Ads (728x90)

"သမ္မတကြီး ဦးသိန်းစိန်ကိုထောက်ခံပြီး ရိုဟင်ဂျာမြန်မာ တိုင်ရင်းသားမဟုက်ကြောင့် ဆန္ဒထုတ်ဖော်ပွဲကြီး (သတင်းအပြည့်အစုံ)

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍နိုင်ငံတော်
သမ္မတအားထောက်ခံပြီး ကုလသမဂ္ဂ
အထူးကိုယ်စားလှယ်ကင်တားနားအား ကန့်ကွက်ဆန္ဒထုတ်ဖေါ်သည့်အစီအစဉ်ကို

မဟာအောင်မြေမြို့နယ်တွင်ယနေ့နံနက်(၁၀)နာရီမှ စတင်ကာ(၁၁)နာရီထိ 
(၁)နာရီကြာပြုလုပ်ခဲ့သည်။




မန္တလေးမြို့ လူစည်ကားရာလမ်းမတစ်ခုဖြစ်သော ၈၄လမ်းနှင့် ၃၅လမ်းထောင့်မှစတင်ကာ အရှေ့ဘက် ၃၅ လမ်းတစ်လျှောက် ဆန္ဒထုတ်ဖေါ်ခဲ့သည်။

၃၅လမ်း ၈၁လမ်းထောင့်မှ တောင်ဘက်(၄၁)လမ်းထိ လမ်းလျှောက်ဆန္ဒုပြခဲ့ကြသည်။ တရားဝင်

ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီးဆန္ဒပြလူဦးရေ(၁၀၀)သာခွင့်ပြုသော်လည်း ထောင်ဂဏန်းကျော်ခန့်ရှိသော သံဃာတော်များနှင့် မြို့ ခံများကလိုက်ပါအားပေးကြပြီး မြို့ ခံများကလည်း ဆန္ဒထုတ်ဖော်သူများကဲ့သို့ 
ကင်တားနားကို ကန့်ကွက်သည့်ပုံပါတီရှပ်များ ၀တ်ဆင်အားပေးလိုက်ပါခဲ့ကြသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များလည်း ဆန္ဒထုတ်ဖေါ်ရာတွင်ပါဝင်ခဲ့ကြပြီးပြည်သူ့ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းများက လုံခြုံရေးတာဝန်ယူပေးခဲ့ကြသည်။ 
မန္တလေးမြို့ မစိုးရိမ်ကျောက်တိုက်ဆရာတော်ဦး
ဝီရသူက ကားဖြင့်လိုက်လံထိန်းသိမ်းပေးခဲပြီးမွန်းလွဲ(၁)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် ဆန္ဒထုတ်ဖေါ်ပွဲကို ၁၂လမ်း လမ်း ၈၀ထောင့်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
 7day news မှ။။


မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်သော 
ရခိုင်အရေးနှင့် ပတ်သက်၍ စီတန်းလှည့်လည် ထုတ်ဖော် ဆန္ဒပြပွဲတစ်ရပ်ကို 
စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

 မြန်မာတိုင်းရင်းသား လူမျိုးများထဲတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ထောက်ခံသောအားဖြင့် ပြုလုပ်သည်ဟု သိရှိရသော အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူထုပရိသတ်က တီရှပ်အရှေ့ဘက်တွင် သမ္မတကြီး ရုပ်ပုံအောက်၌ ထောက်ခံအမှန်ခြစ်၊ တီရှပ်၏ နောက်ကျောဘက်၌ မြန်မာနိုင်ငံဆိုင်ရာ 
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် ကွင်တားနားရုပ်ပုံကို ကန့်ကွက်သည့် 
အနေဖြင့် ကန့်လန့်မျဉ်းပိတ်ထားသော တီရှပ်များ ၀တ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြရာ၌ 
သံဃာတော် ပရိသတ်များကလည်း ပူးပေါင်းပါဝင်ခဲ့သည်။

