Ads (728x90)



------------------------------------------------------------------------------

သမ္မတက နေပြည်တော်ကိုလာဖို့  တိုက်ရိုက်ဖိတ်တာမျိုး မရှိပါဘူးခင်ဗျာ။
ဦးအောင်မင်းက နေပြည်တော်ကိုတွေ့ ဆုံမှုလာလုပ်နိုင်ပါတယ် ဆိုပြီး
အကြောင်းကြားတာရှိတယ်။ သမ္မတ ခေါ်တယ် မခေါ်ဘူးကိစ္စ မပါပါဘူး။

မဖြစ်နိုင်တဲ့ကိစ္စပါ။ ရှေ့ တန်းနေရာတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်
ဖြစ်နေတဲ့အချိန်မှာ နေပြည်တော်မပြောပါနဲ့ မူဆယ်တို့  ဗန်းမော်တို့ 
ဘက်ကိုတောင် မသွားနိုင်တဲ့အကြောင်း ကြိုပြီးတော့ ဇူလိုင်လ ၁၇ ရက်
ကတည်းက အကြောင်းကြားစာ ပို့ ပြီးသား ဖြစ်ပါတယ်။

လွယ်ဂျယ်မြို့ ရဲ့ အပြင်မှာ မြို့ ပြင်က အားကစားကွင်းပြင်နေရာမှာ
အဆောက်အဦ ဆောက်ထားတာရှိတယ်။ အားလုံးက ပြီးစီးသွားပြီ။
အဲဒီမှာ ကေအိုင်အို အဖွဲ့ အစည်းက ရွေးချယ်တာမဟုတ်ဘူး။ ကြားကနေပြီး
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့  (Peace Talk Creation Group)
ရှိတယ်။ သူတို့ ကိုယ်စားလှယ်က ရွေးချယ်မှုကို အတည်ပြုပေးဖို့ ပြောတယ်။
ဦးအောင်မင်းကိုယ်တိုင်သွားကြည့်ပြီး ဒီနေရာအဆင်ပြေပါတယ် ဆိုပြီး
မှတ်ချက်ပြုတယ်။ တွေ့ ဆုံဆွေးနွေးမှုအဆင့်တွေကို အခုလို အခြေအနေ
တင်းမာတဲ့အခြေအနေ၊ ယုံကြည်မှုမရှိနိုင်သေးတဲ့အချိန်မှာ အဲဒီကြားနေရာမှာ
ဆွေးနွေးမှုတွေကို လုပ်ဖို့ ပါ။ အဲဒီနေရာကိုသွားဖို့ ဆိုရင် သူတို့ ဘက်မှာလည်း
အဆင်ပြေပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း အဆင်ပြေပါတယ်။
အဲဒီနေရာဟာ ကျွန်တော်တို့ ကေအိုင်အို ထိန်းချုပ်ထားတဲ့နေရာ မဟုတ်ဘူး။
ကြားနေရာလို့ ပြောလို့ ရတယ်။

ကချင်ဒေသနဲ့ ပက်သက်ပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရပြောဖို့ 
အရမ်းအလှမ်းဝေးသေးတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့သူတွေက အပစ်ရပ်ရုံနဲ့ 
ကိစ္စပြေလည်သွားပြီ၊ ငြိမ်းချမ်းရေးရပြီလို့  ယုံကြည်ကြတယ်။ ငြိမ်းချမ်းရေး
ဆိုတဲ့ဝေါဟာရအပေါ်မှာ လူထုအထင်မှား အမြင်မှားအောင် လမ်းကြောင်း
ပေးနေတယ်လို့ ထင်တယ်။ ကျွန်တော်တို့  အစိုးရကိုယ်စားလှယ်တွေနဲ့ 
တွေ့ ဆုံတဲ့နေရာမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုလို့ ပြောကြတယ်။
အဲဒီအဆင့်ရဖို့ ဆိုတာ အများကြိးလိုပါသေးတယ်။ ငြိမ်းချမ်းရေးတွေ့ ဆုံ
ဆွေးနွေးမှုရဖို့  နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုကို ကျော်ဖြတ်ရဦးမယ်။
အခုတွေ့ ဆုံမှုတွေက နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုပေါ်လာဖို့ အတွက်
ကြိုတင်ပြင်ဆင်တဲ့ တွေ့ ဆုံမှုတွေပါ။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုတောင်မှ
ရှေ့ ဆက်မသွားဘဲ ရပ်နေရတယ်။ ဒါ့ကြောင့် ဒီကိစ္စတွေကဘယ်လောက်အထိ
ကြန့် ကြာနိုင်တယ်ဆိုတာ ပြောဖို့ တော့ ခက်တယ်။

လက်နက်အားကိုးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ ဝေါဟာရကို
ဖော်ဆောင်နေတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ အပြန်အလှန် ရိုးသားပွင့်လင်းတဲ့
ညှိနှိုင်းမှုဆိုတာ ဘယ်တော့မှ ပေါ်လာနိုင်တဲ့အကြောင်း မတွေ့ ရဘူး။
အင်အားနဲ့ လက်နက်တွေနဲ့ ဖိအားပေးပြီးမှ တိုင်းရင်းသားအဖွဲ့ တွေက
ငြိမ်းချမ်းရေးအတွက် ပြောလို့ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။
အဲဒီလိုဟာတွေကြောင့်ဘဲ ကချင်ဒေသတွေမှာ တွေ့ ဆုံမှုတွေအဆင်မပြေရတဲ့
အကြောင်းအရာပါ။ ထိုးစစ်မလုပ်ပါဘူးဆိုပေမယ့် တပ်တွေက ကချင်ပြည်နယ်
ထဲကို အမြဲဘဲတက်နေတယ်။ တပ်တွေတိုးပြီး ထိုးစစ်ဆင်မှုဟာ ကချင်ဒေသ
တည်ငြိမ်မှုကို ပိုပြီးတော့ဆိုးရွားစေတဲ့ အဓိကအကြောင်းအရင်းပါ။

