Ads (728x90)
အခုခေတ် မြန်မာပြည် မှာ အင်တာနက် သုံးနေတဲ့လူ အများစုမှာ လူငယ်တွေဟာ အင်တာနက်သုံးရင်း
ချက်တင်တွေထဲမှာပဲ တနေကုန်အချိန်ကုန်နေတက်ပါတယ်။
Facebook တို့  Gtalk တို့ လို အကောင့် အလကားရတိုင်း နှစ်ခုသုံးခုဖွင့် ပြီးတော့ ဖွံကြောင်ခြင်း
မျက်ခွက်ပြောင်ခြင်းတို့ ပြုလုပ်နေကြပါတယ်…
မြန်မာပြည်မှာ အင်တာနက် အလွန် ခေတ်စားလာတဲ့ 2010 ၀န်းကျင်လောက်ကဆို…
အင်တာနက်မသုံးဖူးတဲ့လူတွေလည်း အင်တာနက်ဆိုတာဘာကြီးလဲဆိုပြီး သိချင်လာပါတယ်…
စူးစမ်းလာကြတယ်…အဲ့ဒီမှာ အခြား အစောပိုင်းကတည်းက အင်တာနက်အသုံးပြုတဲ့လူတွေကို မေးမြန်းတယ် လေ့လာတယ်ပေါ့…
နောက်တစ်ချက်က အခုခေတ် အပြင်လောကမှာ ဖြစ်နေတာက လက်မှတ်ရှိဖို့ ပါ….
သင့်အနေနဲ့  online မှာ ဘယ်လောက်ပဲတော်တော် ကျွမ်းကျွမ်း ဘယ်လောက်ဖဲ့ဖဲ့ သင့်မှာ အနည်းဆုံး ကွန်ပြူတာ အခြေခံ သင်တန်းလက်မှတ်မှ မရှိရင် သင့်ကို ဘယ်သူမှ နည်းပညာ ကျွမ်းကျင်သူဆိုပြီး လက်သင့်မခံပါဘူး…ဒါကတော့ နည်းပညာကို သင်တန်းမတက်ပဲ အွန်လိုင်းကနေလေ့လာ သူငယ်ချင်းအချင်းချင်း အပြန်အလှန် နှီးနှော ဖလှယ်ခြင်းဖြင့် တက်မြောက်လာတဲ့ သူ နားလည်ပါတယ်…ကျွန်တော်အမြင်အမှန်အတိုင်းပဲပြောရရင် ကွန်ပြူတာအခြေခံတို့  အင်တာနက်အခြေခံတို့ ဆိုတာ တက်စရာကို မလိုတာလို့ ထင်ပါတယ်…(မှားချင်မှားနိုင်သည်)
လူငယ်များ ကိုယ်ပိုင်လေ့လာမှုအားကောင်းသင့်ပါတယ်…
နောက်တစ်ခုက နည်းပညာပိုင်းဆိုင်ရာမှာ တပါးသူကို အရမ်းမှီခိုခြင်းမျိုးဖြစ်ပါတယ်…
နက်နဲသော အခြေအနေမျိုးမှာ တခြား သူငယ်ချင်းတွေဆီကနေ နည်းပညာဆိုင်ရာ အကူအညီတောင်း
တာကိုတော့ လက်ခံနိုင်ပါတယ်…(ဥပမာ - Registry ကလိခြင်း)
ဘာမှမဟုတ်ပဲ OS တင်တာ Software Install လုပ်တာတို့ ကို အတင်းလိုက်လုပ်ခိုင်းတာမျိုးကတော့
တပါးသူအပေါ်အရမ်းမှီခိုလွန်းပါတယ်…နောက်ပြီး Defrag လုပ်တာတို့ ဘာတို့ ကိုလည်း မလုပ်တက်လို့ 
ထိုင်အော်ပြီး အကူအညီတောင်းနေတာကိုက ဆိုးပါတယ်…ဒါတွေက ကွန်ပြူတာ User တွေအတွက်
အခြေခံတွေပါပဲ…ငါတို့ က အင်္ဂလိပ်စာမကျွမ်းလို့ တို့ ဘာတို့ တော့ မပြောပါနဲ့ …သူရေးထားတဲ့ စာတွေဟာလည်း အထက်တန်းကျောင်းသားတစ်ယောက်တောင်အေးဆေးဆေးဖတ်နိုင်ပါတယ်။
