Ads (728x90)


သီရီလကာင်္နိုင်ငံ လေဆိပ်အ၀င်က မြတ်စွာဘုရားဆင်းတုတော် 
(ကျွန်တော်တို့နိုင်ငံ လေဆိပ်မှာလည်း ဒီလိုရှိရင် ကောင်းမယ်ထင်တယ်နော်)


အရှင်ဘုရား
တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလား-
အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊ နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊
ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်က ပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့ စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

ဒါကြောင့်လဲ လူ့ဘ၀က တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း- စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်က ဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေက ငြီးတွားခဲ့ကြတယ် ---
အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊
လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲ ပြေလည်နိုင်မယ် လို့ ထင်တယ်၊ ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြုပြီး အားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ ကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမှာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊
အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့ လူတယောက်ဆိုတာ အရှင်ဘုရား ဒကာကြီးပါ။ သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊

တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာ မှတ်သားပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်၊

အစီအစဉ် များ - -

၁၊ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့် အပြည့်နီးပါး ထည့်ပါ၊

၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်၊

၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကို ဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊

ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။
- -ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် - -

ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက် ချစ်ခင်နေလျက်ပါ၊ ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊
ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ ရေထဲမှာ စိမ်ထားလိုက်ပြီ၊

မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ေ၇ာ လူရော အေးချမ်းလာပြီး ငါ့အပေါ် မေတ္တာသက်ဝင်လာပါစေ၊ ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊ လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ - စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်၊ -
ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီး တနေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊ အကြိမ်များစွာ ဆို၇င်တော့ အကောင်းဆုံးပေါ့၊

၎ ။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တ၀ါအားလုံးနဲ့ နတ်ဗြဟ္မာတွေကို တိုင်တည်ပြီး မေတ္တာပို့ အမျှဝေ ရပါမယ်၊

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။ ၂ ယောက် ၃ ယောက် စသည်ပို့လိုရင်လဲ အစားထိုး ကျောက်ခဲလေးတွေကို ၂ လုံး ၃ လုံး ထည့်ပြီး ပွားများနိုင်ပါတယ် ၊ မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရ ကိုယ်တော်တိုင် ပေးသနားထားခဲ့တဲပအတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ၊

မှတ်ချက်၊ ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊

ဒီဆောင်းပါးလေးကို စာရေးသူရဲ့ http://panalinka.blogspot.com/ ဒီဘလောဂ့်လေးမှာလဲ တင်ထားပေးပါတယ်၊

မေတ္တာဖြင့် လူအချင်းချင်း ဒေါသ မာန်မာန မနာလိုစိတ် ကင်းရှင်း ပြီး ဆင်းရဲမှု့အားလုံး ငြိမ်းအေးနိုင်ကြပါစေ
 

 By :
— with Sai Mawn Kham, Don't Forget Love, Sai Pan, Swan Zarni, Banyar Han Singer, Athen Cho Swe, Khaing Sint Sint, Sai Han, Aung Zay, လု စိုင်း, လားရှိုး အချစ် နတ်ဆိုးလေး, Renaissance LoVe, Naung Zan Latt, Eain Eain Js Leader, Aung Ye Lin, Sai Aung Thu, Sai William Tun, Hlaing Min Soe, Ko Yan Lay, Ar Kar, Saw Kyawoo, Hein Khant, Soe Moe Kyi, Sai Bo, မယ်မင်းကလေးမ ကိကိ, လူပျိုကြီး တင်မျိုး, ရှိုင်း ဆီ ဇာ, Ko Sai, Empireof Fable, Myo Min Thant, Moemyint Thawtar, Chitthu Eain, ခိန် ခိန်း, Sai Yam, Smile Angel, မာဃ လုလင်, Austin Kyaw, Hero Saiphyo, လူပျို ကလေး, အလင်းရောင် ချစ်သူ, Chic Lay, Chit Hlaing Aung, Linhlyan Ko Ko, Ohnmar Htet, ခက် စိမ်းစိမ်း, Ever Say, Chit Htike Thar, Kyaw Nyi Nyi Htun and War Aung.Like · · Share · 15 September