တပ်တွေဆုတ်ပေးပါဆိုတဲ့အကြောင်း၊ ဘယ်တပ်တွေဆုတ်ပေးပါဆိုတဲ့
အကြောင်း စာရင်းလည်းအတိအကျပေးထားတယ်။ ဒါပေမယ့် ဦးအောင်မင်း
က ဘာပြောလည်းဆိုတော့ နှစ်ဘက်တပ်တွေ ကျွံနေတယ်၊ အစိုးရတပ်လည်း
ကျွံတယ် ကေအိုင်အေ တပ်လည်း ကျွံနေတယ်ပြောတယ်။ သူက ဘာကို
ရည်ရွယ်ပြောတယ်ဆိုတာ နားမလည်ဘူး။ ကျွန်တော်တို့ ရဲ့ တပ်တွေက
အရင်ကတည်းက ကချင်ပြည်နယ်အနှံ့ မှာ ရှိပြီးသား၊ အဲဒါကို ကျွံတယ်လို့ 
ပြောတယ်ဆိုတာ မပြောတတ်ဘူး။ ကျွန်တော်တို့  စစ်ကိုင်းတိုင်းဒေသကြီးကို
သွားပြီး တပ်အင်အား တိုးထားတာရှိလား။ ဘယ်မှမသွားဘူး။ ကချင်ဒေသမှာ
ရှိပြီးသားတပ်တွေ ကျွန်တော်တို့ ဆုတ်ရင် တရုတ်ပြည်ထဲဘဲ ရောက်သွား
တော့မယ်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားအရေးနဲ့ ပက်သက်ပြီး
အမှန်တကယ်ပွင့်လင်းတဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေး အဖြေရှာရေးအတွက်
တကယ်ခိုင်ခိုင်မာမာ ဆန္ဒရှိရမယ်။ ဒါ အဓိကအချက်ပါ။ အခု အစိုးရ
အဆက်ဆက်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတာ တစ်ခါမှ
မရှိခဲ့ဘူး။ အခုလည်း သူတို့ ထဲမှာ အဲဒီလို ဆုံးဖြတ်ချက် မရှိသေးဘူး။
ဒါ့ကြောင့်လည်း အစိုးရအဖွဲ့ အစည်းရဲ့  စိတ်ပိုင်းဆိုင်ရာ၊ သူတို့ ရဲ့ ခံယူချက်
ထဲမှာ ရှိကိုရှိရမယ်။ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို လူမျိုးစွဲ ဘာသာစွဲ
ဂိုဏ်းဂဏစွဲတွေနဲ့ သတ်မှတ်ထားတယ်။ သောင်းကျန်းသူတွေအနေနဲ့ 
သတ်မှတ်ထားတယ်။ ဒါကတော့ အဓိကအချက်ဘဲ။

အစိုးရက ပြုပြင်ပြောင်းလဲမှုဆိုတော့ ဘာမှပြုပြင်ပြောင်းလဲတာ မရှိဘူး။
သူတို့ ပြောနေတဲ့ပြုပြင်ပြောင်းလဲမှုဆိုတာ တိုင်းရင်းသားတွေအတွက်
ဘာမှ အရိပ်အာဝါသလည်း မခံရဘူး။ ကချင်ဒေသမှာလည်း အဲဒီလိုပါဘဲ၊
အမြဲတမ်းလေ့လာစောင့်ကြည့်နေတဲ့သူတွေအတွက် ရယ်စရာတစ်ခုလို့ 
ပြောရမယ်။ အခွံဘဲပြောင်းတာပါ၊ အထဲက အဆန်ကတော့ အရင်အတိုင်း
ပါဘဲခင်ဗျာ။
Like · · Share · 13 hours ago

By :

 

  • Kyaw Zin Linn and 15 others like this.
  • Aungmyo Tun ကုမုဒြာဂျာနယ်တွင်ဖော်ပြထားသော ကေအိုင်အိုအဖွဲ့ သတင်းပြန်ကြားရေး
    တာဝန်ခံ ဥိးလနန်နှင့် တွေ့ ဆုံခြင်း မှ ကူးယူပါတယ်။
  • မိုးပေါက် စင် ပုံ မှား ရိုက် တဲ့ နေရာ မှာ တော် တာ အခု ကတည်း က မဟုတ် ဘူး ...... ထိုင်း ( ယခင် ယိုး ဒယား ) တွေ ဆို ကောင်း ကောင်း သိတယ် ။
  • မိုးပေါက် စင် အာဏာရှင် ဗမာ တစ် စု ဟာ ပဒေသရာဇာစ် ရူး ရူး နေ တဲ့ သူ တွေ ဆို တော့ အစော ဆုံး ခံ ခဲ့ ရသူ တွေ က အစော ပိုင်း ကတည်း က ဘာဆို ဘာ ကို မျှ မယုံ ကြည် တော့ တဲ့ သဘော တွေ ရှိ တယ် ။
  • Than Htut Aungs One of major changes is description of KIO view in public media, ကုမုဒြာဂျာနယ်. Never seen it before. U La Nan will be successful Lawyer if he change the professional.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...