ကျွန်တော်ကတော့ အဲ့လို အကူအညီတောင်းတဲ့လူတွေကို အခမဲ့ပြုလုပ်ပေးရုံမက နောက်တစ်ကြိမ် မိမိကိုယ်တိုင် ပြုလုပ်နိုင်အောင်ပါ သိသမျှ ပြောပြပေးလိုက်ပါတယ်...သို့ သော်
နောက်တစ်ကြိမ်မှာပါ ထိုဖြစ်စဉ်မျိုး (Software Install ခြင်း၊Defrag လုပ်ခြင်း)တို့ ကို အကူအညီထပ်တောင်းပါက ကူညီလိုက်ပါသော်လည်း စိတ်ထဲတွင်တော့ သိပ်မကျေနပ်ပါ…အဘယ်ကြောင့်ဆိုသော် မြန်မာလူငယ်များ မိမိကိုယ်ကို ကြိုးစားလိုစိတ်အားနည်းခြင်းကို မြင်နေသောကြောင့်ဖြစ်သည်(အချို့ မှာ ထိုကဲ့သို့  ကြိုးစားလိုစိတ်နည်းသောသူများအပေါ် အမြတ်ထုပ်သည့်အနေဖြင့် Software သွင်းခြင်း ဘာလုပ်ခြင်းညာလုပ်ခြင်းတို့ ကို ငွေကျပ် ထောင် ဂဏန်းဖြင့် ပြုလုပ်ပေးနေကြောင်းလည်းသိရှိရသည်)
ထို့ ပြင် မြန်မာလူငယ်အများစုပြောကြားနေသော် စကားတစ်ခွန်းရှိသည်…
မြန်မာပြည် ကွန်နက်ရှင်က ပိန်းတယ်ကွာ ဆိုပြီးပြောကြသည် မြန်မာပြည် ကွန်နက်ရှင်ပိန်းသည် လက်ခံသည်
သို့ သော် Gtalk တို့  FB တို့  ဖွင့်ရုံလောက်တော့ မြန်မာပြည် ကွန်နက်ရှင် အခြေအနေဖြင့် လုံလောက်ပါသည်။
Download ဆွဲတာတို့  Upload တင်တာတို့ မှာတော့ ပြဿနာရှိပါသည်။
ကျွန်တော်လည်း ကွန်နက်ရှင်ပိန်းတဲ့ ကြားထဲကမှ အသုံးပြုနေရတာပါ…
ထို့ ကြောင့် Gtalk Only သုံးသူများ Gtalk,FB နှစ်မျိုးတည်း တွဲသုံးသူများ ကွန်နက်ရှင် ပိန်းသည်ဟု အော်နေခြင်းထက် Gtalk နဲ့  FB မှာ စော်ကြူခြင်း ဘဲကြူခြင်းOnline Game များဆော့နေခြင်း ကြားမှ အနည်းငယ်ထိုးဖောက်ပြီး သူငယ်ချင်းတို့ လိုအပ်နေတဲ့ အကြောင်းအရာ နည်းပညာဆိုင်ရာများကို
အင်တာနက်မှာရှာဖွေပြီး ဘ၀တက်လမ်းများရှာဖွေနိုင်ကြပါ။(ဒါမှလည်း MPT ကို အမြန်နှုန်းမြှင့်ခိုင်းရင် ပြောလို့ ကောင်းမှာပေါ့ဗျ)
ယခု Post အပေါ်ကြိုက်နှစ်သက်သောကြောင့် ချီးကျူးလိုပါက မြန်မာ့ Cyber ပိုင်နက်ကိုကာကွယ်နေသော
ကိုသာလျှင် လွတ်လပ်စွာ ဝေဖန်  xxx  ကြပါခင်ဗျာ။
Myanmar Hacker Power Group
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...