သံစဉ်ချိုတွေတီးခတ်ရင်း

ငါတို့ နှစ်ယောက်ရဲ့ ကာရန်တွေညှိခဲ့ ဘူးပါတယ်

အကောင်းဆုံးကဗျာတပုဒ်တော့ ဖြစ်ခဲ့ တယ်ထင်ပါရဲ့ 

အနိုင်မယူသူအရှုံးပေး နှလုံးအေးပါတယ်ဆိုပြီး

ငါအမြဲတမ်း အရှုံးပေးခဲ့ ပါတယ် ဒါနဲ့ များတောင်

မင်းလုပ်ရက်ခဲ့ တယ်နော်...။

မင်းမချစ်တတ်လို့ လေပဲလား ငါပဲအချစ်ငတ်ခဲ့ တာလား ... ?

ဝေခွဲမရတော့ ပေမယ့်  ငါအသဲကွဲခဲ့ တာတော့ အသေအခြာပဲ

နောက်ဆုံးကကွက်မရောက်ခင် ကကြိုးတွေပျက်ခဲ့ ရတယ်

အနိုင်မယူတတ်သူအတွက် အရှုံးနဲ့ ဇာတ်သိမ်းပေါ့ 

မင်းနိုင်ပါတယ်....။

မင်းအပျော်ကစားခဲ့ တဲ့ အရုပ်လေးတစ်ရုပ်ပါ

မင်းမသိတဲ့ တဲ့ အရုပ်လေးဘ၀က ငါ့ နှလုံးသားနဲ့ ရင်းပြီး

မင်းပျော်ရွှင်စွာဆော့ ကစားဖို့  ငါအသက်သွင်းထားခဲ့ တဲ့ 

ငါ့ ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေနဲ့  ပါ

ဆော့ ကစားခဲ့ ယုံနဲ့ တင်အားမရ တစစီချိုးဖဲ့ ပစ်ခဲ့ တယ်

မင်းတကယ်ကိုလုပ်ရက်တယ် ငါ့ မာနတွေငါ့ သိက္ခာတွေ

ခ၀ါချမင်းအလိုကျနေပေးခဲ့ တာပါ ချစ်သူရယ်...

မင်းအတွက်အပျင်းပြေပေမယ့်  ငါ့ ကမ္ဘာပျက်ခဲ့ ရပြီ

ဆို့ နင့် မှုတွေ လှိုက်မောမှုတွေ ငိုကြွေးပူဆွေးမှုတွေနဲ့ 

ငါ့ အသက်ထွက်မတတ်ခံစားရတယ်

မင်းပျော်တယ်မလား...ပျော်ရွှင်နိုင်ပါစေချစ်သူရယ်...

အဖြည့် ခံအနေနဲ့  မင်းအတွက်ပျော်တော်ဆက်အသုံးတော်ခံပေးခဲ့ ရလို့ 

ငါဝမ်းမနည်းပါဘူး တကယ်ချစ်ခဲ့ မိတဲ့ ငါ့ ကိုလိမ်လည်လှည့် ဖြား

မာယာများခဲ့ တာတွေအတွက်တော့ ငါတကယ်ဝမ်းနည်းမိပါတယ်

နောက်ဘ၀ဆိုတာများရှိ ခဲ့ ရင် ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့ လို့ 

ဘုရားမှာငါတောင်းဆုချွေပါတော့ မယ် ဒီဘ၀တော့ ဒီအမျှပါပဲ

Good Bye ! ပါချစ်သူ...။

http://img1.sendscraps.com/se/046/006.gif

20.10.2012
3 : 25 AM
ရေးသားသူ => Åüñg Kÿáw Sôë
Saturday, October 20, 2012 
http://www.kabyrchitthu.co.cc/2012/10/good-bye.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...