Ads (728x90)




ကေအိုင်အေတို့၏ သတင်းပေးပို့ချက်များကို ယုံကြည်ဖော်ပြသော မြန်မာဂျာနယ်များအား အထူး သတိပြု စေလိုပါသည်။ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် သတင်းမှားများ အား ကေအိုင် အေ မှ ပြောရေးဆိုခွင့်ရှိသူများ၊ ခရစ်ယာန်ဆရာတော်များ၊ ဒေသခံများ မှ လိမ်လည်ပြောဆို ခဲ့ခြင်း ဖြစ်သည်။ ယခု အပတ်အတွင်း ဖော်ပြထားသည့် သတင်းများတွင
် ကျေးရွာမရှိသည့် နေရာများ တွင် ကျေးရွာ အမည်များ ထည့်သွင်းခြင်း၊ ကေအိုင်စုဆောင်းထားသည့် လူသစ်များ တိုက်ပွဲအတွင်း ကျ သည် ဖြစ်စေ ၊ အချင်းချင်း ပစ်ခတ်သည်ကြောင့်ဖြစ်စေ သေဆုံးပါက ကချင်ပြည်သူများဟု ခေါင်း စဉ် တပ်ကာ ဖော်ပြလျှက်ရှိသည်။ ယခု ကာလအတွင်း ကေအိုင်အေ အတင်းအဓမ္မ စုဆောင်းထား သည့် အမျိုးသမီး များအား တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ စေလွှတ်၍ သေဆုံးဒဏ်ရာရပါက စစ်ဘေး ဒုက္ခသည်များ သေဆုံးဒဏ်ရာရသည်ဟု မီဒီယာများတွင် ဖော်ပြနိုင်စေရန်အတွက် ကြိုးစား နေ ကြောင်း သတင်းရရှိထားပါသည်။ ကိုယ်တိုင် သတင်းယူပါ။ ပြီးမှ အမှန်ကို ဖော်ထုတ်ပါဟု ပြောလို ပါသည်။

-မြန်မာအစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ပြည်သူ ၃ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ
-စစ်အစိုးရ၏ သတင်းပို့ယာဉ်ကို ကေအိုင်ဖမ်းမိ
-အစိုးရတပ်တွင်း အချင်းချင်းအငြင်းပွားမှုဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေဆုံး
-KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးသို့ အစိုးရတပ် ရိက္ခာများ အဆက်မပြတ်ပို့နေ
-စစ်ပြေး ဒုက္ခသည် စခန်းအတွင်းသို့ မြန်မာ အစိုးရ စစ်တပ်မှ လက်နက်ကြီး ၊လက်နက်ငယ်တို့ ဖြင့်ပစ် (၄)နှစ် ကလေး(၁)ဦးအားထိ
-ရှမ်း/မြောက်တွင် KIAနှင့် SSA ပူးပေါင်းကာ အစိုးရတပ်အားတိုက်
-KIA နှင့် ဖားကန့်အနီး နှစ်နေရာ တိုက်ပွဲတွင် မြန်မာစစ်သား ၆ ဦးကျ ၁၅ ဦးထိခိုက်
-အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ်ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ
-၇ ရက်ကြာ ၀ူထောတိုက်ပွဲ တွင် မြန်မာအစိုးရစစ်သား ၃၀၀ ကျော်ကျ
-မြန်မာတပ် အမြောက်ဆံသင့်သော ဆရာမ မိုင်းအောင်၌ ထူးခြားသည့်လက္ခဏာပြ
 
By : Minko Ko

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...