  • Htay Htay Ohn အရမ်းသပ္ပာယ်တယ်နော်.... အေးပေါ့ ... တို့နိုင်ငံလေဆိပ်မှာလဲ အဲဒီလိုရှိရင် ကောင်းတာပေါ့....
  • လု စိုင်း သူငယ်ချင်းရေ မောနင်းပါ ကျေးဇူးပါ အို ဟာယိုး ဂိုးဇိုင်းမက်စ် အာရိငတ်တောဂိုးဇိုင်းမက်စ်း))))
  • 김태성 안녕하세요......(good morning.......မင်္ဂလာပါ)....:)
  • လု စိုင်း hay! help me to invite that my acc is phyogalaxy@gmail.com and lovelusai@gmail.com
  • လု စိုင်း i would like to be u as my real fri!!!ok :))))
  • Ya Min ကိုရီးယားကောင်းလေးကိုလည်းမုန်းသူမရှိဘဲချစ်ခင်သူတွေများပါစေ:):):):):):)
  • Htoo Aunt အရမ်းသပ်ပါယ်တယ်ဗျာ...
  • Ohnmar Htet ဟားဟားဟား......မိုက်တယ်...မိုက်တယ်..ကင်ချီရေ.....ကျေးဇူး....ကျေးဇူးပဲဟ...မင်းအမ...ဥမ္မာထက်လည်း...ဒီနေ.ကနေစပြီး...မောင်.ကိုမေတ္တာ...ပို.အုံးမှပဲ...ဒီနည်းလေးနဲ.လေ...ဟဲဟဲဟဲ....မောင်ပြန်ချစ်လာအောင်လေ...နော်...ကျေးဇူးအရမ်း...အရမ်းတင်ပါတယ်...နော်.
  • Khine Yinmin မောင်လေးကျေးဇူးတင်တယ်နော်
  • Nan Sway Zin hote loe lar...
  • လု စိုင်း ဟုတ်တယ် အရှင်ဆန္ဒာဒိက တရားစာအုပ် ဘယ်လောက်ဝေးဝေးနီးနီးလေးကို ဝယ်ဖတ်ကြည့်ပါလား နောက်ပြီး လမ်းခွဲတာဝမ်းနည်းစရာလားဆိုတဲ့စာအုပ်ဝယ်ဖတ်ကြည့်လိုက် အကျယ်ကိုသိနိုင်လိမ့်မယ်ထင်တယ် သူငယ်ချင်းကောင်လေးရေ မင်းအစားငါပြောပြတာနော် ဆရာလုပ်တယ်မထင်နဲ့နော်း)))
  • Nan Sway Zin a' လမ်းခွဲတာဝမ်းနည်းစရာလားဆိုတဲ့စာအုပ် bae ga nay wel ya mar lae?
  • လု စိုင်း အယ် အဲဒါတော့ လုလဲမသိဘူးလေဗျာ လုကတောင်ငူကဆိုတော့ တောင်ငူဆိုင်တွေပဲသိတယ်လေဗျာ လမ်းခွဲတာဝမ်းနည်းစရာလားစာအုပ်ကမယ်တော်ကြီးနဲ့ဘုရားရှင်တို့ ရဲ့လမ်းခွဲပုံ လမ်းခွဲနည်း နဲ့ပိပ္ပလိလုလင်(အရှင်မဟာက္တဖမထေမြတ်)နှင့် မဘဒါတို့ ရဲ့လမ်းခွဲပုံလေးတွေ စံပယ်ပန်းကုံးခြားပြီးအတူတူသစ္စာဆိုတဏ္ဍာရာဂစိတ်တွေနဲ့ပတ်သတ်ပြီးဘယ်လိုသံဝေဂတွေကိုအစပြုပြီး တရားထူးတွေရခဲ့တာတွေကိုဟောကြားထားတဲ့တရားတော်တွေပါ အားလုံးအနှစိတွေချည်းပဲဗျာ
    ဘယ်လောက်ဝေးဝေးနီးနီးလေးစာအုပ်ကတော့ အခုstatusတင်ထားတဲ့ရေမေတ္တာပွါးနည်းတွေ အများကြီးနဲ့ပတ်သတ်ပြီးကျမ်းပြုထားတာပါ လူတစ်ယောက်အရမ်းချစ်နေ သတိရနေရင် ကိုယ်နဲ့ခွဲရတာ ကြာနေရင် ဘယ်လောကိပဲဝေးနေပါစေ နီးလာအောင်လုပ်နိုင်ဖို့ လမ်းညွှန်ထားတဲ့စာအုပ်ကောင်းတစ်အုပ်ပါ
    ရှာဝယ်ကြည့်ပါဘာသာရေးစာအုပ်ဆိုင်တွေမှာ ငှါးဖတ်တာမျိုးမဟုတ်ပဲ မိမိကိုယ်ပိုင်စာအူပ်ဖြစ်ဖို့ သတိရတိုင်းဖတ်နိုင်အောင် ဝယ်ဖတ်တာအကောင်းဆုံးလို့ ထင်ပါတယ် ကျေးဇူးတင်ပါတယ်း)))
  • Htoo Chit ကျေးဇူးပါဗျာ..............

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...