ဆန္ဒထုတ်ဖော်မှု၏ စုရပ်အဖြစ် ၈၄ လမ်းနှင့် ၃၅ လမ်းထောင့်တွင် အဆိုပါနေ့ နံနက်ခင်း၌
 ပြုလုပ်ခဲ့ရာ ဆန္ဒထုတ်ဖော်ပွဲကို ပါဝင်နေသော ရဟန်းပရိသတ်၊ လူပရိသတ် ထောင်ပေါင်း
များစွာ တစ်ဖွဲဖွဲ ရောက်ရှိလာကြရာ စတင်စီတန်း လှည့်လည်သည်နှင့် ၈၄ လမ်းမှ ၃၅ 
လမ်းအတိုင်း ၈၁ လမ်းအထိ လမ်းတစ်လျှောက်တွင် စီတန်းလှည့်လည် သူများနှင့် 
လာရောက်အားပေး ကြည့်ရှုသူများ ပြည့်လျှံ၍ နေသည်။ 
 
စီတန်း လှည့်လည်မှု လမ်းကြောင်းအားဖြင့် ၃၅လမ်းမှ ၈၁ လမ်းအတိုင်း သမ္မတကြီး ဦးသိန်းစိန် ထောက်ခံပါတယ် ဟူသောကြွေးကြော်သံများဖြင့် လမ်းလျှောက်၍ 
ဆန္ဒထုတ်ဖော်ခဲ့ကြရာ ၄၁ လမ်းသို့ရောက်ရှိချိန်တွင် ခွင့်ပြုချိန် ၁ နာရီပြည့်
သွားသောကြောင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးကာ လူစုခွဲခဲ့သည်ဟု 
သတင်းရရှိခဲ့ပါသည်။
 
Eleven Media Group မှ။။။




ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ကွင်တားနား ၏ ပြောဆိုချက်ကို ကန့်ကွက်သည့် အနေဖြင့် ယနေ့ နံနက် (၁၀)နာရီမှ (၁၁)နာရီအထိ စီတန်းလှည့်လည် 
ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူအသက်(၅၀)ကျော်အရွယ်အမျိုးသားကြီးတစ်ဦးက“သဘာဝကျကျ
 မြန်မာပြည်သူ ပြည်သားတွေ အတွက် လုပ်ဆောင်ပေးတဲ့အတွက်သမ္မတ ကြီးကို ထောက်ခံတဲ့ 
အနေနဲ့ ဆန္ဒပြရတာပါ” ဟုပြောသည်။ 
 

 
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော အသက် (၃၀)ကျော်အရွယ်အမျိုးသား တစ်ဦးကလည်း “ကျွန်တော်တို့ 
အနေနှင့် သမ္မတကြီး၏ ပြောစကားကို ထောက်ခံပြီး မစ္စတာ ကွင်တားနားရဲ့ ပြောစကားကို မထောက်ခံတဲ့အတွက် အခုလိုဆန္ဒပြရခြင်း ဖြစ်သည်” ဟုပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော သံဃာတော်တစ်ပါးက “ဦးဇင်းတို့အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို 
အပြည့်အ၀ ယုံကြည်ထောက်ခံခဲ့ပါတယ်။” ဟုပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် သမ္မတကြီး ဦးသိန်းစိန်၏ ပြောစကားပိုစတာများ၊ သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကယ်တင်ပါ စသော ပိုစတာများကို ကိုင်ဆောင်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ အမိမြေကို ကာကွယ်ပါ၊
 
 အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် 
 ထောက်ခံပါတယ်။ စသော ကြွေးကြော်သံများနှင့် နိုင်ငံတော်သီချင်းများကို 
သံပြိုင်သီဆိုခဲ့ကြသည်။ 
 
ယင်းဆန္ဒပြပွဲကို စက်တင်ဘာ(၂)ရက်နေ့တွင် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ 
မဟာအောင်မြေ၊ စက်တင်ဘာ (၃)ရက်နေ့တွင် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ 
စက်တင်ဘာ(၄)ရက်နေ့တွင် အမရပူရ မြို့နယ် အစရှိသော မြို့နယ်တို့တွင် 
စီတန်းလှည့်လည် ဆန္ဒပြမည်ဟု သိရသည်။

စိုင်းလမင်း
 PopularNews မှ။။။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...