Ads (728x90)


--------------------------------------------------------------------

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ ပန်းဝါ နှင့် စစ်တကောင်း ဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များကို မွတ်စလင် အကြမ်းဖက်လူအုပ်စုများ
က တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ ....
မနက်ဖြန် အောက်တိုဘာလ (၈)ရက်နေ့တွင်မူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူတစ်ရပ်လုံးမှ ဘင်္ဂလားဒေ့ရှ်သံရုံး (The Embassy Of People's Republic Of Bangladesh) အမှတ် (၁၁)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၌ နေ့လည် (၂:၀၀)တွင်၊ ဒုတိယအကြိမ် တခဲနက် ငြိမ်းချမ်းစွာဆန္ဒထပ်မံထုတ်ဖော်
သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်ဒေသကြီးအတွင်းရှိ ဆရာတော် သံဃာတော်များ
အားလုံးမှ အမျိုးဘာသာ သာသနာကို ဖျက်ဆီးစော်ကားနေခြင်းအား
လက်မခံကြောင်း ဆန္ဒထုတ်ဖော်မည့်ပွဲသို့ ကြွရောက်ပူးပေါင်း၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပေးကြပါရန် အလေးအနက် လျှောက်ထားအပ်
ပါသည် အရှင်သူမြတ်တို့ဘုရား ....။

ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားပြည်သူလူထုကြီးအနေဖြင့်လည်း၊ မိမိတို့အမျိုး
ဘာသာ သာသနာကို စော်ကားနေခြင်းအား လက်မခံကြောင်း ဆန္ဒထုတ်ဖော်
မည့်ပွဲသို့ လာရောက်၍ ဆရာတော်သံဃာတော်များနှင့် ပူးပေါင်းကာ ငြိမ်းချမ်းစွာ အတူလက်တွဲ ဆန္ဒထုတ်ဖော်ပေးကြပါရန် တိုက်တွန်းအပ်ပါ
သည်။

*** အထူးသတိပြုရန် - ဤကိစ္စသည် အမျိုးဘာသာ သာသနာအတွက်
ရည်ရွယ်၍ ပြုလုပ်သော အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲဖြစ်ပါသဖြင့်၊ ပါတီ နိုင်ငံရေး ရောယှက်မှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်ဆူပူမှု
များကို မပြုလုပ်ကြပါရန်နှင့် မိမိတို့ လုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင်များ
ကမ္ဘာ့အလယ်တွင် အကြမ်းဖက်သမားများအသွင် မမြင်ကြရစေရန် ထိန်း
သိမ်းပေးကြစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ ***


အကြောင်းကြား ပင့်လျှောက်လွှာ
----------------------------------

ဤကျောင်းတိုက်အတွင်း၌ သတင်းသုံးနေထိုင်ကြကုန်သော
သံဃာတော် အရှင်သူမြတ်တို့ဘုရား။ ယခု ဘင်္ဂလားဒေ့ရှ်ရှိ အပြစ်မဲ့
ဗုဒ္ဓဘာသာကျောင်း (၂၂) ကျောင်းနှင့် တန်ဖိုးမဖြတ်နိုင်သော
ဗုဒ္ဓဆင်းတုတော်များအား မီးရှို့လုယက်ခြင်းများအား ရပ်တန့်ပါရန်နှင့်
ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်
ဖော် တောင်းဆိုရန်အတွက် ကြွရောက်ပါရန် ရိုသေစွာဖြင့် ပင့်လျှောက်
အပ်ပါသည် အရှင်သူမြတ်တို့ဘုရား။

ပင့်လျှောက်သူ
(အကျိုးဆောင် သံဃာတော်များ)
ရန်ကုန်မြို့

စုရပ် - ပြည်သူ့ရင်ပြင်ရှေ့၊ မြေနီကုန်းမှတ်တိုင်သစ်၊ ပြည်လမ်း၊ (ပြည်သူ့
လွှတ်တော်ရှေ့)

ဆန္ဒထုတ်ဖော်မည့်နေ့ရက် - (၈.၁၀. ၂၀၁၂)
ဆန္ဒထုတ်ဖော်မည့်အချိန် - နေ့လည် (၂)နာရီ
ဆန္ဒထုတ်ဖော်မည့်နေရာ - ဓမ္မစေတီလမ်းနှင့် အင်းယားထောင့်
"Savoy Hotel" အနောက်ဘက် ဘင်္ဂလားဒေ့ရှ် သံရုံးသို့
— 

By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...