Ads (728x90)


ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၄၄ ဦး၊လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ တော်တော်တင်းတယ်။
ဘင်္ဂါလီတွေက မုဒိမ်းကျင့်လူသတ်လိုက် ထောင်ကျပြီး တပတ်လောက်ကြာရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နှစ်နိုင်ငံချစ်ကြည်ရေးဆိုတာ အကြောင်းပြပြီး ပြန်လွှတ်လိုက်နဲ့ ဘင်္ဂါလီတွေ သောင်းကျန်းဖို့ ပိုအတင့်ရဲလာတော့မှာပဲ။

Rakhine Straight Views


ယင်းသို့ပြန်လွှတ်ပေးရာတွင် ညနေ ၆း၃၀၌ နယ်စပ်ဒေသနှင့်လူဝင်မှုကြီးကြပ်ရေးရုံးမှ ၃ဦးကိုလည်းကောင်း၊ ည ၁၀း၀၅ တွင် ထိုင်းနိုင်ငံသား ၁ ဦးနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၄၄ ဦး၊ညမထွက်ရအမိန့်ဖောက်ဖျက် ကျူးလွန်၍ အရေးယူခံထားရသူ မြန်မာနိုင်ငံသား ၄၈ ဦး ကိုလည်းကောင်းပြန်လွှတ်ပေးခြင်းဖြစ်သည်။
ညမထွက်ရအမိန့်ဖြင့်ပြစ်ဒဏ်ချမှတ်ခံထားရသူများမှာ အယူခံဖြင့်ပြန်လည်လွတ်မြောက်လာကြပြီး၊ကျန်၁၄၈ ဦးမှာ နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပုဒ်မ-၄၀၁(၁)ကိုလက်မှတ်ရေးထိုးပြီးပြန်လွတ်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ခင်ညွန့်နှင့်အတူအရေးယူခံခဲ့ရသော နယ်စပ်ဒေသနှင့် လူဝင်မှုကြီားကပ်ရေးရုံးဝန်ထမ်း ၃ ဦးမှာ အကျဉ်းထောင်မှထွက်ခွာသွားပြီးဖြစ်သော်လည်း၊ နိုင်ငံခြားသားများကို လ၀ကသို့လွှဲပြောင်းပြီးပြည်နှင်မိန့် မရမီ ၁၉၅၁ ခုနှစ် ချုပ်နှေင်ခြင်းနည်းဥပဒေ-၂(၁)/၂(၂) အရအကျဉ်းထောင်၌ ခေတ္တချုပ်နှောင်ထားဆဲ ဖြစ်သည်။

စစ်တွေမြို့မှ ညမထွက်ရအမိန့်ဖြင့် ကနဦးအရေးယူထားသူ ၆၁ ဦးရှိရာ ကျန်၁၃ဦးမှာပြန်လည်လွတ်မြောက်

လာခြင်း မရှိသေးပေ။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...