ဘင်္ဂါလီမူဆလင်များက
ညှဉ်းပန်းမှုကြောင့် ဟိန္ဒူ (၂၅) ဦး ပေါက်တော မှ စစ်တွေသို့ ပြောင်းပြေးလာ
====== By Thar Tun Oo and Murm Khari ====== စစ်တွေ၊ ၂၀ စက်တင်ဘာ ၂၀၁၂၊
Coral Arakan News ====== အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း
ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေးလာခဲ့ရသော
ပေါက်တောမြို့နယ်အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည် ယနေ့
မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ
လံခြုံရေးတပ်ဖွဲ့များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့
မင်းဗာကြီးလမ်းပေါ်ရှိ ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင်
ပေးခဲ့ကြသည်။ == ပေါက်တောမြို့နယ် တောလည်ကျေးရွာမှ လူဦးရေ (၂၅)ဦး ရှိ
ဟိန္ဒူမိသားစု လေးစု တင်ဆောင်ထားသော စက်လှေသည် ယနေ့ နံနက် ၁၁နာရီခွဲတွင်
စစ်တွေမြို့နယ် ဈေးဖောင်တော်သို့ ရောက်ရှိလာသည်။ == အဆိုပါမိသားစုများ အား
တောင်ရွာဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများက အတင်းအဓမ္မ အမဲသားကျွေးပြီး
မူဆလင်ဘာသာဝင်ခိုင်းသဖြင့် တောလည်ကျေးရွာ သို့ ထွက်ပြေးလာခဲ့ရကာ၊
ယင်းရွာတွင် တစ်လမျှ ကြာပြီးနောက် ယခုမှ စစ်တွေ ဟိန္ဒူဒုက္ခသည်စခန်းသို့
ခိုလှုံခွင့်တောင်းခံကာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း
သိရသည်။ == စစ်တွေမြို့ပေါ်သို့ ရောက်သည်အထိ လိုက်ပို့လာသူ တောလည်ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးမောင်သာဒိုးက ထိုဟိန္ဒူဘာသာဝင်များ လွတ်မြောက်လာပုံကို
Coral Arakan အား အောက်ပါအတိုင်း ပြောပြသည်။ == “ အဲဒီနေ့က
ည(၈)နာရီလောက်ရှိမယ်၊ ဓါတ်မီးရောင်တွေ အများကြီး ကျွန်တော်တို့ ရွာကနေ
လှမ်းမြင်ရတယ်။ စစချင်းတော့ ဘာမှန်းမသိဘူး။ နောက်တော့မှ သူတို့ (ဟိန္ဒူတွေ)
ပြေးလာတာတွေ့တယ်။ သူတို့နောက်က ဟိုးဘက် တောင်ရွာဘက်က (ဘင်္ဂါလီ) ကုလားတွေ
နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့ ရွာက ထလိုက်ကြတော့မှ
ဒီကောင်တွေ(ဘင်္ဂါလီတွေ) ပြန်ပြေးသွားတာ” ဟု ဦးမောင်သာဒိုးက ပြောပြသည်။ ==
ထိုနည်းတူစွာ စစ်တွေမြို့ သဲချောင်း နှင့် သက်ကယ်ပြင်ဒုက္ခသည်စခန်းများ တွင်
နှစ်လခန့်ရောက်ရှိနေခဲ့သော ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၁၈)စု လူဦးရေ
(၉၈)ဦး တို့အားအား အတူနေ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်များက အမဲသားစားခိုင်းခြင်း
ဘာသာပြောင်းရန် ဖိအားပေးခြင်းတို့ကြောင့် အတူထားရှိခဲ့ရာမှ ခွဲထုတ်ကာ
ပြီးခဲ့သော သြဂုတ်လကျမှ စစ်တွေမြို့တွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့
ပို့ဆောင်ပေးနိုင်ခဲ့သည်။ == (သာထွန်းဦး နှင့် မင်းခရီ ရေးသားသည်။)
======Anyone can use our content materials except for print media but
please mention that the authors are Coral Arakan News Agency and its
journalists. -------------------------- -------------------------- -----------------------
By : By Coral Arakan News Agency (Albums) ·
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။