Ads (728x90)

.

    • ကျနော်တို့ အခုဆိုရင် Android Phone တွေကလဲ ဈေးသက်သာပြီး အသုံးပြုရတာလည်း ကောင်းမွန်တဲ့အတွက်ကြောင့် လူတိုင်း နီးပါး iDevice ကိုယ်စီနဲ့ Online ပေါ်မှာ လေ့လာစရာတွေကို လေ့လာနေကြပါပြီ။ ကျနော်တို့ အခုသုံးနေတဲ့ Ubuntu ပေါ်မှာ Android OS ကို Install လုပ်ပြီးပဲ ဖြစ်ဖြစ်၊ Android Phone ပေါ်မှာ Ubuntu OS ကို Install လုပ်ဆောင်ပြီးပဲ ဖြစ်ဖြစ် Dual OS ကို အသုံးပြုလို့ ရနေတာဟာ လည်း ကောင်းမွန်တဲ့ အားသာချက်တွေပါပဲ။
    • အခု ကျနော် တင်ပြပေးချင်တာကတော့ Android Phone ပေါ်မှာ Ubuntu နဲ့သက်ဆိုင်သော Application များကို Install လုပ်ဆောင်ပြီး Ubuntu Pocket Guide အနေဖြင့် ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ Computer မသုံးချင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ်……Ubuntu မှာသုံးတဲ့ Command များ၊ Reference များ လေ့လာလိုသူတို့ အတွက် တင်ပြပေးလိုက်တာပါ။









      • အခု ဒီပို့စ်တင်နေစဉ်မှာ ကွန်နက်ရှင်ကလည်း တော်တော် ကို ဆိုးရွားနေလို့ Android Phone ပေါ်မှာ Ubuntu OS ကို Install လုပ်ဆောင်အသုံးပြုပုံကို တော့ နောက်ပိုင်း မှ ရေးပေးပါတော့မယ်။ အခု ဒီပို့စ်မှာ Ubuntu နဲ့ တိုက်ရိုက်သက်ဆိုင်သော Application (၈)မျိုးကို တင်ပေးလိုက်ပါတယ်။ အဲဒါတွေကတော့—-
      1. Android Ubuntu Installer
      2. Ubuntu Installer Free
      3. Ubuntu Installer Paid
      4. Ubuntu One Files
      5. Ubuntu Pocket Guide
      6. Ubuntu Pocket Reference
      7. Complete Linux Installer
      8. Backtrack Installer တို့ဖြစ်ပါတယ်။
        • အထက်ပါ Application တွေထဲမှာ ဒီပို့စ်မှာ အဓိကထားတဲ့ရည်ချက်ကတော့ 1) မိမိရဲ့ Ubuntu One အကောင့်ကို Android ပေါ်ကနေ Manage လုပ်ဆောင်နိုင်ရန်၊ 2) Ubuntu Command များကို Android Phone ပေါ်မှာ လေ့လာလိုသူတို့အတွက် Ubuntu Pocket Guide နဲ့ 3) Ubuntu နဲ့ပတ်သက်ပြီး Refer လုပ်ဆောင်ပေးနိုင်သော Ubuntu Pocket Reference တို့ပဲ ဖြစ်ပါတယ်။
        • ကျန်တဲ့ Application တွေနဲ့ ပတ်သက်လို့တော့ နောက်ပို့စ်တွေ ရေးပေးပါမယ်။ ကြိုတင် Download ယူထားနိုင်စေရန် တင်ပေးလိုက်တာပါ။
        • အဆင်ပြေပါစေဗျာ။

      By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...